Professional Authors

“ချိတ်ပိတ် အိပ်ရာ”

ဘာမှ မဟုတ်ပါဘူးကွာလို့ ပြောရင်းနဲ့
ငါ တဖြည်းဖြည်း လောင်ကျွမ်း
မီးပုံထဲ ရောက်မှ
ပိုးဖလံမှန်း သိခဲ့ ( နောက်ကျခဲ့ပြီ )

ရန်သူတို့ ဝိုင်းဝိုင်းလည်နေသော အရပ်မှာ
နယူတန်ကိုပဲ ဓားတလက် ကမ်းပေးလိုက်တယ်
ခွမ်း ……….
( ကြည့်မှန်တချပ် ကွဲကြေသံကြား )

ကိုယ့်ကိုကိုယ် ဆန့်ထုတ်ကြည့်တော့
လမင်းဝါဝါကို မမှီမကမ်း
လမ်းလိမ္မာလေးမှာ ခြေရာနက်နက် ဆူးလို့

လူတွေ လူတွေ
အခွံမာသီးတွေလို ကျွတ်ဆတ်
အစိမ်းစားတတ်သူ ထမင်းမငတ်ဘူး

ကျွန်တော်
သေဆုံးပြီးရင်း သေဆုံး
အုတ်ဂူတံခါးတို့ ချိတ်ပိတ်
ဘယ်တော့မှ ပြန်မလာဘဲ အိပ်မယ်

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Oct 13, 2009
Comment #1

အင်း .. ငယ်ငယ်က ကစားခဲ့တာလေးကျနေတာပဲ …
မောင်ရင်လာ … တံခါးပိတ် … ဂျိတ်

commentinfo By: harry at Oct 15, 2009
Comment #2

ခွမ်း ……….
( ကြည့်မှန်တချပ် ကွဲကြေသံကြား )…ချီရွန်ရေ..လက်ထိသွားသေးလား….

commentinfo By: laypyay at May 24, 2010
Comment #3

ကျွန်တော်
သေဆုံးပြီးရင်း သေဆုံး
အုတ်ဂူတံခါးတို့ ချိတ်ပိတ်
ဘယ်တော့မှ ပြန်မလာဘဲ အိပ်မယ်

commentinfo By: ရိုးမြေကျ at Nov 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment