Professional Authors

ချစ်သူယက်တဲ့ပဝါ (မင်းခိုက်စိုးစန်)

နွေဦးရဲ့တိမ်တွေလို
ကိုယ့်အိမ်ကိုယ်ပြန်ရတာနဲ့ပဲ အဆုံးသတ်
ကောင်မလေးရေ…
အလွမ်းတွေကိုပဲ “ငတ်”တယ်…
ဘဝဟာ မင်းရဲ့ ခြေသည်းခွံလေးတွေလောက်တောင်မှ
ကျကျနန မဖြူစင်ခဲ့ပါဘူး
အိပ်မက်တွေ ရွှံ့လို လူးခဲ့တယ်။
ကလေးရေ… ငါဆိုတဲ့ ခွေးရူးတစ်ကောင်
ကိုယ့်အမြီး ကိုယ်ပြန်ကိုက်
စိတ်နာ… နာ နေလိုက်ပုံများရယ်…
အဖြူရောင်လေထုထဲ
နှင်းတွေ တဖွဲဖွဲကျနေတဲ့ အသံ
ငါ့ရင်ဘတ်က မခံမရပ်နိုင်အောင် “နာ” လာရော…
သံယောဇဉ်ကို ချည်မျှင်တွေလို ယှက်သန်းတွယ်စေတဲ့
ငါ့ရဲ့ ယက္ကန်းသည်မလေးရေ…
ဝေးခဲ့တယ်။
ငါ့ရဲ့ ယက္ကန်းသည်မလေးရေ…
ဝေးခဲ့တယ်။
မင်း ယက်တဲ့ ပုဝါတစ်စအလှမ်းဟာ
လက်တစ်ကမ်းစာ မကပါဘူး
ကိုယ့်ဘဝ ကိုယ်ပြန်ပေးယူရတဲ့အထိ ဝေးခဲ့တယ်…။

မင်းခိုက်စိုးစန်

Comment #1

ငါ့ရဲ့ ယက္ကန်းသည်မလေးရေ…
ဝေးခဲ့တယ်။
ငါ့ရဲ့ ယက္ကန်းသည်မလေးရေ…
ဝေးခဲ့တယ်။
မင်း ယက်တဲ့ ပုဝါတစ်စအလှမ်းဟာ
လက်တစ်ကမ်းစာ မကပါဘူး
ကိုယ့်ဘဝ ကိုယ်ပြန်ပေးယူရတဲ့အထိ ဝေးခဲ့တယ်…။

commentinfo By: အသဲကွဲမိုး at Sep 25, 2012
Comment #2

မင်း ယက်တဲ့ ပုဝါတစ်စအလှမ်းဟာ
လက်တစ်ကမ်းစာ မကပါဘူး
ကိုယ့်ဘဝ ကိုယ်ပြန်ပေးယူရတဲ့အထိ ဝေးခဲ့တယ်…။

commentinfo By: နွေ at Aug 19, 2013
Comment #3

ချစ်စရာအရမ်းကောင်းတယ်

commentinfo By: သစ်ခက် at Aug 19, 2013
Comment #4

ကောင်မလေးရေ..အလွမ်းတွေကိုပဲငတ်တယ်

commentinfo By: မေယွန် at Aug 19, 2013
Comment #5

ဘဝဟာ မင်းရဲ့ ခြေသည်းခွံလေးတွေလောက်တောင်မှ
ကျကျနန မဖြူစင်ခဲ့ပါဘူး

commentinfo By: ဂျူး at Aug 20, 2013
Comment #6

သံယောဇဉ်ကို ချည်မျှင်တွေလို ယှက်သန်းတွယ်စေတဲ့
ငါ့ရဲ့ ယက္ကန်းသည်မလေးရေ…
ဝေးခဲ့တယ်။
ငါ့ရဲ့ ယက္ကန်းသည်မလေးရေ…
ဝေးခဲ့တယ်။

commentinfo By: Fourteen4 at May 7, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment