Professional Authors

ငါ့ ဘက်က………………………………………….မင်းလူန

ငါက
အဆပ်သင့် နိုင်မှန်းသိရက်နဲ့ 
ဖွဖွလေးကောက်နမ်းလိုက်တယ်
အဲ့ဒီလိုကျိန်စာမျိုးနဲ့ မှထိုက်တန်လို့ 
ငါကိုယ်ငါ
ဒဏ်ရာဒဏ်ချက်တွေနဲ့ 
ပြန်ကျီစယ်မိတာကိုက
မင်းကိုချစ်တဲ့ 
အကောင်းဆုံးအကြောင်းပြချက်ရဲ့
အကိုင်းအခတ်တွေပါ
မှင်သေသေနဲ့ 
ကျကွဲသွားတဲ့ ငါ့ နှလုံးသား
ရင်ကွဲနာကျခန်းမှာ
မင်းဘာကိုထပ်ပြီးမျော်လင့် သေးလဲ
ပြောင်းလဲခြင်းသီအိုရီမှာ
မင်းရဲ့ မေတ္တာတရားက
ငါ့ အတွက်
ခရီးထွက်ခဲ့ ပြီလား
ခံစားချက်ချင်းစီးချင်းထိုးရင်တော့ 
အမြဲတမ်းငါနိုင်တယ်သခင်

                                   မင်းလူန

In: ကဗျာ Posted By: Date: Jan 12, 2011
Comment #1

မင်းရဲ့ မေတ္တာတရားက
ငါ့ အတွက်
ခရီးထွက်ခဲ့ ပြီလား
ခံစားချက်ချင်းစီးချင်းထိုးရင်တော့ 
အမြဲတမ်းငါနိုင်တယ်သခင်
…………..
ဒီကဗျာလေးလည်းကောင်းတာပဲ..ခံစားရတယ်..

commentinfo By: အသဲကွဲမိုး at Jan 12, 2011
Comment #2

ခံစားချက်ချင်းစီးချင်းထိုးရင်တော့ 
အမြဲတမ်းငါနိုင်တယ်သခင်
အားပေးသွားတယ် ကောင်းတယ်…

commentinfo By: genius.jinx28 at Jan 12, 2011
Comment #3

right,,
right,,,
a mye tan a shone pay htar de thu ka a mye tan aung naing thu pe.
a mye tan lane de thu ka a mye tan shone nay hmar pe,,kou ko saunt kou lane loh ma ya bu lay.

commentinfo By: ei lay at Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment