Professional Authors

အပျင်းပြေ အပန်းဖြေ

မအားဘူးရယ်
ခုမှ သိတယ်
ရွာထဲ ဂျပန်ငပုတွေဝင်လာတဲ့အတိုင်းပဲ
တဒိန်းဒိန်း တဒိုင်းဒိုင်းနဲ့ပါလား
မောင်ရင့်အသွားတွေကလည်း
ခုထိ ကလေးဆန်နေဆဲ
ဆိုတော့
ဟိုလို ရေးပါလား
အေး ဒီလိုရေးလေ
ကိုယ်လည်း မရေးတတ်ဘူး
တာကောကြီး ခင်ဗျား ထောင့်မကျိုးပါလား
ထောင့်မကျိုးတာ လုံးချောဖြစ်နေလို့ပါကွယ်
လုံးချောကို ထောင့်မကျိုးဘူးလို့ ဘယ်သူပြောရဲသလဲနော့
ကဲ ပရိသတ်ကြီးခင်ဗျား
ဒီနေရာမှာ
စတိုင်အပြည့်နဲ့ ဆေးလိပ်မီးခိုးတွေ
အကွင်းလိုက် အကွင်းလိုက် မှုတ်ထုတ်ပြနေတဲ့
သကောင့်သားက ဇာတ်လိုက်မင်းသားဖြစ်ကြောင်း
အောက်ခြေစာတမ်း ထိုးရန် လို/မလို
ပုံပြင်ထဲကလို
ဘုန်းကြီးတစ္ဆေ ဘုရားစာမကြောက်ဘူးဆိုတော့လည်း
လောက်စာလုံး ရှူးရှူးပန်းပြီး
လှမ်းပစ်ကြရုံပေါ့ မောင်ရင်ရယ်။

In: ကဗျာ Posted By: Date: Jan 12, 2011
Comment #1

ပုံပြင်ထဲကလို
ဘုန်းကြီးတစ္ဆေ ဘုရားစာမကြောက်ဘူးဆိုတော့လည်း
လောက်စာလုံး ရှူးရှူးပန်းပြီး
လှမ်းပစ်ကြရုံပေါ့ မောင်ရင်ရယ်။
့ဦးလေး….တော့ သိတော့မှာဟုတ်ဘူး..ဒီဆိုဒ်ကိုစွန့်သွားပြီဆိုတော့
ဒါပေမယ့် ကျွန်တော်တော့ လာဖတ်သွားတယ်ဗျာ….
သတိရတယ်

commentinfo By: အသဲကွဲမိုး at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment