Professional Authors

ကဗျာသို့ တမ်းချင်း

စာလုံးလေးတွေ သီ
မမလေး ဆံပင်ထက်
လှလှလေး ဖြစ်နိုင်သလို ….

မြေပေါ်ပြန့်ကျဲ
တန်ဖိုးမဲ့ ခွေးသေးပန်းလည်း
ခံရတတ်တယ် . . .

တိုက်စစ်ဆင်နွှဲ
စကားလက်နက် ဖြစ်နိုင်သလို

ငြိမ်းချမ်းရေးအချက်ပြ
အဖြူရောင် ပြယုဂ်လည်း ဖြစ်နိုင်တယ်

ကဗျာ…. ချစ်ခြင်း၊ မုန်းခြင်းတွေ
အကြိမ်ကြိမ်ခံရတတ်ပြီး၊ တခါတရံ အဓမ္မကျင့်ခံရတဲ့
မိန်းမတစ်ယောက် အဖြစ်
ပြဌာန်းထားလည်း

တန်ဖိုးထား သူ တစ်ယောက်အတွက်
မင်း ဘယ်တော့မှ မြေဇာပင် မဖြစ်ဘူး
ကဗျာ………

 

 

(11-1-2011)

လိပ်ပြာ

Comment #1

တန်ဖိုးထား သူ တစ်ယောက်အတွက်
မင်း ဘယ်တော့မှ မြေဇာပင် မဖြစ်ဘူး
ကဗျာ………
..mite tal

commentinfo By: အသဲကွဲမိုး at Jan 11, 2011
Comment #2

ကြိုက်တယ်။
စိတ်ကူးလေးနဲ့ ခဲစားချက်ရုပ်လုံးဖော်ပုံလေးကို

တန်ဖိုးထား သူ တစ်ယောက်အတွက်
မင်း ဘယ်တော့မှ မြေဇာပင် မဖြစ်ဘူး
ကဗျာ………။

commentinfo By: မင်းလူန at Jan 11, 2011
Comment #3

ခံစားချက်ရုပ်လုံးဖော်ပုံလို့ ရေးလိုက်တာပါ။။။
ဆောရီးပါဗျာ
အမှားကကျနော့ ရဲ့ ကိုယ်ပိုင်စတိုင်လ်တစ်ခုလိုတွယ်ကပ်နေတက်ပြီဗျ။

commentinfo By: မင်းလူန at Jan 11, 2011
Comment #4

ရပါတယ်ဗျ … အားပေးတာပဲ ကျေးဇူးတင်လှပါပြီဗျာ…. ကိုမင်းလူနရော အသဲကွဲမိုး(သဲ)ကိုရော ကျေးဇူးတင်ပါတယ်ခင်ဗျ။။။
😛

Comment #5

တန်ဖိုးထား သူ တစ်ယောက်အတွက်
မင်း ဘယ်တော့မှ မြေဇာပင် မဖြစ်ဘူး
ကဗျာ………

လွတ်လပ် ပေါ့ပါးစွာ……….
နူးညံ့သိမ်မွေ့ စွာ………
ကြည်လင်ရှင်းသန့် စွာ……
အဲလို စွာ ပေါင်းများ စွာ…………….
……………………………………………………..

commentinfo By: moehtetaung18 at Jan 11, 2011
Comment #6

ငြိမ်းချမ်းေ၇း အချက်ပြ
အဖြူေ၇ာင် ပြယုဂ်လဲ ဖြစ်နိုင်တယ်။

ကြိုက်၏။

commentinfo By: dan at Jan 11, 2011
Comment #7

တိုက်စစ်ဆင်နွှဲ
စကားလက်နက်
ဖြစ်နိုင်ပါတယ်..မှန်ပါတယ်ရွှေလိပ်ပြာ.. 😛

commentinfo By: ရွှေငါး at Jan 12, 2011
Comment #8

ကိုလိပ်ပြာရေ…….. မိုးကို ခင်လို့မင်လို့နောက်လို့..ရပါတယ်….
အမြဲကြိုဆိုလျှက်ပါ…ကဗျာမောင်နှမတွေပဲနော်…ဒါပေမယ့်…သဲ လို့ မခေါ်ပါနဲ့
ဘယ်လိုကြီးမှန်းမသိဘူး…အဲလိုအခေါ်အဝေါ်ကြီးကလေ..(သမီးရည်းစားတွေမှာသုံးတာမျိုးကြီး)…
နော်
စိတ်မရှိပါနဲ့….
ပြီးတော့ နားလည်ပေးပါ

commentinfo By: အသဲကွဲမိုး at Jan 19, 2011
Comment #9

ဟားး ဟုတ်ပါပီ မိုးရယ်၊ ကျွန်တော် လူမှားတာပါ၊ ညမိုးသဲနဲ့ မှားတာပါ၊ ဆော်တီးပါနော်….

Comment #10

ဟုတ်ဟုတ်…….ရတယ်…..
(တူက လူမှာားခေါ်တာကိုး…)

commentinfo By: အသဲကွဲမိုး at Jan 19, 2011
Comment #11

အောက်ဆုံးအပိုဒ်လေးကြိုက်တယ်ဗျာ

commentinfo By: sone.pyuu at Mar 27, 2012
Comment #12

သိပ်ကောင်းတဲ့ကဗျာမို့ လေးစားပါကြောင်း…

commentinfo By: 13th at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment