Professional Authors

တောင်းပန်ပါတယ်…….(terry)

ကြွက်ကိုနိုင်ဖို့
ကျီ ကိုမီးနဲ့ရှို့ခဲ့မိပြီ။
ဘယ်သူရှုံးလဲ..ဟုတ်လား…..
ကိုယ့်ရုပ်အလောင်းကို
ကားစင်တင်တာတောင်
အခြားသူအမှတ်နဲ့
ရပ်ကြည့်နေခဲ့မိတာကိုး…….။

ကိုယ့်အမှားတွေနဲ့ကိုယ်
ရှုပ်ရှက်ခပ်ရင်း
အမှန်တရားတောင်
ဘာအရောင်ပြောင်းသွားမှန်း
လှည့်မကြည့်ဖြစ်ခဲ့ဘူး……။

ပြာဖြစ်တော့ထင်းတစ်စက
အရင်သစ်ပင်ဘ၀ကို
ပြန်လွမ်းခွင့်မရှိမှန်း သိပါတယ်..။

ကိုယ့်နားထင်ကို ပြန်တေ့ထားတဲ့
သေနတ်တစ်လက်ရဲ့
“ဖြောင်း” ခနဲ့ မောင်းချသံထက်
ရိုးစင်းစွာထွက်ကျလာတတ်တဲ့
အဆင်တန်ဆာမဲ့
နင့်စကား ခပ်ပြတ်ပြတ် တွေကို
ငါပိုကြောက်တယ်…။

မစားကောင်းမှန်းသိပေမယ့်
ခဏလောက်
မြည်းစမ်းကြည့်ချင်ခဲ့တဲ့
အရှုံးသမားတစ်ယောက်ရဲ့
ရေငုံနှုတ်ပိတ် ခံစားချက်နဲ့ ပြောမယ်….
နောင်တစစ်မယ်ဆိုရင်
အမှောင်ချထားရင်တောင်
တမ်းတခြင်းလောက်တော့
အရောင်ထွက်တယ်……..။

နင့်စိတ်က ငါ့အတွက်ဆို
သတိရခြင်းထက်
နာကျည်းခြင်းနဲ့ ပိုနီးစပ်မှာပါ..
အကြောင်းတစ်ခုခုကြောင့်
ငါ့ကိုလွမ်းဖြစ်ရင်
မထိုက်တန်သူတို့ရဲ့
သွားရာလမ်းမှာ
ငါရှိမယ်။

အရိုးသားဆုံးစကားလုံးကို
ကြားဖူးနေကြ အသုံးအနှုံးနဲ့ပဲသုံးမယ်
အမှားတွေအတွက်
ငါနင့်ကိုတောင်းပန်ပါတယ်………..။

                                                          TERRY(5.1.2011)

In: ကဗျာ Posted By: Date: Jan 9, 2011
Comment #1

နောင်တစစ်မယ်ဆိုရင်
အမှောင်ချထားရင်တောင်
တမ်းတခြင်းလောက်တော့
အရောင်ထွက်တယ်……..။

အဲဒီစာသားလေးကို ကြိုက်တယ်ဗျာ

Comment #2

အလန်းပဲဗျ…။မိုက်ဒယ်…။ ပုံဖော်ထားတာ…ပီပြင်ဒယ်…။

commentinfo By: ကိုဇီဇာ at Jan 9, 2011
Comment #3

အ၇မ်းကောင်းပါတယ် .

commentinfo By: nandar at Jan 9, 2011
Comment #4

ပြာဖြစ်တော့ထင်းတစ်စက
အရင်သစ်ပင်ဘ၀ကို
ပြန်လွမ်းခွင့်မရှိမှန်း သိပါတယ်..။

commentinfo By: not leaf in tree at Jan 10, 2011
Comment #5

အရမ်းကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Jan 10, 2011
Comment #6

ကိုယ့်အမှားတွေနဲ့ကိုယ်
ရှုပ်ရှက်ခပ်ရင်း
အမှန်တရားတောင်
ဘာအရောင်ပြောင်းသွားမှန်း
လှည့်မကြည့်ဖြစ်ခဲ့ဘူး……။
လန်းတယ် ……….. 😀

commentinfo By: ရွှေငါး at Jan 10, 2011
Comment #7

အားပါး…. တကယ်မိုက်တယ်..း)

commentinfo By: nyo at Jan 10, 2011
Comment #8

နင့်စိတ်က ငါ့အတွက်ဆို
သတိရခြင်းထက်
နာကျည်းခြင်းနဲ့ ပိုနီးစပ်မှာပါ..
အကြောင်းတစ်ခုခုကြောင့်
ငါ့ကိုလွမ်းဖြစ်ရင်
မထိုက်တန်သူတို့ရဲ့
သွားရာလမ်းမှာ
ငါရှိမယ်။ ,,,,,,,,,,,,,,,, ကြိုက်တယ် ။

commentinfo By: rabbit at Jan 10, 2011
Comment #9

ကိုယ့်ရုပ်အလောင်းကို
ကားစင်တင်တာတောင်
အခြားသူအမှတ်နဲ့
ရပ်ကြည့်နေခဲ့မိတာကိုး……
……………………..
အနော်လဲ အဲ့လို ရပ်ကြည့်ခဲ့ဖူးတယ်
သနားလို့တောင် ငိုလိုက်သေးတယ်

commentinfo By: virtualheart at Jan 10, 2011
Comment #10

@ကိုတောင်ပံမဲ့လိပ်ပြာ, ကိုဇီဇာ… nandar……not keaf in tree……ကိုအသဲကွဲမိုး…..ရွှေငါး(ကို လား..မ လားမသိလို့ ဟဲဟဲ)….nyo ကောrabbit ရော..virtualheart ကိုရော…အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်….အားပေးတဲ့comment တွေဖတ်ရတာ တကယ်ကို အားရှိတယ်ဗျာ….
ဒီထက်ကောင်းအောင် ကြိုးစားပါအုံးမယ်….

commentinfo By: terry at Jan 10, 2011
Comment #11

တိမ်..မ အသဲကွဲမိုးပါ ဟာ…….ငါတော့ ဘ၀ပြောင်းပါပြီ

commentinfo By: အသဲကွဲမိုး at Jan 10, 2011
Comment #12

ဟုတ်ကဲ့..မရွှေငါးပါရှင့်… 😀

commentinfo By: ရွှေငါး at Jan 11, 2011
Comment #13

အစ်မရွှေငါး ကျွန်တော် invite လုပ်ထားတယ် accept လုပ်လိုက်ဦးနော်

Comment #14

ဟေ..အဲဒါရွှေလိပ်ပြာလေးလား… 😀
ဟဲဟဲ..အစ်မ invite ပြန်လုပ်လိုက်ပီနော်

commentinfo By: ရွှေငါး at Jan 11, 2011
Comment #15

အိုကေအစ်မ ကျေးဇူး

Comment #16

ကို Terry က အသဲကွဲကဗျာတွေဘဲ ရေးတယ်နော် ကောင်းပါတယ် ကြိုက်တယ် ဒါပေမဲ့ အကွဲတွေရေးပါများတော့ Terry ကို အကွဲလို့ဘဲ မြင်မိတယ်။ ဟဲ …ဟဲ….

commentinfo By: kyaw at Jan 12, 2011
Comment #17

အရမ်းကြိုက်ပါတယ် အရေးအသားတွေကကောင်းလွန်းလို့အားကျမိပါတယ်။

commentinfo By: စုနိုင် at Jan 16, 2011
Comment #18

အရိုးသားဆုံးစကားလုံးကို
ကြားဖူးနေကြ အသုံးအနှုံးနဲ့ပဲသုံးမယ်
အမှားတွေအတွက်
ငါနင့်ကိုတောင်းပန်ပါတယ်………..။
ဒီလိုပဲဖြစ်သင့်တယ် terry .။ ကျွန်တော်ဆိုလည်း ဒီအတိုင်းပဲပြောလိုက်မှာ…။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #19

တစ်ပိုဒ်ချင်းစီတော့ ဆွဲထုတ်မပြောတော့ဘူးဗျာ ကဗျာတစ်ပုဒ်လုံးလိုလိုကို ဖတ်ရတာအသက်ဝင်တယ် အားပေးသွားတယ် ။

commentinfo By: X - ray at Aug 22, 2011
Comment #20

တောင်းပန်ပါတယ်……….
တောင်းပန်ပါတယ်……….
တောင်းပန်ပါတယ်……….နောက်တစ်ခါ ဒိလောက်ကောင်းအောင်မရေးနဲ့ တော့ တာင်းပန်ပါတယ်……….
မခံစားနိုင်တော့ဝူး … 😛

commentinfo By: sharon myorr myor at Sep 27, 2011
Comment #21

nice simple poem

commentinfo By: ei lay at Jan 27, 2012
Comment #22

နင့်စိတ်က ငါ့အတွက်ဆို
သတိရခြင်းထက်
နာကျည်းခြင်းနဲ့ ပိုနီးစပ်မှာပါ..
အကြောင်းတစ်ခုခုကြောင့်
ငါ့ကိုလွမ်းဖြစ်ရင်
မထိုက်တန်သူတို့ရဲ့
သွားရာလမ်းမှာ
ငါရှိမယ်။ သိပ်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ

commentinfo By: သွေသစ်မင်း at Aug 18, 2012
Comment #23

😉
😉
😉

commentinfo By: ei lay at Oct 1, 2012
Comment #24

ဆန္ဒရှိသလို သာ ပြုမူပါ…

commentinfo By: sofarawayfromyou at Jan 10, 2013
Comment #25

ေ်

commentinfo By: အဖြူရောင် at May 15, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment