Professional Authors

မသဲကွဲ ဖြောင့်ချက် (သက်ထွေး)

ဆန္ဒအိမ်အိုက
ငါ့တိမ်ညိုတို့ကို
ပြိုစေတော့တာပဲ ..

မျဉ်းကွေးတစ်ခုရဲ့
ဖြောင့်ချက်ဟာ
နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်းဒီဂရီများ
ဖြစ်နေလေရော့မလား ..

ဖြူစင်ချင်လို့
မင်းစာမျက်နှာမှာ
ငါဗလာချပ်
ဖြစ်စေခဲ့လေရဲ့ …

ညီမလေးရယ် …
ရင့်ကျက်ခြင်းဆိုတာလည်း
အထီးကျန်ခြင်း
တစ်မျိုးပါပဲ …

ကိုယ့်အမှောင်နဲ့
ကိုယ်မပီသ
မင်း … နှောင်ကြိုးနဲ့လည်း
ကိုယ်ဟာ
မညီမျှပါဘူး …

ရေငတ်နေတဲ့
ကျွန်းတစ်ကျွန်း
မီးပြတိုက်ကို
မျှော်လင့်ဘူးခဲ့သလိုမျိုး ..
ခေါင်းစဉ်မဲ့ညကို
အလံဖြူစိုက်ဖို့
ကြိုးစားမိခဲ့တာပါ …

ညီမလေးရေ …
နောက်ဆုံးတော့
ဥသြက
ငါ့နွေလယ်ပြင်ကို
ပိုလို့ရင့်မှောင်စေတော့တာပါပဲ ။ ။

သက်ထွေး
မေ ၂၉ ၂၀၀၉ မနက် ၉း၂၆

In: ကဗျာ Posted By: Date: May 28, 2009  
Comment #1

ကဗျာ ငတ်နေတဲ့ အရဲ ကိုတီတီကဗျာနဲ့ ၀မ်းဝခဲ့ရပါပြီ.. ဟီး..
ရေရေလည်လည် ထိတယ်ရော်..

commentinfo By: အရဲ at May 28, 2009
Comment #2

🙂 … mite tae .. thet gyi

commentinfo By: thazin at May 28, 2009
Comment #3

သူကြီး.. ဘယ်ညီမလေးကိုတမ်းတနေလဲဆို!! ပြောပြလေ.. အဟိ.. cupid လုပ်ပေးမှာပေါ့.. ရွာမှသူကြီးကတော်လိုနေတာ..
အမလေးလေး.. ဒါနဲ့.. အပီအပြင်ကောင်းတယ် ကဗျာက.. လန်းချက်..
နှစ်ဆယ့်သုံးဒီဂရီနှစ်ပိုင်းတစ်ပိုင်းဆိုတာ ဘာဖြစ်လို့လဲဗျ.. မသိလို့ပါ..
ကဗျာတွေကို တစ်ဖြေးဖြေးနားလည်လာသလိုလိုရှိလာပြီ.. သိလား.. ဒီတော့ အပီအပြင်ကိုကျွေသွားတယ်.. ခိခိ.. 😀

commentinfo By: Kitty Yang at May 29, 2009
Comment #4

ကိုတီတီ.. ကိုယ့်အစ်ကိုမို့လို့ပြောတာတော့ဟုတ်ဝူးရယ်.. theme ရော .. poem ရော လန်ပြန်ထွက်နေတာပဲ.. ခိုက်တယ်ဂျာ.. ကဗျာလေးကို.. ဘာတဲ့ ..

ခေါင်းစဉ်မဲ့ညကို
အလံဖြူစိုက်ဖို့
ကြိုးစားမိခဲ့တာပါ

အထာကျတာ.. galood galood :good:

commentinfo By: h3mlock at May 29, 2009
Comment #5

ဘုတ်… ကြွေသွားတာပါ 😛 အဟတ်… မှန်လိုက်လေခြင်းကွာ… ရင့်ကျက်ခြင်းက အထီးကျန်ခြင်းတစ်မျိုးဆိုတာ…
တော်တော်လေး ခံခံစားစားရေးထားတာပေါ့နော်…
ဆက်လုပ်ပါမောင်လေး…
မင်းညီမလေးကိုလည်း ပေးဖတ်လိုက်ပါ… ဟတ်ဟတ်ဟတ်… သည်းခိုက်သွားမယ် 😛
ခစ်ခစ်ခစ်…
အားပေးလျက်
Dinosaur 😛

commentinfo By: Ei Mon Soe at May 31, 2009
Comment #6

ဖြူစင်ချင်လို့
မင်းစာမျက်နှာမှာ
ငါဗလာချပ်
ဖြစ်စေခဲ့လေရဲ့ …

ညီမလေးရယ် …
ရင့်ကျက်ခြင်းဆိုတာလည်း
အထီးကျန်ခြင်း
တစ်မျိုးပါပဲ …

ကိုယ့်အမှောင်နဲ့
ကိုယ်မပီသ
မင်း … နှောင်ကြိုးနဲ့လည်း
ကိုယ်ဟာ
မညီမျှပါဘူး …

ရေငတ်နေတဲ့
ကျွန်းတစ်ကျွန်း
မီးပြတိုက်ကို
မျှော်လင့်ဘူးခဲ့သလိုမျိုး ..
ခေါင်းစဉ်မဲ့ညကို
အလံဖြူစိုက်ဖို့
ကြိုးစားမိခဲ့တာပါ …

ကောင်းလေစွ..ကောင်းလေစွ

commentinfo By: Hninzisue at Jun 6, 2009
Comment #7

shal pae kwar , mite tae , khite twar p brit kyi 😀 keep it up..

commentinfo By: kee kee at Jul 29, 2009
Comment #8

ဒီကဗျာ သေအောင် ကြိုက်တယ်

commentinfo By: mgmgaung at Jun 4, 2010
Comment #9

ကောင်းတယ် ကိုသက်ထွေး အရေးအသားကော အိုင်ဒီယာကော လန်းတယ်

commentinfo By: Lumaw at Jun 4, 2010
Comment #10

စကားလုံးတွေကိုအားကျလျက်….

commentinfo By: အမရာ at Jun 17, 2010
Comment #11

မ အမရာရေ .. ကဗျာတွေ အားပေးတဲ့အတွက် အထူးကျေးဇူးပါ 😀

commentinfo By: သက်ထွေး at Jun 17, 2010
Comment #12

အကို ကဗျာတွေ တော်တော်များများကြိုက်ပါတယ် ။ စာသားတွေမိုက်တယ် အတွေးအခေါ်တွေလည်း ခိုက်တယ်ဗျ ။ အစဉ်အားပေးလျက် ။ ၀ှိုက်ထိ ။

ရင့်ကျက်ခြင်းဆိုတာလည်း
အထီးကျန်ခြင်း တမျိုးပါတဲ့လားးးးးးးးးးးးးး။
good

commentinfo By: yonlay at Sep 25, 2010
Comment #13

ကြိုက်တယ်။။။။။။။။။။။။။။။။။။။။။။။။။
မင်းလူန

commentinfo By: kathitni1980 at Sep 26, 2010
Comment #14

ရေငတ်နေတဲ့
ကျွန်းတစ်ကျွန်း
မီးပြတိုက်ကို
မျှော်လင့်ဘူးခဲ့သလိုမျိုး ..
ခေါင်းစဉ်မဲ့ညကို
အလံဖြူစိုက်ဖို့
ကြိုးစားမိခဲ့တာပါ …

ညီမလေးရေ …
နောက်ဆုံးတော့
ဥသြက
ငါ့နွေလယ်ပြင်ကို
ပိုလို့ရင့်မှောင်စေတော့တာပါပဲ ။ ။

ကောင်းလိုက်တာ..ကောင်းလိုက်တာ အဲဒါပဲ ပြောတတ်တော့တယ်…. (:
ကြိုက်တယ်.. အတည်ကို..

commentinfo By: ဖြိုးဖြိုး at Dec 25, 2010
Comment #15

ညီမလေးရယ် …
ရင့်ကျက်ခြင်းဆိုတာလည်း
အထီးကျန်ခြင်း
တစ်မျိုးပါပဲ …

commentinfo By: အသဲကွဲမိုး at Jan 31, 2011
Comment #16

ကျနော် ဖတ်ရင်းမျက်ရည် ကျ မိတယ်

commentinfo By: sharon myorr myor at Mar 21, 2012
Comment #17

ရေငတ်နေတဲ့
ကျွန်းတစ်ကျွန်း
မီးပြတိုက်ကို
မျှော်လင့်ဘူးခဲ့သလိုမျိုး ..
ခေါင်းစဉ်မဲ့ညကို
အလံဖြူစိုက်ဖို့
ကြိုးစားမိခဲ့တာပါ …

ညီမလေးရေ …
နောက်ဆုံးတော့
ဥသြက
ငါ့နွေလယ်ပြင်ကို
ပိုလို့ရင့်မှောင်စေတော့တာပါပဲ ။ ။

commentinfo By: alan smith at Apr 6, 2012
Comment #18

ရင့်ကျက်ခြင်းဆိုတာလည်း
အထီးကျန်ခြင်း
တစ်မျိုးပါပဲ …

commentinfo By: နွေ at Aug 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment