Professional Authors

ပြောင်းလဲခြင်းများ

မိုးကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ
ဖြူစိမ်းတူညီဝတ်စုံနဲ့
ရွှေရောင်အိပ်မက်တွေမက်တတ်တဲ့
အရွယ်တုန်းကတော့
ငါတို့စိတ်တွေကအဖြူရောင်ပါ
ဒီလိုနဲ့တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတော့
ငါတို့ရဲ့စိတ်တွေဟာ
အရောင်ပေါင်းများစွာနဲ့စွန်းထင်းလာကြတာများ
မူလအရောင်ကအဖြူပါလို့
ကျိန်ပြောရမလောက်ပါပဲ
အဲဒါတောင်
ငါတို့တွေကနောင်တမရဘဲ
ဆက်လို့သာအရောင်ဆိုးခဲ့ကြတာ
အခုဆို……
ကာလာတွေတောင်စုံလို့…. ။      ။

In: ကဗျာ Posted By: Date: Jan 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment