Professional Authors

“ ဒီနေ့ … ကျွန်တော် … ပြီးတော့ … လူတွေ ” ( လူမော်ငြိမ်း )

ကြွက်ကန်းလို ကျင့်တတ်မှ လူဝင်ဆံ့ကြမယ် ။

အရသာထက် ထုပ်ပိုးမှုကို စားသုံးတဲ့ ခေတ်မှာ အပေါဆုံးက မျက်နှာဖုံးပဲ ။

 

လူကြား သူကြားထဲ ရောက်နေတာမှ ဟုတ်ပါရဲ့လား …

ဖုန် အလိမ်းလိမ်းတက်နေတဲ့ မိတ္တဗလဋီကာကို ဓားကိုက်ပြီး လာ မပြောကြပါနဲ့ ။

ရင်ထဲမှာ မရှိတဲ့ စကားကို ပါးစပ်ဖျားမှာ ထားရင် သိပ်နားခါးတယ် ။

 

သူတစ်ပါးရဲ့ အရှုံးကို စားသုံးဖို့လည်း အားထုတ်နေကြဆဲ…

တွက်ခဲ့သမျှ ပု စ္ဆာတွေရဲ့ တစ်ခုတည်းသောအဖြေက

“ သုည ”

( မသိကြတာလား … မေ့လျော့ နေကြတာလား … မေ့ချင် ယောင်ဆောင်နေကြတာလား )

အလွန်ဆုံးနေရ … ခင်ဗျား ဘဝမှာ

ရှစ်ရာ လေးဆယ့်နဲ့ ကိုးလပေါ့ … ဘာတွေများ မျှော်လင့်နေကြတာလဲ ။

 

ပျော်သူတွေက အခွင့်ရှိတုန်း ပျော်နေကြပါ ။

မော်သူတွေက အခွင့်ရှိတုန်း မော်ကြပေါ့ ။

ကျွန်တော်ကတော့ ဒီမိုး ဒီလေ ဒီလူတွေကြားမှာ

အခြေအနေနဲ့ အချိန်အခါအရ

စိတ်ဓာတ်နဲ့ အရေပြားကို ကကြိုး ပြောင်းနေရတဲ့ ဘဝကို

( လုံးဝ ) စိတ်ကုန်လာရတယ် ။

 

တကယ်ပါ

ပြောပြရင် ပိုတယ် ထင်မယ် ။

တစ်နေ့ထက် တစ်နေ့ …

ခွေးတွေကိုပဲ … ပို ပိုပြီး … ချစ်ချင် ခင်ချင် လာတယ် ။

 

 

လူမော်ငြိမ်း

 

Saturday , January 8 , 2011

 

 

In: ကဗျာ Posted By: Date: Jan 8, 2011
Comment #1

ဟာ… တော် တော် လေး ကိုနှစ် သက် စရာ ကောင်း တဲံကဗျာ မျိုး ပဲ.. ဒီ လို ကဗျာ အမျိုး အစား နဲ့ရေးဟန် ကို နှစ် သက် တယ်…..တော် တော် ကောင်း တယ် ဗျာ

commentinfo By: Demon 13 at Jan 8, 2011
Comment #2

Demon နဲ့ ရင်ဘတ်ချင်း ထပ်တူကျလို့ ၀မ်းသာရပါတယ်။

Comment #3

ကြွက်ကန်းလို ကျင့်တတ်မှ လူဝင်ဆံ့ကြမယ် …
အရသာထက် ထုပ်ပိုးမှုကို စားသုံးတဲ့ ခေတ်မှာ
အပေါဆုံးက မျက်နှာဖုံးပဲ ။

လူကြားသူကြားထဲ ရောက်နေတာမှ ဟုတ်ပါရဲ့လား …
ဖုန်အလိမ်းလိမ်းတက်နေတဲ့ မိတ္တဗလဋီကာကို
ဓားကိုက်ပြီး မပြောကြပါနဲ့ …
ရင်ထဲမှာ မရှိတဲ့ စကားကို
ပါးစပ်ဖျားမှာ ထားရင် သိပ်နားခါးတယ် ။

ကြိုက်တယ် ဒီစာသားလေးတွေကို…… ကျွန်တော်ကြိုက်တဲ့ ဘ၀ခါးခါးလေးတွေကို အမြဲရေးတတ်တဲ့ ….ကိုလူမော်ငြိမ်း အားပေးနေတယ်ဗျာ

Comment #4

butterfly (တောင်ပံမဲ့ လိပ်ပြာ) နဲ့
ဘ၀တူ Blogger မို့ ထင်ပါရဲ့ …
ပြောစရာ စကားတောင်ရှာမရဘူး … ကျေးဇူးတင်ပါတယ်ဗျာ ။

Comment #5

ကိုလူမော်ငြိမ်း ကဗျာက နှစ်ပုံနှင့် စကားပြေက တစ်ပုဒ်ထဲပါလား ဆက်ေ၇းပါအုံး။

commentinfo By: dan at Jan 11, 2011
Comment #6

ကျေးဇူးတင်ပါတယ် … dan
ပရိသတ်ပေးတဲ့ အားနဲ့
ကျွန်တော် ဆက်သွားနေဦးမှာပါ ။

Comment #7

အခြေအနေ ၊ အချိန်အခါ နဲ့အတူ
စိတ်ဓာတ်နဲ့ ဖြစ်တည်မှုကို
ကကြိုးပြောင်းနေရတဲ့ ဘ၀ကို
( လုံးဝ ) စိတ်ကုန်ပါတယ် ။

commentinfo By: အသဲကွဲမိုး at Jan 12, 2011
Comment #8

ဒါပေမယ့် …
ဒီမိုး … ဒီလေ … ဒီလူတွေပဲလေ …
ရောက်နေတာနေရာကိုက မှားနေတော့
ခြေလှမ်းတွေကို ရပ်ထားရ ခက်တာပေါ့ … ။

( Reply Comments For အသဲကွဲမိုး )

Comment #9

စိတ်ကူးလေးတွေ ကောင်းတယ် . ..

commentinfo By: nanpyisoke at Apr 6, 2011
Comment #10

မဟုတ်ရပါဘူးဗျာ …
Nan Pyi Soke က
ချစ်သော မျက်စိနဲ့ ကြည့်တတ်လို့ပါ ။

Comment #11

အရသာထက် ထုပ်ပိုးမှုကို စားသုံးတဲ့ ခေတ်မှာ
အပေါဆုံးက မျက်နှာဖုံးပဲ ။
မှန်လိုက်တာ..နော်
ကဗျာတွေကအမြဲအပျံစားတွေချည်းပဲ.. Like … 🙂

commentinfo By: ရွှေငါး at Apr 9, 2011
Comment #12

ကျေးဇူးတင်ပါတယ် ရွှေငါးရယ် …
လှိုက်လှဲမှုတွေကို
တစ်သက်လုံး အမှတ်ရနေပါ့မယ် ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment