Professional Authors

အစားထိုး လက်ဆောင်

ဘာတဲ့ ……သူတို့ပြောလိုက်တဲ့ စကား
အစားထိုးတာပေါ့တဲ့……
 မာယာနှုတ်ခမ်းဖျားမှာ ပျား၇ည်စက်တင်
ချစ်တာကို ဖြစ်ညှစ် ဆို၇င်း နင့်ကိုငါ အဖြေပေးခဲ့တယ်
နောက်နေ့မှာ မက်မဆုံးအောင် သက်ဆုံးတိုင်ချစ်ပါလို့
က၇ုဏာသက်အောင် ပြောခဲ့တာလဲ….ငါ….
တစ်သက်မှာတစ်ယောက်သာ ငါ့ဘ၀မှာ၇ှိတာပါလို့ပြော၇င်းး
နင့်ကို ၇ှက်ပြုံးလေးနဲ့ ပြောခဲ့တာလဲ…ငါ….
နောက်ကွယ်မှာလျှောက်လည်ကာ
နင့်သူငယ်ချင်းတွေစကား
ယုံမှား၇င် ငါနဲ့တစ်သက်ဝေးမယ်ပြော၇င်းး
ချိန်းခြောက်ခဲ့တာလဲ…ငါ…..
ငါ့ဆီက ချစ်သူအဖြစ်
အငွေ့အသက်လေးတောင်
မ၇ခဲ့တဲ့ ….နင်
တုန်လှုပ်စွာ ငါ့နှုတ်ခမ်းဖျားက
ထွက်ကျလာမယ့် အဖြေကို
စောင့်နေတဲ့ နင့်ကိုကြည့်၇င်းးးးးးးး
ငါ့၇င်ထဲ….မချိမဆန့်ပါပဲ…………

ငါပြောသမျှ ယုံစားနေလို့
ပုံမှား၇ိုက်ခဲ့တာလဲ…..ငါ…..
မျှော်လင့်ချက်တွေ တစ်တစ်ကြီးထွားကာ….
နင့်ဘ၀မှာ ငါမှလွဲ၇်ျ
အခြားသူကို မေ့လောက်၇ှိကာမှ
နင့်အနားနား ကပ်ပြီး
ငါပြောခဲ့တာက
အဆက်ဟောင်းကိုမမေ့ပါအောင်
စေတနာ ဗ၇ပွနဲ့…နေလာခဲ့တာပါလို .့
ခုတော့ ငါလဲ အပျင်းပြေခဲ့ပြီမို့……
ဝေးကြစို့လို့…..
နင်  ငါ့အနားလာတုန်းက…….
ပြောခဲ့တဲ့ စကား…..
မှတ်မိလား….. 
ငါကနင့်အဟောင်းနဲ့တူတယ်ဆို
်တစ်သက်စာ မမေ့ အောင်
ငါ ….နင့်အတွက် အစားထိုးလက်ဆောင်ပေးခဲ့တာပါ….
ကျေနပ်တယ်..ဟုတ်…
မကျေနပ်လဲ………………………….
                                                      <ဘု၇င်မ မာယာ>

In: ကဗျာ Posted By: Date: Jan 8, 2011
Comment #1

အစ်မ၇ဲ့ ခံစားမှုတွေဖတ်ဖို့ သဲတော့ နေတိုင်းလာတော့မယ်ထင်တယ်……
အစ်မက ထူးခြားတယ်နော်…
ထူးခြားတဲ့ အထဲကမှ
အစ်မက ကဗျာကို တစ်နေ့ တစ်နေ့ပဲတင်တယ်ထင်တယ်
ညီမ၇ိပ်မိသလောက်ပြောတာပါ..
အစ်မ စတင်တဲ့ နေ့ကနေ
ဒီနေ့ အထိ တစ်နေ့ တစ်ပုဒ်ပဲတင်တာတွေ့၇တယ်
အစ်မ g talk သုံး၇င် အကောင့်လေး ပြောထားပေးခဲ့ပေးပါ အစ်မ
ကျေးဇူးတင်ပါတယ်

commentinfo By: မိုးသည်း at Jan 8, 2011
Comment #2

ညီမေ၇ အစ်မက g talk သိပ်မသုံးဖြစ်ပါဘူး
လိုချင်၇င်တော့ ခုဆိုက်ဒ်မှာတင်ထားတာ အစ်မ အကောင့်ပါ
ပြီးတော့ အစ်မကိုထူခြားတ.ယ်ဆိုတာ ဘာကိုပြောတာပါလဲ
အစ်မ ကဗျာကို တစ်နေ့တစ်ပုဒ်ပဲတင်တယ်လို့လဲမဟုတ်ပါဘူး
ကိုယ့်အဖြစ်အပျက်လေးတွေ ကိုယ်ခံစား၇တာလေးတွေပဲ စိတ်ကူးမိ၇င် စိတ်ထဲ၇ှိတဲ့အတိုင်း ညဘက်လဲထ ပြီးတင်ဖြစ်၇င်လဲတင်ဖြစ်ပါတယ် ညီမ၇ယ်….ကျေးဇူးပါပဲ

commentinfo By: greatgirl682 at Jan 10, 2011
Comment #3

ကြိုက်တယ် အမ ရာ
တကယ်ကောင်းတယ်

commentinfo By: virtualheart at Jan 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment