Professional Authors

မနှိုင်းစမ်းပါနဲ့ (၂)

မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ တခြားသူငါ့ကိုတွဲနေရင်းနဲ့ပါဟာ
ငါ နင့်ကို ချစ်တာ နင့်ရဲ့ဘေးမှာ ငါတစ်ယောက်တည်း ပေးဆပ်ရင်းနဲ့လေ…..။

မနှိုင်းစမ်းပါနဲ့
နင်ကသူ့ကို မျှော်လင့်ခြင်းတွေ မွေးမြူနေရင်းချစ်တယ်
ငါကနင့်ကို ငါ့မျှော်လင့်ခြင်းတွေ ရပ်တန့်စေရင်း ချစ်တာပါ

မနှိုင်းစမ်းပါနဲ့
နင်ကသူ့ကို သူ့ခံစားချက်တွေမသိဘဲနဲ့ ချစ်တယ်
ငါကနင့်ကို နင့်ခံစားချက်တွေ သိသိရက်နဲ့ ချစ်တာပါ

မနှိုင်းစမ်းပါနဲ့
နင်ကသူ့ကို သူ့အကြောင်းတွေရင်ဖွင့်ရင်းနဲ့ ချစ်တယ်
ငါကနင့်ကို နင့်အကြောင်းတွေ မျိုသိပ်ရင်းနဲ့ ချစ်တာပါ 

မနှိုင်းစမ်းပါနဲ့
နင်က သူ့ကို နင့်ဘ၀ ကြီးအတွက် ချစ်တယ်
ငါက နင့်ကို ငါ့ဘ၀ထက် ပိုချစ်တာပါ

မနှိုင်းစမ်းပါနဲ့
နင်က သူ့ကို သူလက်ခံလာမယ့်အချိန် အားလုံးအဆင်သင့်ပြင်ဆင်ပြီးတော့ ချစ်တယ်
ငါက နင့်ကို နင်ထွက်သွားမယ့်အချိန် အရာရာ စွန့်လွတ် အရှုံးပေးပြီး ချစ်ခဲ့တာပါဟာ….။   ။

In: ကဗျာ Posted By: Date: Jan 6, 2011
Comment #1

မနှိုင်းစမ်းပါနဲ့
နင်ကသူ့ကို မျှော်လင့်ခြင်းတွေ မွေးမြူနေရင်းချစ်တယ်
ငါကနင့်ကို ငါ့မျှော်လင့်ခြင်းတွေ ရပ်တန့်စေရင်း ချစ်တာပါ

မနှိုင်းစမ်းပါနဲ့
နင်က သူ့ကို သူလက်ခံလာမယ့်အချိန် အားလုံးအဆင်သင့်ပြင်ဆင်ပြီးတော့ ချစ်တယ်
ငါက နင့်ကို နင်ထွက်သွားမယ့်အချိန် အရာရာ စွန့်လွတ် အရှုံးပေးပြီး ချစ်ခဲ့တာပါဟာ….။ ။

ကဗျာလေးတကယ်ကိုကောင်းပါတယ်……တိုက်လည်းတိုက်ဆိုင်တယ်ဗျာ…။

commentinfo By: terry at May 12, 2011
Comment #2

ဒီကဗျာကအရမ်းအရမ်းကိုကောင်းပါတရ်…….မနှိုင်းစမ်းပါနဲ့

နင်က သူ့ကို နင့်ဘ၀ ကြီးအတွက် ချစ်တယ်
ငါက နင့်ကို ငါ့ဘ၀ထက် ပိုချစ်တာပါ

အဒီစာလေးကိုအရမ်းအ၇မ်းခိုက်တရ်

commentinfo By: su pone at Aug 17, 2011
Comment #3

hote,,
ma hnine par bu,,,
hnine phoe hma ma lo tar pe naw.
pyu sin de myit tar ko bar ne hma hnine loh ma ya tar.

commentinfo By: ei lay at Nov 8, 2011
Comment #4

a yan,,,
a yan,,,
a yan ko kyike par e

commentinfo By: ei lay at Jan 11, 2012
Comment #5

:'(
:'(
:'(
:'(
:'(

commentinfo By: ei lay at Oct 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment