Professional Authors

မာန

ငါ နင်နဲ့ပြတ်တဲ့နေ့က နင်က ငါ့ကိုပြောတယ်လေ
“ချစ်လို့ချစ်မှန်းမသိတဲ့ မိန်းမတဲ့”………..
ဟုတ်ပါတယ် ………………….
နင်က နင့်စိတ်ကိုေ၇ှ့တန်းတင်တဲ့ယောင်္ကျား
ငါက ငါ့၇င်ထဲကဆန္ဒကိုဖုံးကွယ်တဲ့ မိန်းမ
သေချာတာက ငါ့တို့နှစ်ယောက်ဟာ
အမြဲတမ်းဆန့်ကျင်ဘက်ပဲ
နင့်ကိုငါဘယ်လောက်ချစ်ချစ်
ဘယ်လောက်လွမ်းလွမ်း
ငါ့မာနကြောင့် နင့်ကိုမေ့ပစ်လိုက်ပြီ
ငါကြားဖူးတဲ့စကား၇ှိတယ်
မာနကြီးတဲ့မိန်းမတွေက
မာနမကြီးတဲ့မိန်းမတွေထက်
ပိုပြီးတော့ ဒုက္ခတွေကို ခံစား၇တယ်တဲ့
ငါ အဲလိုဖြစ်နေပေမယ့် ငါကျေနပ်နေတယ်
                                                       (ဘု၇င်မ မာယာ)

In: ကဗျာ Posted By: Date: Jan 6, 2011
Comment #1

ဟုတ်တယ်………… ဒါတကယ်တော့ အမှန်ပဲ….

Comment #2

အဲ့ဒီ မာနတွေကို သဘောကျတာ…..

commentinfo By: nyo at Jan 7, 2011
Comment #3

ကျေးဇူးတင်ပါတယ်nyo အားပေးတဲ့အတွက် လူတိုင်းမှာမာန၇ှိသလို ယောင်္ကျား မိန်းမတိုင်းမှာလဲမာယာ၇ှိပါတယ်
ကိုယ့်မှာမ၇ှိသလိုနဲ့ သူများမာနကို၇ှုံ့ချတာက၇ှက်ဖို့ကောင်းပါတယ်

commentinfo By: greatgirl682 at Jan 7, 2011
Comment #4

ဟုတ်ပါတယ်ဗျာ… လူတိုင်းမှာ မာနရှိပါတယ် ……….. တလွဲမာနနဲ့ တယူသန်မာနနဲ့ တစ်ကိုယ်ကောင်းမာနဆိုပြီး ကွဲသွားတယ်ဗျ………. ကျွန်တော်ကတော့ တလွဲမာနရှိသူတစ်ယောက်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော် ညီမရေးတဲ့ ကဗျာကို ထောက်ခံတယ်ဗျာ…. comment ရေးတာက ကဗျာကို ဖတ်ပြီးပြီးချင်း ရေးလိုက်တာပါဗျာ… အပေါ်က comment ကို ထောက်ခံအားပေးတဲ့ အနေနဲ့ ရေးတာ မဟုတ်ရပါဘူးဗျာ။ ဆောရီးပါ မှားခဲ့မယ်ဆိုရင်……

Comment #5

ဟုတ်ကဲ့ပါ ကို/မ တောင်ပံမဲ့လိပ်ပြာ ဘု၇င်မ ကလဲ ဘယ်သူ့ဘယ်သူ၇ယ်လို့ သတ်မှတ်ပြီး ပြောလိုက်တာမဟုတ်ပါဘူး
ဘု၇င်မဘက်က မှား၇င်လဲဆော၇ီးပါ
ဝါသနာပါလို့ ကဗျာေ၇းသူချင်း ပဋိပက္ခ မဖြစ်ချင်ပါဘူး ကျေးဇူးတင်ပါတယ်

commentinfo By: greatgirl682 at Jan 7, 2011
Comment #6

ထားပါတော့ ……. ကျွန်တော် ယောက်ျားဗျ… မဘုရင်မလည်း ကျွန်တော့်လိုပဲ ဇဝေဇ၀ါဖြစ်တတ်တဲ့ သူတော့ မာနချင်း တူနေမလားပဲနော်……….. ပဋိပက္ခလည်း ဖြစ်စရာအကြောင်းမရှိပါဘူးဗျာ…. အားလုံးက ညီအစ်ကို မောင်နှမတွေပါဘဲ…. ကျေးဇူးတင်ပါတယ်ဗျာ

Comment #7

ဟုတ်ပါတယ် အားလုံးက မောင်နှမ တွေပါပဲ…

commentinfo By: genius.jinx28 at Jan 7, 2011
Comment #8

ဘု၇င်မ မာယာ ဆိုတဲ့ ကဗျာဆ၇ာမလေးေ၇………………မာနတွေကအ၇မ်းပြင်းထန်ပြီး လှတယ် မိန်းမတစ်ယောက်၇ဲ့ မာယာနဲ့ မာနကိုဖော်ပြလိုက်တဲ့ ကဗျာလေးကိုေ၇းပေးတဲ့အတွက်ကျေးဇူးပါ
နောက်ပြီး ယောက်ျားတွေပဲ လှည့်စားခံ၇တာမဟုတ်ပါဘူး မိန်းကလေးတွေလဲလှည့်စားခံ၇ပါတယ် ။အဲဒါကြောင့်မိန်းကလေးတွေက ယောင်္ကျားလေးတွေကို မယုံတော့ဘဲ သူတို့ကို တကယ်ချစ်တယ်လို့ထင်တဲ့လူဆီသွားကြတာပါ ။အဲဒီကစပြီး မိန်းကလေးတွေလှည့်စားတယ်ဖြစ်၇တာပါ။တကယ်တော့မိန်းကလေးတွေကအပြစ်မ၇ှိပါဘူး။အကုန်လုံးကိုပြောတာတော့မဟုတ်ပါဘူး ။ဒါပေမယ့် မိန်းမတိုင်း ကိုယ်ချစ်သူတစ်ယောက်တည်းနဲ့ တူတူနေချင်တာပါ

commentinfo By: မိုးသည်း at Jan 7, 2011
Comment #9

မ နွေကလေ မလိုမျိုးရေးတတ်ချင်ပါတယ်
မကိုလဲအပြင်မှာတွေ့ဖူးချင်တယ် မကဘယ်မှာနေတာလဲ အကောင့်အပ်ပေးပါလားဟင်
နွေကခင်ချင်လို့ပါနော် အကောင့်က roseylay21 ပါ

commentinfo By: အိမ်မက်နွေ at Jan 10, 2011
Comment #10

ညီမေ၇ … အစ်မ အပ်ပးပါ့မယ်

commentinfo By: greatgirl682 at Jan 10, 2011
Comment #11

hote de naw.
u must feel hurt so so much.

wishing u meet the right one very soon.

commentinfo By: ei lay at Jul 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment