Professional Authors

နားလည်မှု (မင်းခိုက်စိုးစန်)

(၁)
စိတ်ကူးအရင့်အမာကြီးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်…
ပိုလေးတယ်။

(၂)
ကောင်မလေးရယ်…။
နောက်ကျခဲ့တာက
တစ်စုံတစ်ရာကို ချစ်ဘို့
… ငါတို့ ဘာမှ အဆင်သင့်မဖြစ်ခဲ့ကြတာ တစ်ခုပါပဲ။

(၃)

“ခေါင်းကလေး ဝင်ပါရစေ …”

(၄)
“လက်ကလေး … ဝင်ပါရစေ …”

(၅)
“ခြေထောက်ကလေး … ဝင်ပါရစေ”

(၆)
အချစ်ဟာ ကုလားအုတ်တစ်ကောင်ပါပဲ
ငါ့ရင်ဘတ် ရွက်ထည်တဲ့မှာ လာ မိုးခို၊
ငါကတော့ စွန့်လွှတ်ဘို့အတွက် သက်သက်ပဲ
ကြိုဆိုခဲ့တယ်…
“ဝင်ခဲ့လေကွယ်…”

(ရ)
ပြီးတော့
အဲဒီ ကုလားအုတ်ရဲ့ ခြေဖမိုးကို နမ်းရှုပ်
ရွက်ထည်တဲရဲ့ အပြင်ဘက်ကို
(ငါ့ဘာသာငါ)
သုံးရာသီလုံးလုံး နောက်ဆုတ်ပြီး ထွက်ခဲ့တယ်။

(၈)
ကြည့်စမ်း
ငါဟာ … ပိုးစိုးပက်စက် မြင့်မြတ်နေလိုက်ပုံများ။

(၉)
ကောင်မလေးရေ…
တို့တွေ နားလည်လိုက်ရအောင်။
မင်း နဲ့ ငါ တကယ်နားလည်သွားသလို ပုံမျိုးနဲ့
နားလည်ပစ်လိုက်ကြရအောင်လေ…။

မင်းခိုက်စိုးစန်

Comment #1

ကဗျာကောင်းလေးများပါပဲ
ခုလို တင်ပေးတဲ့အတွက် ကျေးဇူးပါ

commentinfo By: poht at Jun 15, 2010
Comment #2

ကိုမင်းခိုက်စိုးစန်က အလွမ်းကဗျာဖွဲ့ တာ ကောင်းတော့ ကြည့်ရတာ အလွမ်းသမားကြီးပေါ့
အလွမ်းနဲ့ မကင်းသော လူတွေအတွက် ကျေးဇူးပါ။

commentinfo By: soe at Jun 23, 2010
Comment #3

ကျွန်တော်ကတော့ အလွမ်းသမားလို့မထင်ပါဘူး..အလွမ်းဘု၇င်ပေါ့..

commentinfo By: thelkothel at Dec 17, 2010
Comment #4

ကောင်မလေးရေ…
တို့တွေ နားလည်လိုက်ရအောင်။
မင်း နဲ့ ငါ တကယ်နားလည်သွားသလို ပုံမျိုးနဲ့
နားလည်ပစ်လိုက်ကြရအောင်လေ…။

အရမ်ကောင်းတဲ့ကဗျာလေးကို ဒီကဝါသနာတူသူငယ်ချင်းတွေနဲ့မျှဝေခံစားရတာ
တန်တယ်ဟေ့… 🙂

commentinfo By: နတ်သမီး at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment