Professional Authors

မရယ်ရ ကဗျာ

လူတကာ ပြောနေကြတယ်
အချစ် အချစ်
ငါလဲ ချစ်ဖူးချင်လိုက်တာ

လူတကာ ရေးနေကြတယ်
ကဗျာ ကဗျာ
ငါလဲ ရေးတတ်ချင်လိုက်တာ

လူတကာ သွားနေကြတယ်
ဟန်းနီးမွန်း ဟန်းနီးမွန်း
ငါလဲ သွားကြည့်ချင်လိုက်တာ

ဒီလိုပြောလို့ မချစ်တတ်ဖူး……… မထင်နဲ့
ဒီလိုပြောလို့ မရေးဖူးဘူး ……….မထင်နဲ့ 
ဒီလိုပြောလို့ …..အဲ……….ဟဲဟဲ။

(သူငယ်ချင်းများ တခါပြုံးက တစ်မိနစ် အသက်ရှည်စေသော်။)

In: ကဗျာ Posted By: Date: Jan 4, 2011
Comment #1

အားပေးသွားတယ်ဗျာ………….တစ်မိနစ်တော့ ပိုရှည်သွားပြီထင်တယ်ဗျာ (အသက်)

Leave Comments

Name*

Email*
Website
Email me whenever there is new comment