Professional Authors

ထိုးသားတစ်ယောက်ရဲ့ည (သက်ထွေး)

ဒီဇင်ဘာဟာ
လက်ကျန်ဆောင်းနဲ့ ..
မီးပုံပွဲနဲ့ ..
ခရစ္စမတ်ထရီးနဲ့ ..
ကောင့်ဒေါင်းနဲ့ ..

ဒါ ..
ထိုးသားတစ်ယောက်ရဲ့
နောက်ဆုံးမီးစာပဲ ..

ခြုံထားတဲ့ သားရဲကိုဆွဲတင်
ကိုယ့်နှင်းနဲ့ကိုယ် ရွှဲစိုပစ်လိုက်တယ် ..

ဒီဇင်ဘာဟာ ဒီဇင်ဘာပြန်ဖြစ်မလာတော့ဘူး …

သက်ထွေး
ဒီဇင်ဘာ ၃၁ရက် ည ၁၁း၄၇

In: ကဗျာ Posted By: Date: Jan 1, 2011
Comment #1

yayyyyyyyyyyyyyyy.. (:
2011 ရဲ့ ပထမဆုံး post ကဗျာလေးးးးးးး (:
clappingggggggggggggggggggggggggggggggggggggggggggggg
ပျော်လိုက်တာာာာာ… အတည် အတည်.. (((((((((((((:
အားတွေလည်းမရှိဘဲ အားတင်းထားရပုံပေါ်တဲ့ ကဗျာလေးကိုဖတ်ပြီး ပျော်ရတာတော့ အားနာပါတယ်.. အတည်..

/*
ဒီဇင်ဘာဟာ
လက်ကျန်ဆောင်းနဲ့ ..
မီးပုံပွဲနဲ့ ..
ခရစ္စမတ်ထရီးနဲ့ ..
ကောင့်ဒေါင်းနဲ့ ..
…………..
ဒီဇင်ဘာဟာ ဒီဇင်ဘာပြန်ဖြစ်မလာတော့ဘူး …
*/

(:
ဒီနေရာလေးမှာ ၂၀၁၀ အတွင်း bro ကဗျာတွေ ၂၈ ခုဖတ်ရတာာာ.. အဲဒါခု ကောင်းတာလေးတွေ၊ ကြိုက်တာလေးတွေကို နံပါတ်လေးတွေစီမို့ပဲ
ဒါပေမယ့် ဘယ်တစ်ခုကိုမှ မျက်နှာသာမပေးရက်ဘူး..
အားလုံး အားလုံး တူတူပဲကောင်း တူတူပဲ excellent တွေဖြစ်နေပြီး တူတူပဲကြိုက်နေလို့.. (:
clappingggg for what you’ve been done.. (:

commentinfo By: ဖြိုးဖြိုး at Jan 1, 2011
Comment #2

bro ရေ ၂၀၁၁ အတွက် ပထမဆုံးပို့စ်တင်ဖို့ မအိပ်ပဲစောင့်ပြီးတင်ထားတယ်ထင်တာာ………..

ကဗျာက ကောင်းကြောင်းတော့ပြောတော့ဘူးးးးးးးး …… 🙂
မင်္ဂလာနှစ်သစ်ပါ သူကြီးးးမင်း 😛

commentinfo By: နေညို at Jan 1, 2011
Comment #3

ခြုံထားတဲ့ သားရဲကိုဆွဲတင်
ကိုယ့်နှင်းနဲ့ကိုယ် ရွှဲစိုပစ်လိုက်တယ် ..

ဒီဇင်ဘာဟာ ဒီဇင်ဘာပြန်ဖြစ်မလာတော့ဘူး …

ခံစားချက်ခြင်းတိုက်ဆိုင်ပါတယ် အစ်ကို
အားပေးနေတယ်နော် အစ်ကို
🙂

commentinfo By: သားသား at Jan 1, 2011
Comment #4

ဒီဇင်ဘာဟာ..ဒီဇင်ဘာပြန်ဖြစ်မလာတော့ဘူးတဲ့လား…………

commentinfo By: Ema Yar at Jan 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment