Professional Authors

Happy New Year

မင်္ဂလာပါဟေ့……
ဒို့ တွေ နှစ်သစ်ကို ကြို
ဒို့ တွေ ပျိုမြစ်လိုက်ကြစို့
မင်္ဂလာပါဟေ့…….
ဘာတွေအောင်ခဲ့ လဲ
ဘာတွေ ကျဆုံးလဲ
ရလဒ်ကိုသုံးသပ်
နှစ်သစ်မှာ အပေါင်းထွက်ရမယ်
မင်္ဂလာပါဟေ့……..
နှစ်ဟောင်းက အညစ်အကျေးတွေ
နှစ်ကောင်းမယ့် နှစ်သစ်မှာ
စိတ်ညစ်တာတွေ ဖျောက်ပစ်လိုက်ပါ
မင်္ဂလာပါဟေ့……
ဝမ်းနည်းခဲ့ဖူးလား
စိုးရိမ်နေဦးမလား
ပျော်ရွှင်စွာ စီးမျော
နှစ်ဟောင်းကို ထားခဲ့ပါတော့
မင်္ဂလာပါဟေ့……
အပျော်တွေ ခဏရပ်
ဒီစာလေးဖတ်လိုက်ဦး
ဒို့နဲ့ ဆိုင်တဲ့ ဇန်နဝါရီ (၄)မှာ
Happy New Year
အော်ဟစ်လိုက်ကြပါ
အော်ပစ်လိုက်ကြပါ
မင်္ဂလာပါဟေ့………
လွတ်လပ်စွာရပ်တည်ရင်း
လွတ်လပ်မှုကို စားသုံးရင်း
သူတို့ နှစ်သစ်ကို မုန်းတီးစွာနဲ့
အော်ဟစ်လိုက်စမ်း
အော်ပစ်လိုက်စမ်းပါ….
Happy New Year
ဲJanuary (4)
မင်္ဂလာပါဟေ့……
ငါတို့ကို စိုးမိုးခဲ့ဖူးတာ
ငါတို့ကို ချုပ်ချယ်ခဲ့ဖူးတာ
ငါတို့ အမျိုးတွေကို
စော်ကားခဲ့ဖူးတယ့်
နှစ်တစ်ရာ အကြွေး ရှင်
သူတို့ နှစ်သစ်ကို
ဟားတိုက်ဖို့
January 4 မှာပဲ
အော်ဟစ်လိုက်စမ်းပါ
အော်ပစ်လိုက်စမ်းပါ
သူတို့ ကြားအောင်သာ
အော်လိုက်ကြစမ်ပါဗျာ
Happy New Year…………………..
Happy New Year…………………..
Happy New Year………………….

……………………………….မြူမင်းသွင်

In: ကဗျာ Posted By: Date: Dec 31, 2010
Comment #1

happy new year ပါ အကုန်လုံးနှစ်သစ်မှာ ပျော်၇ွှင်ပါစေဗျာ

commentinfo By: genius.jinx28 at Dec 31, 2010
Comment #2

Happy new Year!!!!!!!! ကျွန်တော် မကြို ဆို လဲ ရောက် လာ မယ့်နှစ် သစ် ကို….၀ီ စကီ နဲ့.. ဂုဏ် မပြု တော့ ဘူး.. ၀ိုင် လောက် နဲ့ ပဲ………………အဟဲ ဟဲ……..

commentinfo By: Demon 13 at Dec 31, 2010
Comment #3

မှန် လိုက် တာ………အဲ ဒီ အစီအစဉ် ကောင်း တယ် .. လုပ် ရ အောင် အစ် ကို မြူ မင်း သွင်
နိုင် ငံ ကို ကျွန် ပြု ခဲ့ တဲ့… လွန် ခဲ့တဲ့ နှစ် ပေါင်း ၆၀ ကျော် က လူ တွေ လဲ .. အခု မရှိ တော့ ပါ ဘူး ဗျာ……
ကျွန်တော် က တော့ ကျ ဆုံး ခဲ့ တဲ့ ကျွန်တော် တို့ ရဲ့ ခေါင်း ဆောင် တွေ ကို ပဲ……….အလေး ပြု တော့ မယ်
် ကိုယ့် လူ မျိုး ကို January 4 မှာဂုဏ် ပြု တာ က.. နှိုင်း ယှဉ် မရ အောင် မြတ် တယ် လို့ ယူ ဆ လို့…

commentinfo By: Demon 13 at Dec 31, 2010
Comment #4

ကျွန်တော်ကို မလာဖြစ်တာ ကြာပြီဗှာ
ကဲ ခုပဲ နောက်ကျပေမယ့် ကြိုဆိုလိုက်ပါတယ်

Comment #5

happy new year

commentinfo By: ei lay at Dec 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment