Professional Authors

ငါ စုံရပ်နေဦးမှာပါ…………

မင်းရဲ့ စကားတွေ ဓါးသွားထက်ပြင်းလို့
ငါ့ရဲ့ ရင်ကို မွခြေ………

ငါ့မှာ နာကျင်မှုတလှည့်
ချိုမြိန်မှုတလှည့်…. ခံစားရခက်

ဟိုးးးးးး အဝေးကြီးကို လှမ်းမျှော်ကြည့်လိုက်ရင်
ငါ့ဘက်က အလံဖြူတွေ ထပ်ထပ်ပြီး စိုက်ထူရဦးမယ်ဆိုတာ
သိပင်သော်ငြားလည်း … ငါ စုံရပ်နေဆဲ……….

မင်းရဲ့ အချစ်၊ မင်းရဲ့ နာကျင်မှု၊ မင်းရဲ့ ပေးဆပ်မှု၊ မင်းရဲ့ စတေးမှု၊

မင်းရဲ့ ခွင့်လွှတ်မှု၊ မင်းရဲ့ ……… မင်းရဲ့ …………………. မှုတွေ

ငါ ဘယ်လို သင်ပုန်းချေရမလဲ၊ ငါဆိုတဲ့ ငါ ဒီကမ္ဘာမှာ ပိုင်ဆိုင်တာဆို
မင်းတစ်ယောက်တည်းပါ ……………

မင်းရဲ့ ရင်ထဲ မိုးမရွာဘဲ ဖြေသိမ့်နိုင်မယ်ဆိုရင်တော့
မင်းရဲ့ နာကျင်မှုပျောက်နိုင်ကောင်းတယ် ဆိုရင်တော့……….
မင်းရဲ့ စတေးမှုတွေ ပျောက်နိုင်ကောင်းတယ် ဆိုရင်တော့…………………
မင်းရဲ့ မျိုသိပ်မှုတွေ ပျောက်နိုင်ကောင်းတယ် ဆိုရင်တော့………..
………………………………

မင်းအတွက် ငါ……….

 

(31-12-2010)
လိပ်ပြာ

Comment #1

ဟိုးးးးးး အဝေးကြီးကို လှမ်းမျှော်ကြည့်လိုက်ရင်
ငါ့ဘက်က အလံဖြူတွေ ထပ်ထပ်ပြီး စိုက်ထူရဦးမယ်ဆိုတာ
သိပင်သော်ငြားလည်း … ငါ စုံရပ်နေဆဲ……….
………….

commentinfo By: အသဲကွဲမိုး at Dec 31, 2010
Comment #2

မင်းရဲ့ အချစ်၊ မင်းရဲ့ နာကျင်မှု၊ မင်းရဲ့ ပေးဆပ်မှု၊ မင်းရဲ့ စတေးမှု၊
မင်းရဲ့ ခွင့်လွှတ်မှု၊ မင်းရဲ့ ……… မင်းရဲ့ ………………….

…………………………….. မှုတွေ
အားပေးသွားပါတယ် ကိုလိပ်ပြာေ၇….

commentinfo By: genius.jinx28 at Dec 31, 2010
Comment #3

ရှားရှားပါး လာအားပေးတဲ့ ဒီနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်ဗျာ…………….ရဲလေးနဲ့ အသဲကွဲမိုး ဒီထက်ပို ရေးနိုင် ခံစားနိုင်ပြီး လိုအင်ဆန္ဒတလုံးတ၀ကြီး နှစ်သစ်မှာ ပိုင်ဆိုင်နိုင်ပါစေဗျာ………

Comment #4

ငါဆိုတဲ့ ငါဟာ ဒီကမ္ဘာမှာ ပိုင်ဆိုင်တာဆို
မင်းတစ်ယောက်တည်းပါ ……………

သေချာလို့ လားလိပ်ပြာရယ်
(သေချာလဲစဉ်းစား ပါဦးဟဲ့)
🙂

commentinfo By: moehtetaung18 at Dec 31, 2010
Comment #5

ပျော်၇ွှင်ပါစေ အကုန်လုံးပဲ ပေးတဲ့ဆုနဲ့လည်း ပြည့်ပါစေ

commentinfo By: genius.jinx28 at Dec 31, 2010
Comment #6

အမ်…….ဘယ်သူရှိသေးလို့လဲ ပြောပြဦးဗျ…………. အချွန်နဲ့ လာမ နေပြန်ပါပြီ …………..

Comment #7

သြော်…..
ကိုယ့်ကိုယ်ကိုတောင်မပိုင်တဲ့ဘ၀မှာ….
နင်ကသူ့ ကိုပိုင်တယ်ဆိုတော့….
…………………….
တရားနဲ့ မလျော်ညီဘူးလေ…….ဟဲဟဲ

commentinfo By: moehtetaung18 at Dec 31, 2010
Comment #8

စကားအဖြစ်ပြောတာပါဗျ………. တင်စားတာပါ………. ကိုမိုးထက်ရာ တရားသဘောတိုင်းသာ ရှု့မြင်သုံးသပ်ရရင် အစ်ကို့ညီ လူ့လောကမှာ မရှိတော့ဘူးဗျ…………………. တောထွက် တရားအားထုတ်နေပြီ………… အို အနိစ္စ- အမြဲမရှိ၊ ဒုက္ခ- ဆင်းရဲခြင်း နဲ့ အသုဘ- မတင့်တယ်ခြင်းတို့နဲ့ ပြည့်နှက်နေတဲ့ လောကီအညှီအဟောက်တွေပါတကား …………. . 🙂

Comment #9

`ဟားးးးးးးးးးးး ကောင်းတယ် ကိုလိပ်ပြာေ၇.. အဲမှာ အ၇စ်ခံပြီးနေခဲ့တော့ဗျို့
ညီ ကတော့ ပြန်ပြီး တာ့တာ့ဗျို့
ကိုမိုးထက်ကြီးေ၇………

commentinfo By: shilayy at Dec 31, 2010
Comment #10

ကိုမိုးထက်ကြီးေ၇.. အဲမှာ ကိုလိပ်ပြာကို ၇စ်နေတော့ဗျို့

commentinfo By: genius.jinx28 at Dec 31, 2010
Comment #11

ကိုမင်း သဲကို ပုံတင်တာလေးသင်ပေးပါလား အား၇င်ပြောပါတယ် မအား၇င်တော့ နောက်မှကိုယ့်ဘာသာကိုယ်ကလိလိုက်တော့မယ်

commentinfo By: nyamoethee at Jan 3, 2011
Comment #12

profile ပုံတင်တာတော့ ကိုယ်တကယ်မသိတာပါ သဲ………. ဒါကြောင့် တင်ကို မတင်ထားဘူး……. သိရင် ပြောပြမယ်လေ…… သဲ အရင်သိခဲ့ရင် ပြန်ပြီး share ပေးပါ………. ကျေးဇူး

Comment #13

ကို တောင်ပံပြုတ်နေတဲ့လိပ်ပြာက တော်တော်ရေးတတ်တာပဲနော်။
အားပေးလျှက်ပါ…………..

commentinfo By: layykyoe at Jan 5, 2011
Comment #14

nice

commentinfo By: ei lay at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment