Professional Authors

အဝေးက ………… ( နှောင်းလူ )

 

ငါမသိတဲ့ ငါမနက်ဖြန်တွေမှာ

သေချာစွာ ငါ သိနေတာက

မင်းကို  ငါ အရမ်း သတိရနေတယ်

ချမ်းအေးတဲ့ တောင်ပေါ်တနေရာက

အလွမ်းတွေ မင်း ဆီကို ပြန့် ဝဲလို့ 

ရောက်ရှိပါစေ……

ကို ချစ်တဲ့ မင်း ကျန်းမာပျော်ရွှင်ပါစေ

စေပေါင်းများစွာနဲ့  ငါ မေတ္တာတွေ

မင်းအနားခစားလို့  ရောက်ရှိပါစေ

နီးချင်း ဝေးခြင်းများစွာမှာ

စိတ်ချင်း လမ်းဖွင့်လို

အလွမ်းတွေ နက်နက်ရိုင်းရိုင်းတိုးဝင်နေတယ်

အလှပဆုံးဖွင့်ဆိုနေတဲ့ ချစ်ခြင်းတွေကြားမှာ

ကိုတို့  နှစ်ယောက်အချစ်က ရိုရှင်းစွာနဲ့ 

သူသူ၊ငါငါ မသိပဲ ချစ်ခြင်းကခိုင်မြဲရင်း

အာရုံမှာ အရိပ်လို ကပ်ညှိလို

အိမ်မက်ထဲတောင် စွဲလမ်းစွာနဲ့ 

အပြန်အလှန် ကြင်နာမှုနဲ့ ဂရုစိုက်လို့ 

ငါဆိုတာ နင်မရှိရင် မဖြစ်တော့တဲ့

လူတယောက်လို အထီးကျန်နေတာ

ရာသီတွေတောင် တလှည့်ဆီခိုဝင်ခဲ့ပြီ

သတိရခြင်းကို ပုံမှန်စားသုံးရင်း

အိပ်တန်းပြန်တဲ့ ငှက်လို နေ၀င်ခဲ့ပေါ့

တွေဆုံမှုကို တမ်းတရင်း မျှော်လင့်ခြင်းက

နိုးတ၀က်၊အိပ်တ၀က်နဲ အာရုံဦးကို နိုးကြားခဲ့

ဒီလိုနဲ့  နေ၀င်မိုးချူပ် မျော်လင့်ခြင်းတွေ

ထမ်းပိုးရင် အဝေးကသူ  ကြားသိ ခံစားနိုင်ပါစေ..။

In: ကဗျာ Posted By: Date: Dec 30, 2010
Comment #1

ကောင်းတယ်

commentinfo By: moehtetaung18 at Dec 30, 2010
Comment #2

အဝေးကသူ ကြားသိ ခံစားနိုင်ပါစေ..။
ကိုနှောင်းလူ အားပေးသွားတယ်

commentinfo By: genius.jinx28 at Dec 31, 2010
Comment #3

အားပေးသွားတယ်ကိုနှောင်းလူရေ
ကြားရလားဗျာ …..

Leave Comments

Name*

Email*
Website
Email me whenever there is new comment