Professional Authors

အလှမွေး ရွှေငါးကလေး – နရီထက်

စိတ်ညစ်စရာ ဖန်ခွက်ထဲက ရေတစ်ဝက်
လှုပ်ခတ်ကာ ပြေးလွှားမိတယ်
တစ်ပတ်မပြေး ဒီနေရာကလေး
ငါအဖို့တော့ စံအိမ်လေးလား
ဖန်အိမ်လေးလား

သဘာဝ အောက်စီဂျင်ကို တပ်မက်ခဲ့တယ်
ပိုက်တန်းထဲက အောက်စီဂျင်အတု
ငါဖို့တော့ မသက်သာ
ရုန်းဆန်ကာ ခပ်ပြင်းပြင်း ရှုမိတယ်
မသက်သာတဲ့ ခံစားချက်တွေလား

ငါ့အတွက် အဖော်ဆိုကွဲ့
လျှပ်စစ်အရုပ်ငါးကလေး တစ်ကောင် အတူထည့်ထားတယ်
အမြီးလေး တနန့်နန့် ပုံမှန် ပြေးလွှားနေတယ်
မမောတဲ့ အတိုင်းရယ်..

ိကိုယ်အဆင်းဆိုတာ မစွဲမက်
အနံ့အသက်ရယ် မရှိလေးတဲ့ အရုပ်ငါးကလေး
ငါအတွက်တော့ အတုတွေလား

အလှကြည့်ခံ ပုံမှန်အစာတွေနှင့်
နေ့စဉ် ဘ၀ကြားမှာ
ငါကို သူတို့ အလှကြည့်နေကြတယ်
ငါ စိတ်ပျက်မိတယ်
ငါ့အလှတွေ ပျောက်ကွယ်ချင်တယ်

ဖန်ခွက်ထဲက အရုပ်ငါးကလေးရယ်
အောက်စီဂျင်အတု ပိုက်တန်းလေးရယ်
စံအိမ်လေးခေါ်ဖန်ခွက်လေးရယ်
အလှကြည့်သူတွေရယ်
ငါ ဆိုတဲ့ ရွှေငါးကလေးရယ်
ဒါတွေက နေ့စဉ်ဘ၀တွေလား…။     ။

နရီထက်
( ၃၀ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

သြော်… ရပ်တန့်မသွားတာက ဘ၀တွေပါ… လျှောက်လှမ်းနေရတဲ့ လမ်းမ ဖမ်းဆုပ်ကိုင်ခွင့်ရှိချင်ကြတဲ့ မျှော်လင့်ချက် ဘာလိုလိုနဲ့ တစ်နှစ်ပြောင်းနေပြီး… 2011 ရေ

In: ကဗျာ Posted By: Date: Dec 30, 2010
Comment #1

ဟုတ်တယ်ဗျာ …… မပြောင်းလဲသော ဖြစ်စဉ်တွေ ထဲက လွတ်မြောက်ချင်ပြီ ……………. နှစ်ဟောင်းတွေ စွန့်ပြီး နှစ်သစ်ကို တပ်ဆင်လိုက်လည်း အရောင်မပြောင်းတဲ့ ယူနီဖောင်းကို ၀တ်ဆင်နေရတဲ့ ကျွန်တော်တို့အတွက်တော့ …………………… မထူးဆန်းတော့ပါဘူး 2011 ရယ်

Comment #2

ကျေးဇူးပါ…

တောင်ပံမဲ့လိပ်ပြာ

commentinfo By: နရီထက် at Dec 30, 2010
Comment #3

ကိုန၇ီထက် ဘယ်တော့မှ ပြောင်းလဲ မလဲ မသိတော့ပါဘူး

commentinfo By: genius.jinx28 at Dec 30, 2010
Comment #4

သြော်… ရပ်တန့်မသွားတာက ဘ၀တွေပါ… လျှောက်လှမ်းနေရတဲ့ လမ်းမ ဖမ်းဆုပ်ကိုင်ခွင့်ရှိချင်ကြတဲ့ မျှော်လင့်ချက် …ကောင်းလိုက်တဲ့စာသားတွေ

commentinfo By: ရွှေငါး at Dec 30, 2010
Comment #5

အားပေးနေပါတယ်….အကိုနရီ

commentinfo By: moehtetaung18 at Dec 30, 2010
Comment #6

အရမ်းကောင်းတယ် ကို နရီထက်ရေ အားပေးသွားတယ်..။

commentinfo By: နှောင်းလူ at Dec 30, 2010
Comment #7

(သဘာဝ အောက်စီဂျင်ကို တပ်မက်ခဲ့တယ်
ပိုက်တန်းထဲက အောက်စီဂျင်အတု
ငါဖို့တော့ မသက်သာ
ရုန်းဆန်ကာ ခပ်ပြင်းပြင်း ရှုမိတယ်
မသက်သာတဲ့ ခံစားချက်တွေလား)
သြော်… ရပ်တန့်မသွားတာက ဘ၀တွေပါ… လျှောက်လှမ်းနေရတဲ့ လမ်းမ ဖမ်းဆုပ်ကိုင်ခွင့်ရှိချင်ကြတဲ့ မျှော်လင့်ချက် ဘာလိုလိုနဲ့ တစ်နှစ်ပြောင်းနေတုန်းပါဘဲ။
ကြိုက်တယ်ဗျာ

commentinfo By: myintmo at Jan 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment