Professional Authors

တစ်ရက်ထဲပါ (Kitty Yang)

“တော်ပါပြီ၊ စိတ်ကုန်ပြီ”
ညတစ်ခေါင် ယောင်ရမ်းရတာ
လက်ချိုးမရေနိုင်တော့ပါဘူး။

ကြိုးစားတိုင်း အဖိုးမတက်တော့
အဝေးကမြင်နေရတဲ့အမှိုက်လည်း
နီးမှ ပန်းတစ်ပွင့်
ဖြစ်မလာနိုင်ဘူး။

ဗလာစာအုပ်ပေါ်မှာ
ခံစားချက်တွေရေးစွဲပြီး
သိမ်းထားလိုက်မယ်
နောက်ထပ်မတောင့်တတော့ဘူး။

မောပါပြီလေ..
မင်းနောက်မလိုက်တော့ဘူး
ဒီလိုဆိုတော့လည်း ငါ့ကို
ပုံစံတစ်မျိုးနဲ့ နှိပ်စက်ပြန်တယ်။

ငါမြင်နေရတာ
အကြင်နာတွေပါလား
ချိုမြမြ မြတ်နိုးခြင်းတွေဆိုပေမယ့်
မင်းအတွက် ခါးသက်သက်
အရှုပ်ထုတ်တွေသာဖြစ်နေခဲ့တယ်။

တစ်ရက်ထဲပါ
ကံကြမ္မာရယ်
သူ့ကိုချစ်ခွင့်
တစ်ရက်သာ
ဆုအဖြစ်ပေးခဲ့ပါ။

22nd Jan 2009

In: ကဗျာ Posted By: Date: Apr 10, 2010
Comment #1

တစ်ရက်ထဲပါ
ကံကြမ္မာရယ်
သူ့ကိုချစ်ခွင့်
တစ်ရက်သာ
ဆုအဖြစ်ပေးခဲ့ပါ။
တစ်ရက်မဟုတ်ပါဘူး တစ်နာရီပဲချစ်ခွင့်ပေးပါ

commentinfo By: နတ်ဆိုးသခင် at Nov 19, 2011
Comment #2

hin………..
only 1 day?

commentinfo By: ei lay at Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment