Professional Authors

ဘဝအမှား (Kitty Yang)

မိန်းကလေးရေ
“အကြင်နာမဲ့တာလား” လို့
မေးပါရစေလား။

ငါဟာ…
အချစ်သူရဲကောင်း
မဟုတ်ပေမယ့်
စစ်မှန်တဲ့မေတ္တာတော့
ရှိတယ်။

ဒီမယ်..နတ်မိမယ်
မင်းကို ချစ်ခွင့်ပန်ခဲ့တာ
ကြာခဲ့လေပြီ
၃နှစ်၃မိုး
မဟုတ်ပေမယ့်
နွေမိုးဆောင်းတော့
နှစ်ပတ်လည်ခဲ့ပြီ။

အံ့ဩလောက်စရာ
မရှိပါဘူး
ငါဟာမျှော်လင့်ချက်တစ်ခုနဲ့
အသက်ရှင်ခဲ့တဲ့ကောင်ပါ။

“ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး” တဲ့
ဒီစကားတစ်ခွန်း
မင်းမလို့ပြောထွက်တယ်
မျှော်လင့်ချက်အမှားနဲ့
ဘဝအမှားမှာ ရှင်သန်နေတဲ့
ငါ့ကို..
မနေ့က မင်းသတ်တယ်။

5th Dec 2007

In: ကဗျာ Posted By: Date: Apr 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment