Professional Authors

ဇာတ်သိမ်းအနမ်း (Kitty Yang)

အချိန်တွေကိုရိုက်ချိုး
ရုပ်သေးရုပ်အဖြစ်ဖန်ဆင်း
ရှေ့တိုး၊ နောက်ဆုတ်
ငါ့နှုတ်မိန့် သာ
လိုက်နာစေ။

နွေ၊မိုး၊ဆောင်းကို
ဇောက်ထိုးလှန်
အလွမ်းတွေ
ခွေးကျ၊၀က်ကျ ကျတော့
ဒီရင်ခွင်ကနာတယ်။

သူ့ပုံရိပ်ကို ပစ်စလတ်ခတ်
မြင်လိုက်မှ
ငါ့မျက်ဝန်းတစ်စုံက
ထ ‘က’ တယ်။
ငါရင်ခုန်သံယိုင်လဲတာ
သူ့အပြုံးရောင်ပြန်ဟတ်လို့။

အိပ်မက်တွေတောင်
အသက်ဝင်
သူ့ကိုရက်ရက်စက်စက်
ချစ်သတဲ့……
နေမ၀င် အချစ်တဲ့လား။

လေးဘက်လေးနံကရှုစား
ငါအပီခိုက်ပါတယ်
သူ့လက်နက်က
အကြည့်တချက်တည်းသာ
အကြိမ်ကြိမ် ငါ့ကိုသေစေခဲ့တာ။

ငါ့နှလုံးသားကို တစ်သက်တာ
အပေါင်ဆိုင်ပို့ခဲ့တာ
ဟောဒီပန်းတစ်ပွင့်အတွက်သာ
အမည်က
“ဇာတ်သိမ်းအနမ်း” တဲ့လေ။

-=KY
12.06.2009

In: ကဗျာ Posted By: Date: Jun 11, 2009  
Comment #1

ငါရင်ခုန်သံယိုင်လဲတာ
သူ့အပြုံးရောင်ပြန်ဟတ်လို့။

အထာကျတယ်ဂျာ…

commentinfo By: အရဲ at Jun 12, 2009
Comment #2

အဟိ.. ကျေးဇူးဂျာ.. ခိခိခိ..

commentinfo By: Kitty Yang at Jun 12, 2009
Comment #3

ဟိုက်.. သူပြောမှ.. ရယ်ချင်သွားပြီ… ဟီးဟီး..
ကျေးဇူးဂျာ.. ဟီးဟီး..

commentinfo By: Kitty Yang at Jun 12, 2009
Comment #4

ငါရင်ခုန်သံယိုင်လဲတာ
သူခလုတ်တိုင်တော့မှောင်လျက်လဲကျသွားလို့ပါ
သူ့ကိုတစ်ယောက်မှမကူပါလားဆိုပြီးတော့လေ

commentinfo By: ayaayethi at Aug 9, 2010
Comment #5

အတိတ်တွေမမေ့ရဲ့လို့
စောင့်စားခြင်းကျွန်းမှာ
ငါ့ရင်ခုန်သံတွေနဲ့အတူ
အရိုးဆွေးမယ်။
ဒီစာသားလေးမှာတွေးထားတဲ့အကြောင်းလေးကို အရမ်းသဘောကျတရ်
အရမ်းကြိုက်တရ်

commentinfo By: ayeayethi at Sep 10, 2010
Comment #6

နွေ၊မိုး၊ဆောင်းကို
ဇောက်ထိုးလှန်
အလွမ်းတွေ
ခွေးကျ၊ဝက်ကျ ကျတော့
ဒီရင်ခွင်ကနာတယ်။
လေးဖက်လေးနံကရှုစား
ငါအပီခိုက်ပါတယ်
သူ့လက်နက်က
အကြည့်တချက်တည်းသာ
အကြိမ်ကြိမ် င့ါကိုသေစေခဲ့တာ။ စကားလုံးတွေက သေလို့ရတယ်ဗျာ တကယ်မိုက်တယ် ဒီကဗျာလေး ခုမှဖတ်ဖြစ်တယ်ဗျာ ကဗျာဆရာ လက်တော်တော်ထက်တာဘဲ အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 22, 2011
Comment #7

wow,,,
excellent words with nice writing style

commentinfo By: ei lay at Mar 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment