Professional Authors

မေတ္တာ သက်ဝင်ခြင်း

ချစ်သူ …….
မင်းမပါဘဲဒီလမ်းကို ဆက်လျှေက်ရတော့မယ်
မင်းရဲ့ငြင်းပယ်တဲ့အမုအရာတွေအောက်မှာ
အကြိမ်ကြိမ်ကျရူံးရင်း
ကာရံမဲ့နှလုံးသားတစုံနဲ့
စီးချက်မညီတဲ့ရင်ခုန်သံတွေကြား
အချစ်ပါဘဲ ငါ့ကမ္ဘာကိုတည်ဆောက်တော့မယ်
အမှောင်တွေဖုံးနေတဲ့ မင်းဘက်ခြမ်းက
နှလုံးသားတခုနဲ့
အလင်းရောင်ဖြာနေတဲ့ ငါ့ဘက်ခြမ်းက
နှလုံးသားတခု
အီကွေတာရဲ့ ဟိုးတဖက်စွန်းဆီရောက်နေသလိုဘဲ
လူချင်းနီးနေပေမဲ့
နှလုံးသားချင်းကဝေးနေတယ်
တံတိုင်းတွေကနေ တံတားမဖြစ်နိုင်တော့ဘူး
မင်းရဲ့ငြင်းပယ်တဲ့
စကားလုံးတွေကိုလဲ
ကိုယ်နားမထောင်ဝံ့တော့ဘူး
အဲဒီတော့
သူများတွေပြောတဲ့
ရည်းစားစကားလို့ခေါ်တဲ့
ချစ်တယ်… ဆိုတာကိုလည်း
ကိုယ်မပြောချင်တော့ပါဘူး
တကယ်တော့ မင်းကို
ကိုယ်ချစ်တာ မဟုတ်ဘူး…………..?
……………?
မေတ္တာ သက်ဝင်နေမိတာ
မေတ္တာမျှချင်ခဲ့တာပေါ့……….
အခုတော့လည်း……….

In: ကဗျာ Posted By: Date: Dec 25, 2010
Comment #1

လူချင်ူးရော…..နှလုံးသားချင်းပါအမြန်နှီးပါစေ…………

commentinfo By: May Kha at Sep 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment