Professional Authors

လျှောက်လဲချက်

သတိရခြင်းက ပြစ်မှုမြောက်ရင်
ကျွန်တော် တရားခံဖြစ်နေခဲ.တာ
ကြာပြီပေါ.

အပျံသင်စ ရင်ခုန်သံတွေကို
ကာယိနြေ္ဓပျက်စေခဲ.တဲ.
မ, ရဲ.   တော်ဝင်အလှတွေအတွက်
ဘယ်ခုံရုံးမှာ  တရားစွဲရမလဲ

မထိမ်ချန်ချင်ခဲ.လို.
ချစ်ခြင်းတွေ
အရှိအတိုင်း ထွက်ဆိုခဲ.တာကိုက
အသရေဖျက်သလို
ဖြစ်နေခဲ.ရင်
လျော်ကြေးပေးစ၇ာ ချမ်းသာတာဆိုလို.
ရင်ဘတ်တစ်ခုစာ အချစ်တွေပဲ ရှိတယ်

မ , ရယ်
ဖြစ်နိုင်ခဲ.ရင်လေ
မ,ရဲ. အိပ်မက်တွေထဲထိ
ပိုင်နက်ကျူးလွန်ခွင်. ရချင်ပါတယ်

(law က အမ တစ်ယောက်အတွက်)

In: ကဗျာ Posted By: Date: Dec 25, 2010
Comment #1

မဆိုးပါဘူး
ရင်ထဲကခံစားချက်ကိုပေါ်လွင်တယ်လို့ခံစားမိတယ်

commentinfo By: chu at Jul 23, 2011
Comment #2

အားပေးတာ ကျေးဇူးနော် သူငယ်ချင်း။အဲဒီကဗျာမှာ ငါ စကားလုံးတွေ ဦးစားပေးမိသွားလို.ဖတ်ရတာ နည်းနည်း လေးသွားတယ်တောင် ထင်တာ။

commentinfo By: SimpleSimplest at Jul 26, 2011
Comment #3

သတိရခြင်းက ပြစ်မှုမြောက်ရင်
ကျွန်တော် တရားခံဖြစ်နေခဲ.တာ
ကြာပြီပေါ….. like it !

commentinfo By: sharon myorr myor at Sep 29, 2011
Comment #4

law ka a ma 1 yout a twat,,
nice poem

commentinfo By: ei lay at Nov 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment