Professional Authors

သူချစ်

သစ္စာဖောက်သူတစ်ယောက်ကို လွမ်းနေတော့
သစ္စာရှိသူတစ်ယောက်ကိုမေ့နေခဲ့တယ်။

လမ်းခွဲသူတစ်ယောက်က နှုတ်ဆက်မျက်ရည်ကျခဲ့တယ်
အနားမှာရှိသူက သူ.မျက်ရည်ကိုသိုဝှက်ခဲ့တယ်
ထွက်ခွာသွားတဲ့ သဘောင်္ကိုလက်ယမ်းပြနေတော့
ကိုယ့်ကိုတင်ဖို.စောင့်နေတဲ့ ကုတို.လှေလေးကို အားမနာခဲ့ဘူး။

မျက်ရည်ကျစေသူကို သတိရနေပြီး
မျက်ရည်သုတ်ပေးတဲ့လက်ကိုတော့ ပုတ်ထုတ်ခဲ့မိတယ်
တစိမ့်စိမ့်ပြန်တွေးတော့လည်း ဒီဖြစ်ရပ်က သူ.အရိပ်ဆိုး
ငါမရပ်တည်နိုင်ခင် ဒီလက်ကို အားကိုးတကြီးဆွဲခဲ့ပြီး
ငါရပ်တည်နိုင်ချိန်မှာ အားနာသမှုနဲ.ဆွဲတယ်လို.ပြောမိတယ်။

သူချစ်ကိုရှာဖို.ပြောသူတွေကိုခေါင်းငြိမ့်ခဲ့ပြီးမှ
သူ.ကိုထိခိုက်စေအောင်ပြောခဲ့တာတွေစဉ်းစား
ငါငြိမ့်ခဲ့တဲ့ခေါင်းကို ပြန်ခါမိတယ်
သူချစ်ကိုရှာခဲ့တာမဟုတ်ဘူး
သူချစ်ရဲ့စွမ်းအားကြောင့်ငါပါချစ်မိသွားတာ။   ။

In: ကဗျာ Posted By: Date: Dec 25, 2010
Comment #1

မျက်ရည်ကျစေသူကို သတိရနေပြီး
မျက်ရည်သုတ်ပေးတဲ့လက်ကိုတော့ ပုတ်ထုတ်ခဲ့မိတယ်

commentinfo By: moehtetaung18 at Dec 25, 2010
Comment #2

တစ်ပုဒ်လုံး အရမ်းကောင်း…………. ကိုမော်နီ

commentinfo By: နေညို at Dec 25, 2010
Comment #3

မော်နီ
အရမ်းကောင်းတာပဲကိုမော်နီရေ…………။ ကိုကြီးကျော်တော့ရေးလိုက်ပါတယ်………..။

commentinfo By: ကိုကြီးကျော် at Dec 25, 2010
Comment #4

အရမ်းဖတ်လို့ကောင်းတယ်………
ကဗျာလေးရဲ့လှုပ်ရှားမှုက…….မျက်ရည်တောင်ဝဲမိတယ်…..
ကိုမော်နီပျော်ရွှင်မှု့……..အောင်မြင်မှု့တွေရပါစေလို့ဆုတောင်းပေးပါတယ်။ ။

commentinfo By: ကဗျာချစ်သူ at Dec 25, 2010
Comment #5

တိုက်ဆိုင်လိုက်တာဗျာ…..

commentinfo By: laminpaing at Dec 25, 2010
Comment #6

ကောင်းတယ် ဆိုးတယ်တော့ မဝေဖန်တော့ပါဘူး . . .
ခဏခဏ ဖတ်လို့ အလွတ်တောင်ရတော့မယ် . . .

commentinfo By: နှံပြီစုတ် at Dec 31, 2010
Comment #7

သူ့ ရဲ့ အချစ်စွမ်းအားကကြီးတယ်ထင်တယ်နော်။
ချစ်တတ်သွားတဲ့အတွက်အာလုံးပျော်ရွှင်ရမှာပါ။

commentinfo By: phyuphyu at Jan 14, 2011
Comment #8

really nice.
really nice.
get lots of thinking.

after reading,i m suspect of myself that whether i make mistakes upon someone or not?
if were,i must correct my mistakes.

commentinfo By: ei lay at Jul 24, 2011
Comment #9

အရမ်းကို ကောင်းလွန်းပါတယ် ကိုမောနီ

commentinfo By: ap at Apr 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment