Professional Authors

ဘ၀ဆိုတာ…ဒီလို ချ ရေးထားတယ်

ဘ၀ဆိုတာ….

နှစ်ယောက် တစ်အိပ်မက် မက်ခွင့်ရတဲ့

ကြယ်ခင်းသာ ညတစ်ည ဖြစ်နိုင်သလို

လွမ်းတေး ငြီးဆို ညအိုထဲက

အထီးကျန် စမ်းချောင်းလေး လဲ ဖြစ်နိုင်ပေရဲ့ ။

နှစ်စိတ် တစ်ကိုယ်

နှစ်ကိုယ့် တစ်စိတ် နဲ့

ပင်လယ်ထဲ လွင့်မျောရင်း

သောက ကင်းတဲ့ မောင်းနှင်ခြင်း ဖြစ်နိုင်သလို

လှိုင်းထန် လေကြမ်း

လှေဝမ်း ပေါက်နေတဲ့

ကမ်းဝေး လှေ ငယ် တစ်စင်း လဲ ဖြစ်နိုင်ပေရဲ့  ။

 

နှစ်လွှာပေါင်း တစ်ရွက်ဖြစ်

တစ်ရွက် ဖြစ် နှစ်လွှာ ရှိရမဲ့

စွယ်တော် ရွက် တစ်ရွက် ဖြစ်နိုင်သလို

တစ်ပင်လဲ တစ်ပင်ထူ

တစ်ပင်ထူ တစ်တော ပြုန်း မဲ့

ခေတ်သစ် လူ့ဘောင် ပန်းချီကား တစ်ချပ်လဲ ဖြစ်နိုင်ပေရဲ့  ။

တစ်ရွာ မပြောင်း သူကောင်းမဖြစ်

သူကောင်း …လူကောင်း ဖြစ်ဖို့

လမ်းကြောင်း ပြောင်းမောင်းနှင်ရတဲ့ ရထား တစ်စင်း ဖြစ်နိုင်သလို

တစ်ကွေ့ ချော် တစ်ခါ ယိမ်း

တစ်ခါ ယိမ်း တစ်ခါ မှောက် တတ်တဲ့

ခြောက်ကမ်းပါး ထက်က ကားတစ်စင်း လဲ ဖြစ်နိုင်ပေရဲ့  ။

ဘ၀ဆိုတာ……

မာယာ လက်ဝှေ့သမား ရဲ့  လက်သီးချက်အောက်

အသက် ပျောက်ပျောက်သွားတဲ့

ကံကြမ္မာ ဓားချက်တွေ အောက်

သွေး တောက်တောက်ကျ သွားတဲ့

လောကဓံ လှံသွား တွေအောက်

အကြောက်ကြီး ကြောက်နေရ တဲ့

……………………..

နောက်ပြီး …

ဈေးကွက် မ၀င် တော့တဲ့

အမှည့်လွန် ပန်းသီးများ လဲ ဖြစ်နိုင်ပေရဲ့  ။ ။

မိုးသစ်ညို

In: ကဗျာ Posted By: Date: Dec 24, 2010
Comment #1

မာယာ လက်ဝှေ့သမား ရဲ့  လက်သီးချက်အောက်

အသက် ပျောက်ပျောက်သွားတဲ့

ကံကြမ္မာ ဓားချက်တွေ အောက်

သွေး တောက်တောက်ကျ သွားတဲ့

လောကဓံ လှံသွား တွေအောက်

အကြောက်ကြီး ကြောက်နေရ တဲ့

အကြိုက်ဆုံးအပိုဒ်လေးပါ … 😀

commentinfo By: ရွှေငါး at Dec 25, 2010
Comment #2

အားပေးမှု အတွက် ကျေးဇူး တင်ပါတယ် မရွှေငါးရေ……

commentinfo By: မိုးသစ်ညို at Dec 25, 2010
Comment #3

အင်း…..ဒီကဗျာလေးကိုဖက်ပြီး ကိုယ့်ကိုကိုယ်တောင် သိမ်ငယ်သွားတယ်……ကောင်းလွန်းပါတယ်……
ဘယ်လိုပြောရမလဲ ဇာတ်အိမ်တည်ထားတာ ကောင်းတယ်လို့ပြောရမလားပဲ
အသစ်တွေမတင်တာကြာပြီထင်တယ်……အားရင်တင်ပါဦး…..

commentinfo By: nate thit(နေ့သစ်) at Jun 19, 2011
Comment #4

ကဗျာတစ်ပုဒ်လုံး အနှစ်ကြီးပဲဗျာ
စကားလုံးခိုင်းနှိုင်းပုံတွေ တော်တော်လေးကောင်းတယ်။

commentinfo By: X - ray at Oct 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment