Professional Authors

လူဖြစ်ရတာလည်း လူပါပဲ………။ ( နှောင်းလူ )

 

အခေါ်အဝေါ ပြောင်းလဲမှုတွေနဲ့ 
မာယာများတဲ့ လောကကြီးမှာ
ချိတ်ပိတ်ထားတဲ့ သစ္စာတရားဆိုတာ
ပျောက်ပျက်သွားခဲ့ပြီလား

ကတိတွေ အခါခါဝါးမျိုရင်း…
ယဉ်ကျေးမှုကို ပြောင်းပြန်လှန်တဲ့
ခတ်ရေစီးကြောင်းပေါ်မှာ
ခတ်မှီချင်တာလား ခတ်ဆန်ချင်တာလား
ကိုယ်တိုင် ဝေခွဲမရတဲ့ အားကျမှုတွေနဲ့ 
ရောမရောက်တော့ ရောမလို့ ကျင့်တဲ့ စိတ်က
တက်ခဲ့ပြီ တော်တော်များ……..
မပြောပဲသိခဲ့ မမြင်ပဲတွေးတက်ခဲ့ပြီ…။
ဆက်ဆံမှု ပြေပြစ်မှ ထမင်းစားရတဲ့
အသိပညာနဲ့  မာယာတွေ၇စ်နှောင်လို့ 
လူဆိုတာ မှီဝဲတက်တဲ့ လူတွေပဲ

သံယောဇဉ်ကို အနှောင်အဖွဲလုပ်လို့ 

နေ၀င်မိုးချူပ်တကုတ်ကုတ်..…..

ချွေးသံတရွှဲရွှဲနဲ့ ကံမလိုက်ခဲ့လို့ လား

ထမ္မင်းတနပ် နပ်မှန်ရေးအတွက်

ရိုးသားခြင်းကို ခ၀ါချလို့ …….

မာနတွေလည်း ပြာကျခဲ့ပြီ

အလည်းအလှယ်လုပ်နေတဲ့ 

ယုံကြည်ခြင်းတွေကြားထဲမှာ

အကျိုးအမြတ်နဲ့  နပမ်းလုံးနေတဲ့

ရိုးသားခြင်းတွေ ပြည့်နှက်နေတယ်

မပြီးဆုံးတဲ့ သံသရာမှာ

လူဖြစ်ရတာလည်း လူပါပဲ……။

In: ကဗျာ Posted By: Date: Dec 23, 2010
Comment #1

ထမင်းတနပ် နပ်မှန်ရေးအတွက်
ရိုးသားခြင်းကို ခ၀ါချလို့ …….
မာနတွေလည်း ပြာကျခဲ့ပြီ
အလည်းအလှယ်လုပ်နေတဲ့ 
ယုံကြည်ခြင်းတွေကြားထဲမှာ
အကျိုးအမြတ်နဲ့  နပမ်းလုံးနေတဲ့
ရိုးသားခြင်းတွေ ပြည့်နှက်နေတယ်
မပြီးဆုံးတဲ့ သံသရာမှာ
လူဖြစ်ရတာလည်း လူပါပဲ……။ အာပေးသွားတယ် ။မှန်ကန်ကြောင်းလည်းထောက်ခံပါတယ်။ လူကလည်းလူပါပဲညီလေးရာ။။။။

commentinfo By: moezat at Dec 23, 2010
Comment #2

ဟုတ်ကဲ့ ကို ဇာတီရေ အခုလို ဝေဖန်ပေးတာ ကျေးဇူးပါ..။ နောက်များမှာလည်း အမှားတွေ တွေ့ ရင်ပြင်ပေးစေလိုပါတယ်..။

commentinfo By: နှောင်းလူ at Dec 24, 2010
Comment #3

ကိုမိုးဇတ်ရေ ကျေးဇူးနော်…….။

commentinfo By: နှောင်းလူ at Dec 24, 2010
Comment #4

ဟုတ်တယ်ဗျို့ လူတွေဟာ တော်တော်ကြောက်ဖို့ကောင်းတယ်ဗျာ . …

Comment #5

အဟား ရူးတိုးတိုး လိပ်ပြာရေ ကြားသွားအုန်းမယ်……. 🙂

commentinfo By: နှောင်းလူ at Dec 24, 2010
Comment #6

လူဖြစ်၇တဲ့ဒုက္ခကလဲ မသေးဘူးနော် ကိုနှောင်းလူ အားပေးသွားတယ်

commentinfo By: genius.jinx28 at Dec 24, 2010
Comment #7

အမှန်ပေါ့ genius.jinx28 ရေ အားပေးတာ ကျေးဇူးပါဗျာ…..။

commentinfo By: နှောင်းလူ at Dec 24, 2010
Comment #8

ကတိတွေ အခါခါဝါးမျိုရင်း…
ယဉ်ကျေးမှုကို ပြောင်းပြန်လှန်တဲ့
ခတ်ရေစီးကြောင်းပေါ်မှာ
ခတ်မှီချင်တာလား ခတ်ဆန်ချင်တာလား
ကိုယ်တိုင် ဝေခွဲမရတဲ့ အားကျမှုတွေနဲ့ 
ရောမရောက်တော့ ရောမလို့ ကျင့်တဲ့ စိတ်က
တက်ခဲ့ပြီ တော်တော်များ……..
မပြောပဲသိခဲ့ မမြင်ပဲတွေးတက်ခဲ့ပြီ…။
ဆက်ဆံမှု ပြေပြစ်မှ ထမင်းစားရတဲ့
အသိပညာနဲ့  မာယာတွေ၇စ်နှောင်လို့ 
လူဆိုတာ မှီဝဲတက်တဲ့ လူတွေပဲ

ရောမခေတ်က မကုန်နိုင်သေးဘူးဗျာ… စိတ်ညစ်တယ်

commentinfo By: နရီထက် at Dec 24, 2010
Comment #9

ရောမခတ်ဆိုတာ တမင်တင်စားပြီးပြောတာပါ အားလုံးနဲ့  ပြေလည်အောင်အဆင်ပြေပြေနေနိုင်အောင်လို့  စိတ်ကို အဲ့လို့ မွေးမြူခိုင်းတဲ့ သဘောပါ တခြားအစားထိုးဖို့  စကားလုံး ရှားနေလို့ ပါ ..။ ကို နရီထက်ရေ အခုလို ထောက်ပြပြောဆိုတာ ကျေးဇူးပါ..။

commentinfo By: နှောင်းလူ at Dec 24, 2010
Comment #10

အလကား နောက်နေတာပါ။ ကဗျာက ကောင်းတယ်။ ကြိုက်တယ်။ လူတွေဆိုတာ တူရာကို လက်ဆွဲပြီး စရိုက်တွေကို ပုံတူချတတ်တယ်ဆိုတာ ပေတရာပေါ်မှာ အမြန်ကားနှင့် အနှေးယာဉ်လောက်ပဲ ကွာတာပါ။
နှောင်းလူ ရေးဖွဲ့ထားတာ ကြိုက်တယ်။ အိုကေတယ်။

commentinfo By: နရီထက် at Dec 24, 2010
Comment #11

အာာာာာာာ ရပါတယ် ကို နရီထက်ရ ကျနော်က အကိုတို့ ဆီက ပညာတွေ ပြန်ယူနေတာပါ..။ မှားတာ ရှိရင် ထောက်ပြပါ ကျေးဇူးတင်ပါတယ် ..။ ဝေဖန်မှုရှိမှ အမှားဆိုတာကို တွေ့ ရတာလေ .။ အမှန်ပြင်နိုင်အောင် အတွေးအမြင်အသိပညာနဲ့  ၀ိုင်းဝန်းကူညီပေးကြပါလို့  ညီက မေတ္တာရပ်ခံပါတယ်ဗျာ..။ အားလုံးကို ကျေးဇူးတင်ပါတယ်..။

commentinfo By: နှောင်းလူ at Dec 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment