Professional Authors

မျှော်လင့်ခြင်း တံခါးများ – နရီထက်

မနက်မိုးလင်း နေရောင်သန်းစ
ပြတင်းပေါက်ဖွင့်လိုက်ချိန်မှာ..
အောက်သိုးသိုး လေပြေးတွေက
အပြေးလေး ၀င်ရောက်လာတယ်
စိတ်မျက်နှာတွေ သစ်ပေးကြပါတဲ့…

ကော်ဖီတစ်ခွက်နှင့် ပေါင်မုန့်ကြက်ဥကြော်ရယ်
မနက်စာ ဒီအခင်းအကျင်းလေးမှာ…
ငါ ဂျာနယ် တစ်ချို့ကို လှမ်းယူလိုက်တယ်
မနေ့ကလို ဟိုတစ်နေ့ကလို…
ဂျာနယ်တွေ က အမှန်တွေကို ပုန်းလျှိုးရေးတတ်လာကြတယ်…

အဖြူရောင်ဝတ်ဆင်ထားတဲ့ အဘိုးအိုတစ်ယောက်က
အနက်ရောင်ဆင်မြန်းထားတဲ့ သူ့သူငယ်ချင်းနှင့်
ငါ့ရဲ့ အိမ်ရှေ့တံခါးနား ရောက်လာကြတယ်…
အိမ်ရှေ့မှာ ကလေးငယ်တွေက
အပြာရောင်မိုးကောင်းကင်အောက် ပြေးလွှားဆော့ကစားနေကြတယ်
ဒီကလေးငယ်တွေရဲ့ မျှော်လင့်ချက်ကလေးတွေ
ပျောက်ကွယ်သွားချင်တယ်လို့ အဖြူရောင်အဘိုးအိုက
ငါကို စကားလာပြောသွားတယ်…

ကလေးငယ်တစ်ယောက်
အနက်ရောင်အဘိုးအိုပေးခဲ့တဲ့
အရုပ်ငယ်ကလေးကို ကြည့်ပြီး…
နောက်တစ်ခေါက်လာရင် အရုပ်ကြီးကြီး ယူလာခဲ့ပေးပါတဲ့
မျှော်လင့်တကြီး စောင့်နေပါရစေတဲ့…
အနက်ရောင် အဘိုးအိုက တစ်ချက်ပြုံးလိုက်သေးတယ်
သည်မျှော်လင့်ချက်တွေကို ရိုက်ချိုးချေမွချင်နေတာ…

မနက်ဖြန်ကစားကွင်းခေါ်သွားမယ်လို့
အပြောခံထားရတဲ့ ကလေးငယ်တစ်ယောက်
ဒီနေ့… သူ့အဖေ အိမ်ပြန်ချိန်နောက်ကျလို့
သူ ငိုနေတဲ့အချိန်မှာ သူ့မေက တအားရိုက်မောင်းထုတ်ခဲ့တယ်
သည်ကလေး သွား အဝေးကိုတဲ့…
မျှော်လင့်စရာ သည်ဒီနေ့ကလေး ကုန်ဆုံးသွားပြီးလား…
နောက်နေ့တွေကို ဆက်မျှော်နေအုန်းမှာပေါ့…

ဒီနေ့မှ ကျောင်းစတက်တဲ့ ကလေးငယ်တစ်ယောက်
ကျောင်းတံခါးဝမှ အလူးအလဲ ငိုနေတယ်
မေမေနှင့် မခွဲနိုင်လို့တဲ့…
မျှော်လင့်ခြင်းနေ့တွေနှင့် အတူ ဆော့ကစားချင်လို့ပါတဲ့
ကျောင်းတန်းရောက်တော့ သူငယ်ချင်းတွေက
ပြုံးပြလိုက်တော့ မနက်ဖြန်ဆိုတဲ့ နေ့အောက်မှာ
ငါ ပညာတတ်ကြီး ဖြစ်ချင်တယ်တဲ့….
မနက်ဖြန်ဆိုတဲ့ မျှော်လင့်ခြင်းက ၀င်ရောက်လာလို့…

မျှော်လင့်ခြင်းတွေက…
တစ်ခါတစ်ခါ တံခါးဖွင့်မထားပေမဲ့
အဝေးကို ထွက်ပြေးသွားတတ်ကြတယ်
ရံဖန်ရံခါမှာလည်း တံခါးစေ့ထားရုံနှင့်
တံခါးခေါက်ပြီး တိတ်တဆိတ်လေး ၀င်နေတတ်ကြတယ်။      ။

နရီထက်
( ၂၃ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Dec 23, 2010
Comment #1

အရမ်းကောင်းတယ် နရီထက်ရေ အားပေးနေတယ်.။

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #2

ကျေးဇူးပါ….

နှောင်းလူ

commentinfo By: နရီထက် at Dec 23, 2010
Comment #3

မျှော်လင့်ချက်တွေ အကြောင်းရေးတာကိုတော့ သိတယ် အစ်ကိုရ၊ ဒါပေမယ့် နည်းနည်းရှုပ်နေတယ်လို့ ထင်တယ်။ ကျွန်တော် နားမလည်တာလားလို့တော့ မသိဘူးဗျာ ။။။။။

Comment #4

ဟုတ်ပါတယ်… တောင်ပံမဲ့ လိပ်ပြာရေ..
ဒီကဗျာလေးက ၀ှက်ထားတာ တွေ များနေပါတယ်… ဆိုလိုရင်းက မျှော်လင့်ချက်တွေ ရမဲ့နိုးနိုး တစ်ခါတစ်လေ အဝေးကို ထွက်ပြေးထွက်တတ်ကြတယ်။ ကိုယ်ကြောင့်သော်လည်းကောင်း.၊ တစ်ပါးသူကြောင့်သော်လည်းကောင်း ကိုယ်ရဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက်တွေဟာ မှေးမှိန်တတ်တယ်။ အဖျက်ခံရတတ်တယ်… လူဆိုတဲ့ သဘာဝက မျှော်လင့်တိုင်း ရယူချင်တာ… မျှော်လင့်တိုင်း လွဲတတ်ရင် စိတ်ညစ်တတ်ကြတယ်… ကလေးဘ၀ထဲက မျှော်လင့်လာတတ်ကြတဲ့ လူသားတွေက သက်ဆုံးတိုင် မျှော်လင့်ခြင်းတွေနဲ့ပဲ လမ်းဆက်လျှောက်ခဲ့ကြတယ်… အသက်ရှင်သန်ခဲ့ကြတယ်… ကလေးဘ၀ထဲက ငိုရင် အနိုင်ရမယ်ဆိုတာ သိထားတတ်ကြလို့လေး… အသက်ကြီးလာတော့ ငိုရင် အနိုင်တွေက ( မျှော်လင့်ချက်တွေ)က လွယ်လွယ်နဲ့ မရနိုင်တော့ပါဘူး… ဒီအတိုင်း.. ဒီသဘောပါပဲ…

တောင်ပံမဲ့ လိပ်ပြာရေ…

commentinfo By: နရီထက် at Dec 23, 2010
Comment #5

အား … နားလည်သွားပြီပါ … ကျေးဇူး ကိုနရီထက်ရေ ………… ဟီးး
နည်းနည်းဝေးသွားတယ်

Comment #6

ရပါတယ်. . . တောင်ပံမဲ့ လိပ်ပြာရေ… ကဗျာဖတ်သူမှာ အတွေးတွေ အများကြီး တွေးပိုင်ခွင့်ရှိပါတယ်…

commentinfo By: နရီထက် at Dec 23, 2010
Comment #7

ဒီနေ့မှ ကျောင်းစတက်တဲ့ ကလေးငယ်တစ်ယောက်
ကျောင်းတံခါးဝမှ အလူးအလဲ ငိုနေတယ်
မေမေနှင့် မခွဲနိုင်လို့တဲ့…
မျှော်လင့်ခြင်းနေ့တွေနှင့် အတူ ဆော့ကစားချင်လို့ပါတဲ့
ကျောင်းတန်းရောက်တော့ သူငယ်ချင်းတွေက
ပြုံးပြလိုက်တော့ မနက်ဖြန်ဆိုတဲ့ နေ့အောက်မှာ
ငါ ပညာတတ်ကြီး ဖြစ်ချင်တယ်တဲ့….
မနက်ဖြန်ဆိုတဲ့ မျှော်လင့်ခြင်းက ၀င်ရောက်လာလို့…

မျှော်လင့်ခြင်းတွေက…
တစ်ခါတစ်ခါ တံခါးဖွင့်မထားပေမဲ့
အဝေးကို ထွက်ပြေးသွားတတ်ကြတယ်
ရံဖန်ရံခါမှာလည်း တံခါးစေ့ထားရုံနှင့်
တံခါးခေါက်ပြီး တိတ်တဆိတ်လေး ၀င်နေတတ်ကြတယ်။ ။
အဲ့အပိုဒ်လေးကိုပိုကြိုက်တယ်

commentinfo By: myintmo at Dec 23, 2010
Comment #8

ဒီနေ့မှ ကျောင်းစတက်တဲ့ ကလေးငယ်တစ်ယောက်
ကျောင်းတံခါးဝမှ အလူးအလဲ ငိုနေတယ်
မေမေနှင့် မခွဲနိုင်လို့တဲ့…
မျှော်လင့်ခြင်းနေ့တွေနှင့် အတူ ဆော့ကစားချင်လို့ပါတဲ့
ကျောင်းတန်းရောက်တော့ သူငယ်ချင်းတွေက
ပြုံးပြလိုက်တော့ မနက်ဖြန်ဆိုတဲ့ နေ့အောက်မှာ
ငါ ပညာတတ်ကြီး ဖြစ်ချင်တယ်တဲ့….
မနက်ဖြန်ဆိုတဲ့ မျှော်လင့်ခြင်းက ၀င်ရောက်လာလို့…

မျှော်လင့်ခြင်းတွေက…
တစ်ခါတစ်ခါ တံခါးဖွင့်မထားပေမဲ့
အဝေးကို ထွက်ပြေးသွားတတ်ကြတယ်
ရံဖန်ရံခါမှာလည်း တံခါးစေ့ထားရုံနှင့်
တံခါးခေါက်ပြီး တိတ်တဆိတ်လေး ၀င်နေတတ်ကြတယ်။ ။

အဲ့အပိုဒ်လေးကိုပိုကြိုက်တယ်

commentinfo By: 92icon at Dec 23, 2010
Comment #9

ချစ်ညီမလေး မြင့်မိုရ်နှင့် ချစ်ညီလေး 92icon

တို့ကို ကျေးဇူးတင်သည်။

ကိုနရီထက်

commentinfo By: နရီထက် at Dec 23, 2010
Comment #10

မျှော်လင့်ခြင်းတွေက…
တစ်ခါတစ်ခါ တံခါးဖွင့်မထားပေမဲ့
အဝေးကို ထွက်ပြေးသွားတတ်ကြတယ်
ရံဖန်ရံခါမှာလည်း တံခါးစေ့ထားရုံနှင့်
တံခါးခေါက်ပြီး တိတ်တဆိတ်လေး ၀င်နေတတ်ကြတယ်။ ။

အရမ်းကောင်းတယ်အကို နရီရေ…..

commentinfo By: moehtetaung18 at Dec 23, 2010
Comment #11

ကိုန၇ီထက်ေ၇ … အာပေးသွားတယ် အကို

commentinfo By: genius.jinx28 at Dec 23, 2010
Comment #12

မိုးထက်အောင်နှင့် genius.jinx28 တို့ကို
ကျေးဇူးတင်သည်။

ကိုနရီထက်

commentinfo By: နရီထက် at Dec 23, 2010
Comment #13

ကလေးငယ်တစ်ယောက်
အနက်ရောင်အဘိုးအိုပေးခဲ့တဲ့
အရုပ်ငယ်ကလေးကို ကြည့်ပြီး…
နောက်တစ်ခေါက်လာရင် အရုပ်ကြီးကြီး ယူလာခဲ့ပေးပါတဲ့
မျှော်လင့်တကြီး စောင့်နေပါရစေတဲ့…
အနက်ရောင် အဘိုးအိုက တစ်ချက်ပြုံးလိုက်သေးတယ်
သည်မျှော်လင့်ချက်တွေကို ရိုက်ချိုးချေမွချင်နေတာ…

အဲဒီစာသားလေးကို ကြိုက်တယ်ဗျ
ထိတယ်လေ

commentinfo By: မင်းခန့်သူ at Dec 23, 2010
Comment #14

ကဗျာလေးက ခံစားလို့ကောင်းပါတယ် ..နောက်လည်းဒီလိုကဗျာတွေဆက်ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်…

commentinfo By: thelko at Mar 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment