Professional Authors

ငါ မဟုတ်ခဲ့တဲ့ ငါ……. ( နှောင်းလူ )

 

ရက်စွဲမဟုတ်တဲ့ နေရက်မှာမှ
 

ပြဿဒါးရက်က ကန့် လန့် တိုးခဲ့

ရှေ့ တိုးရခတ် နောက်ဆုတ်ရခတ်နဲ့ 

စမ်းတ၀ါးဝါးနဲ့  တွေဝေနေခဲ့တယ်

ပုံမှန်မဟုတ်တဲ့ မိထ္ထူဘ၀နဲ့ 

ရာစုနှစ်တွေတောင် တိုင်ခဲ့ပြီးပြီ

ခြစားနေတဲ့ စာရွတ်ပိုင်းလောက်တောင်မှ

တန်ဖိုးတွေ နိမ့်ကျမှုတွေ များနေပါလား..

ရုပ်သေးရုပ်တရုပ်လို့  ကြိုးဆွဲရာ ကခိုင်းပြီး

အသပြာနဲ့ ဆုံးရူံးနေတဲ့ လူကျင့်ဝတ်တွေနဲ့ 

ဖောဖောသီသီသုံးနေတဲ့ ဟန်ဆောင်မှုတွေက

ရုပ်သေးရုပ်လို မရုန်းထွက်သာစေဘူး

ချူပ်ရိုးအဖာတရာနဲ့  ရိုးသားမှုတွေ

ဖုံးဖိရင်း ကိုယ်ကိုကိုယ် ပြန်လည်စမ်းစစ်လို့ 

ကလေးဘ၀ရဲ့ ရိုးသားမှုကို ပြန်တမ်းတရင်း

ငါ မဟုတ်တဲ့ ငါ ဟာ ငါ မဟုတ်ခဲ့ပါဘူး..။

In: ကဗျာ Posted By: Date: Dec 23, 2010
Comment #1

ဖောဖောသီသီသုံးနေတဲ့ ဟန်ဆောင်မှုတွေက

ရုပ်သေးရုပ်လို မရုန်းထွက်သာစေဘူး

ချူပ်ရိုးအဖာတရာနဲ့  ရိုးသားမှုတွေ

ဖုံးဖိရင်း ကိုယ်ကိုကိုယ် ပြန်လည်စမ်းစစ်လို့ 

ကလေးဘ၀ရဲ့ ရိုးသားမှုကို ပြန်တမ်းတရင်း

ငါ မဟုတ်တဲ့ ငါ ဟာ ငါ မဟုတ်ခဲ့ပါဘူး..။

ကြိုက်ပါသည်။

commentinfo By: နရီထက် at Dec 23, 2010
Comment #2

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ..။

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #3

ရုပ်သေးရုပ်လို မရုန်းထွက်သာစေဘူး

ချူပ်ရိုးအဖာတရာနဲ့  ရိုးသားမှုတွေ

ဖုံးဖိရင်း ကိုယ်ကိုကိုယ် ပြန်လည်စမ်းစစ်လို့ 

ကလေးဘ၀ရဲ့ ရိုးသားမှုကို ပြန်တမ်းတရင်း

ငါ မဟုတ်တဲ့ ငါ ဟာ ငါ မဟုတ်ခဲ့ပါဘူး..။

မှန်တယ် ကိုနှောင်းလူ၊ ကောင်းတယ်ဗျာ၊ အားပေးနေတယ်နော်

Comment #4

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော် လိပ်ပြာရေ….

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #5

အစအဆုံးကောင်းပါတယ်ဗျာ…….

commentinfo By: moehtetaung18 at Dec 23, 2010
Comment #6

ဟုတ်ကျေးဇူးပါ ကို မိုးထက်ရေ…….

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #7

ကိုနှောင်းလူ ညီ အားပေးသွားတယ်နော် ကောင်းတယ် အကို

commentinfo By: genius.jinx28 at Dec 23, 2010
Comment #8

genius.jinx28 ရေ ကျေးဇူး …….။

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #9

ဟုတ် ငါဆိုတာ တချိန်က ငါဖြစ်ခဲ့ဖူးတဲ့ အတွက် ငါဟာ ငါ ကလေးဘ၀ကို ငါကိုယ်တိုင် ငါမဟုတ်ပါပဲနဲ့ ငါပြန်တမ်းတနေခဲ့တယ်..။ ရိုးရိုးလေးပါ ကို ဇာတီရေ အဟဲ နောက်တာနော် အကို အားပေးတာ ကျေးဇူးပါ..။

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #10

ရက်စွဲမဟုတ်တဲ့ နေရက်မှာမှ

ပြဿဒါးရက်က ကန့် လန့် တိုးခဲ့

ရှေ့ တိုးရခတ် နောက်ဆုတ်ရခတ်နဲ့ 

စမ်းတ၀ါးဝါးနဲ့  တွေဝေနေခဲ့တယ်

ပုံမှန်မဟုတ်တဲ့ မိထ္ထူဘ၀နဲ့ 

ရာစုနှစ်တွေတောင် တိုင်ခဲ့ပြီးပြီ

ခြစားနေတဲ့ စာရွတ်ပိုင်းလောက်တောင်မှ

အဲဒီ စာသားလေးကို တော်တော် ကြိုက်တယ်
ရင်ထဲကို ထိသွားတာပဲဗျာ

commentinfo By: မင်းခန့်သူ at Dec 23, 2010
Comment #11

ကျေးဇူးတင်ပါတယ် မင်းခန့် သူရေ……….. 🙂

commentinfo By: နှောင်းလူ at Dec 24, 2010
Comment #12

ကောင်းပါတယ်…အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jan 27, 2011
Comment #13

ဟုတ်ကဲ့ ကျေးဇူးပါ အသဲကွဲမိုးေ၇……….:)

commentinfo By: နှောင်းလူ at Jan 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment