Professional Authors

သင်းကွဲငှက်ရဲ့ ငိုညဉ်းသံ

သူငယ်ချင်းရယ် . . .

မိုးစက်တွေနဲ့အတူရောက်ရှိလာပြီး

မိုးပြေးလေးတွေလို

မင်းထွက်ပြေးသွားခဲ့တာ

အသေအချာ ရေတွက်ကြည့်ရင်

နာရီတွေတောင်

အံသြလောက်ပါရဲ့ . .။

သူငယ်ချင်းရယ် . . .

ပျော်ရွှင်ခြင်းတွေနဲ့အတူ ရယ်စရာလေးတွေ

ဖန်တီးတတ်တဲ့ မင်းကို

လွယ်လွယ်နဲ့ မေ့နိုင်ဖို့ဆိုတာ

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲတဲ့ . . .။

သူငယ်ချင်းရယ် . . .

ခဏလေးပါပဲ တကယ်ကို ခဏလေးပါပဲ

ငါ့ဘ၀ထဲကို မင်းရောက်လာတဲ့အချိန်က

အရမ်းကို တိုတောင်းလွန်းလှပါတယ်

ဒါပေမယ့် . . .

မင်းဘက်ကငါ့ကိုလေ

ခဏလေးပဲဖြစ်ဖြစ် သတိရတဲ့အချိန်

ဒါမှမဟုတ်

မင်းဝမ်းနည်းအားငယ်နေချိန်မှာ မင်းပြန်လာရင်

ငါ့ဘက်က

အဖြူရောင်စည်းဝိုင်းထဲမှာ စောင့်နေတယ်ဆိုတာ

မင်းကို သိစေချင်လိုက်တာသူငယ်ချင်းရယ် . . .။

Comment #1

င်းဘက်ကငါ့ကိုလေ

ခဏလေးပဲဖြစ်ဖြစ် သတိရတဲ့အချိန်

ဒါမှမဟုတ်

မင်းဝမ်းနည်းအားငယ်နေချိန်မှာ မင်းပြန်လာရင်

ငါ့ဘက်က

အဖြူရောင်စည်းဝိုင်းထဲမှာ စောင့်နေတယ်ဆိုတာ

မင်းကို သိစေချင်လိုက်တာသူငယ်ချင်းရယ် . . .။

ကြိုက်ပါသည်။

commentinfo By: နရီထက် at Dec 22, 2010
Comment #2

ထိတယ်ဗျို့ မိုက်တယ်း)

commentinfo By: ကေအက်(စ်)အို at Dec 22, 2010
Comment #3

ကောင်းတယ်ဗျို့ . . .လက်စွမ်းတွေ ပြလှချည်လားဗျ

Comment #4

အဖြူ ရောင်စည်း ၀ိုင်းထဲကို …သူငယ်ချင်းလေး ….ပြန်ရောက်လာပါစေလို့……………..

commentinfo By: မိုးသစ်ညို at Dec 22, 2010
Comment #5

ငါ့ဘက်က

အဖြူရောင်စည်းဝိုင်းထဲမှာ စောင့်နေတယ်ဆိုတာ
မင်းကို သိစေချင်လိုက်တာ ကောင်းတယ်ဗျို…

commentinfo By: genius.jinx28 at Dec 22, 2010
Comment #6

သိသွားပြီ…..ကဲဘယ်မှာလဲစည်းဝိုင်း….
ကောင်းပါတယ်…အားပေးသွားတယ်….

commentinfo By: အသဲကွဲမိုး at Jan 24, 2011
Comment #7

ခဏလေးပါပဲ တကယ်ကို ခဏလေးပါပဲ

ငါ့ဘ၀ထဲကို မင်းရောက်လာတဲ့အချိန်က

အရမ်းကို တိုတောင်းလွန်းလှပါတယ်

commentinfo By: tabound at Jan 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment