Professional Authors

မပျံသန်းနိုင်တဲ့ နေ့ဆို အငွေ့ပျံ

စက်ရုံကလေးမှာ

ကုန်ကြမ်းတွေ သာ အထပ်ထပ်ပုံလာရတယ်

ကုန်ချောတွေ ထွက်မလာဘူး

စက်ရုံကလေး က မမာရှာဘူး

လိုအပ်ချက်ကလေး ပြည့်မှီဖို့ကို

တဆတ်ဆတ် တုန်ခါ အောင် မောင်းနှင်နေရတယ်

တစ်ချို့ နေ့တွေဆို ချောင်းတဟွတ်ဟွတ်နဲ့

ဆတ်တစ်ငင် ငင် ဖြစ်လို့

ခဏခဏ ပြင်ဆင်နေရတာနဲ့ တိုက်စားကုန်တာပဲ

စက်ရုံလေး ဆီမှာ စကူ စ တွေ မရှိဘူး ..

မီးလင်းဖို မရှိဘူး……ဒဏ်ရာတွေသာ ရှိတယ်။

စက်ရုံလေး ရဲ့ ခေါင်မိုးမှာ

အလင်း ပေါက်တွေ ထောင်သောင်း

အိုဟောင်း ဆွေ့မြေ့ နေတဲ့ အခေါင်းတလား ပါပဲ ။

ရာသီတွေရဲ့  တိုက်စားမှုမှာ

စက်ရုံကလေး က ဖျားနာနေရတယ်

အရည်အသွေး ချို့  ငဲ့ တဲ့

ကုန်ချောလေး ဖြစ်ဖို့ ကိုပဲ လောင်ကျွမ်းနေရတယ်

အမောလဲ ဖောက်တတ်တဲ့ စက်ရုံကလေးဟာ

ဆေး တွေသောက်ရလွန်းလို့ နာကျင်နေရတယ်

စက်ရုံကလေး ရဲ့ အသက်ငွေ့

ခပ်ယဲ့ယဲ့ သာ ကျန်တော့တဲ့ ညနေခင်းဟာလဲ

အလင်းသစ် ရှာမတွေ့တဲ့

အငွေ့ပျံ …….ည…နေ….ခင်း ….။  ။

 

မိုးသစ်ညို

In: ကဗျာ Posted By: Date: Dec 22, 2010
Comment #1

ကြိုက်တယ်ဗျို့
အားပေးသွားတယ်နော်
5 မိနစ်ကြိးတောင် ကြာတယ်ဗျ

commentinfo By: မင်းခန့်သူ at Dec 22, 2010
Comment #2

ရာသီတွေရဲ့  တိုက်စားမှုမှာ

စက်ရုံကလေး က ဖျားနာနေရတယ်

အရည်အသွေး ချို့  ငဲ့ တဲ့

ကုန်ချောလေး ဖြစ်ဖို့ ကိုပဲ လောင်ကျွမ်းနေရတယ်

အမောလဲ ဖောက်တတ်တဲ့ စက်ရုံကလေးဟာ

ဆေး တွေသောက်ရလွန်းလို့ နာကျင်နေရတယ်

စက်ရုံကလေး ရဲ့ အသက်ငွေ့

ခပ်ယဲ့ယဲ့ သာ ကျန်တော့တဲ့ ညနေခင်းဟာလဲ

အလင်းသစ် ရှာမတွေ့တဲ့

အငွေ့ပျံ …….ည…နေ….ခင်း ….။ ။

ကောင်းပါသည်။

commentinfo By: နရီထက် at Dec 22, 2010
Comment #3

ကျေးဇူးပါ….ကို မင်းခန့်သူ နဲ့ ကိုနရီထက်…..ရေ

commentinfo By: မိုးသစ်ညို at Dec 22, 2010
Comment #4

တစ်ချက်မှိုင်သွားပြီး ၀မ်းနည်းသွားတယ်ဗျာ ဖတ်ရတာ ကောင်းပါတယ်ဗျာ

Comment #5

မြန်မာနိုင်ငံက စက်၇ုံတွေထင်တယ် နော် ကိုမိုးသစ်ညို

commentinfo By: genius.jinx28 at Dec 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment