Professional Authors

မမျှတဲ့ ငါးစာ – နရီထက်

အရောင်တွေ တဖိတ်ဖိတ်နှင့်
တလျှပ်လျှပ် ရွှေရောင်ထနေတဲ့ ဘ၀ပင်လယ်ပြင်ထက်
အောက်ခြေက အနည်ထိုင်နေသလား
အနည်ကျနေသလား…
တလှုပ်လှုပ်နှင့် ရွှေငါးငယ်လေးတွေကို
တွေးမြင်မိတယ်…

ကျိုးကျနေတဲ့ ငါ့စိတ်ဓါတ်နှင့်
ဆန္ဒတစ်စုံလို ငါးမျှားချိတ်ထဲ
အစာဆိုတဲ့ ငါ့ခွန်အားတစ်ပိုင်း
အသာအယာလေး ချိတ်ဆွဲမိတယ်
ရောင့်ရဲတဲ့ စိတ်ငယ်ကလေးနှင့်
ရွှေငါးကလေးတွေကို မျှားချင်တယ်…

အချိန်တွေ တရွေ့တရွေ့နှင့်
ပွက်ထလာတဲ့ ငါးခုန်ခြင်းလား
ဘ၀အနိမ့်အမြင့်တွေလား
ငါ သေချာအောင် ကြည့်နေမိတယ်
ဝိုးတ၀ါးပါပဲ…
စမ်းတ၀ါးဝါးနှင့် ငါးမျှားကြိုးကို
ခပ်ရှည်ရှည်လေး လှန်ထားတယ်
ခပ်တင်းတင်းလေးနှင့် ကြိုးစတွေ ဆွဲလုပ်မိတယ်
ငါ့အောင်မြင်မှုက ငါအတွက်
ရောက်လာကြမှာလား…

ကံကောင်းခြင်းလိုပဲ အစက အသိအမှတ်ပြုကြတယ်
နောက်တော့လည်း ကံဆွဲရာ အလိုက်သင့်
လိုက်မျောရင်း ကြိုးစကို ဆွဲမိတယ်
လွယ်လွယ်လေးနှင့် ဘယ်ရပါမလဲ…
ငါက ကြိုးစဆွဲလိုက် သူက အတင်းဆွဲလိုက်
ဒွန်းတွဲနေတဲ့ စိတ်အစာတွေက
အတွင်းက လှုံဆော်ချက်တွေနှင့်
ခပ်မြန်မြန်လေး မိချင်တယ်…
မြင်ချင်လှပြီး…

အတွေးတွေကို လျှပ်ခနဲ ဖြတ်ဖြစ်လိုက်သလို
အတွေးတွေကို ရပ်စေသလို…
ဒိတ်ခနဲ သည်ရင်ကို ခါစေတယ်
ငါ့ငါးမျှားကြိုး  ဆောက်ခနဲ အဖြုတ်ခံလိုက်ရတယ်
အော်… ငါကို သူက ခုန်ပျံလိုက်သေး
ကြီးလိုက်တဲ့ ငါးကြီး…
တဟုန်းထိုး ရေနက်နက်ထဲ ခေါင်းထိုး ပြေးနေတယ်
ငါ့ရဲ့ဘ၀အစာ ငါးမျှားချိတ်ကို
သူ မမှုခဲ့ပါဘူး…

မမျှသာတဲ့ ငါ့ရဲ့ဘ၀အစာ
သူအဖို့တော့ ရယ်စရာပေါ့…
နောက်တစ်ကြိမ်တွေ့ဖို့အတွက်
မင်း ခပ်ကြီးကြီးလေး ကြိုးစားထားလိုက်လို့ ပြောလိုက်သလိုပဲ
အော်… ငါးစာကြီးကြီး ပြင်ဆင်ခဲ့ပါတဲ့….
ငါ့ရဲ့ စိတ်အစာတွေကို ချေဖျက်လိုက်ပြန်ပြီးပေါ့
နောက်တစ်ခေါက်ဆိုတဲ့ အတွေးထဲမှာ…
ငါးကြီးကြီးတွေ ရှိနေအုန်းမှာ…
ငါးမျှားချိတ်လည်း အကြီးကြီးလိုအပ်နေအုန်းမှာပဲ…

နရီထက်
( ၂၂ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Dec 22, 2010
Comment #1

ကြိုက်တယ်ဗျို့
အားပေးသွားတယ်နော်
5 မိနစ်ကြိးတောင် ကြာတယ်ဗျ

commentinfo By: မင်းခန့်သူ at Dec 22, 2010
Comment #2

ကျေးဇူးပါ…

မင်းခန့်သူ…

အတွေးတွေကို အချိန်ပေးပြီး အကြိုက်ဖတ်သွားလို့…

commentinfo By: နရီထက် at Dec 22, 2010
Comment #3

ကျိုးကျနေတဲ့ ငါ့စိတ်ဓါတ်နှင့်
ဆန္ဒတစ်စုံလို ငါးမျှားချိတ်ထဲ
အစာဆိုတဲ့ ငါ့ခွန်အားတစ်ပိုင်း
အသာအယာလေး ချိတ်ဆွဲမိတယ်
ရောင့်ရဲတဲ့ စိတ်ငယ်ကလေးနှင့်
ရွှေငါးကလေးတွေကို မျှားချင်တယ်…
(ဒီစာသားကထိတယ်ဗျာ)

commentinfo By: ကေအက်(စ်)အို at Dec 22, 2010
Comment #4

ကျေးဇူးပါပဲ…

ကေအက်(စ်)အို….

အားပေးနေတဲ့အတွက်…

commentinfo By: နရီထက် at Dec 22, 2010
Comment #5

ကောင်းတယ်ဗျ….အစ်ကိုနရီရေ….
အားပေးနေပါတယ်ဗျာ…….

commentinfo By: moehtetaung18 at Dec 22, 2010
Comment #6

ကျေးဇူးပါ…

မိုးထက်အောင်….

commentinfo By: နရီထက် at Dec 22, 2010
Comment #7

မမျှသာတဲ့ ငါ့ရဲ့ဘ၀အစာ
သူအဖို့တော့ ရယ်စရာပေါ့…
ဒွန်းတွဲနေတဲ့ စိတ်အစာတွေက
အတွင်းက လှုံဆော်ချက်တွေနှင့်
ခပ်မြန်မြန်လေး မိချင်တယ်…
တလှုပ်လှုပ်နှင့် ရွှေငါးငယ်လေးတွေကို
တဟုန်းထိုး ရေနက်နက်ထဲ ခေါင်းထိုး ပြေးနေတယ့်
ငါ့ရဲ့ဘ၀အစာ ငါးမျှားချိတ်ကို
သူ မမှုခဲ့ပါဘူး…

ကြိုက်တယ်ဗျာ။ အားပေးသွားတယ် ကိုနရီထက်ရေ

Comment #8

ကျေးဇူးပါ… တောင်ပံမဲ့လိပ်ပြာ.. ရေ

commentinfo By: နရီထက် at Dec 22, 2010
Comment #9

ကောင်းတယ် ကိုန၇ီထက် အားပေးသွားတယ်

commentinfo By: genius.jinx28 at Dec 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment