Professional Authors

ကိုယ့်ကိုယ်ကိုပြန်မျှားခြင်း (သက်ထွေး)

နေကောင်းလားလို့ မမေးဖြစ်ဘူး ..
အစာမှန်မှန်တော့ ကျွေးဖြစ်တယ် ..
အိပ်ခိုင်းတာပဲ ..
ပြောလည်း ပြောပြောပါ  ..
(ဘယ်တုန်ကရဘူးလဲ)
ရယ်သံကအစ
အေးတိအေးစက်နိုင်လာတယ် ..
စိတ်နဲ့ဆက်နွယ်မှုလည်း
အရေပြားလို အပေါ်ယံဆန်ဆန်ပဲ …
စိတ်လိုလက်ရ တွေးဖြစ်သေးပေမယ့်
သူ ယုံကြည်မှုနည်းလာတယ်တဲ့ …
သာလိကာလို ဝတ္တရားဆန်တဲ့ တုန့်ပြန်မှုမျိုး
မဖြစ်မနေဆက်ဆံရတဲ့အခါမျိုး မကြာမကြာထုတ်သုံးတယ် ..
ကောင်းကောင်းဟန်မဆောင်တတ်ပေမယ့်
သရုပ်ဆောင်တတ်လာတယ် ..
ဘီယာတစ်ခွက်လို အမြှုပ်မထနိုင်တော့တဲ့ ဆန္ဒ
လိုတာမရတာနဲ့ဘဲ အနည်ကျလာတယ် ..
မျှားစာ၊ ထောင်စာ တို့ထက်
မျှားချိတ်၊ ထောင်ချောက် တို့လို
အဆုံးသတ် သပ်ရပ်မှုမျိုး သူအလိုရှိလာတယ် ..
နီးနီးလာပေမယ့်
ခေါ်နေတဲ့အသံက တိုးတိုးသွားတယ် ..
မျှော်လင့်ခြင်းမှာ
ဆွဲငင်အားရှိသလို
တွန်းကန်အားလည်းရှိတယ်ဆိုတာ
တဖြည်းဖြည်း နားလည်လာတယ် ..
တစ်ချိန်က ကိုငှက်ရဲ့ သက်ငြိမ်ဂီတမှာ
သူ့ရဲ့ ရုပ်သေ ခံစားချက်တစ်ချို့ ပိရိလာတယ် ..
အခု …
ဟိုင်းဝေးလမ်းမကြီးလို
ခပ်ပြင်းပြင်းအသက်ရှူသံတွေကို အဖော်လုပ်ရင်း
သူ့ဆီသူပြန်မရောက်ဖြစ်တာကြာတာနဲ့
သူ့ကိုယ်သူပြန်မျှားနေတယ်။ ။

သက်ထွေး
ဒီဇင်ဘာ ၁၇ ၂၀၁၀ မနက် ၁၂း၁၇

In: ကဗျာ Posted By: Date: Dec 21, 2010
Comment #1

ကိုသက်ထွေးကြီး ကဗျာအသစ်တွေမရေးတော့ဘူးလားဗျ။။

commentinfo By: moezat at Dec 21, 2010
Comment #2

ဟုတ်တယ် ကိုမိုးဇက် … အခုတလော ကျွန်တော် ကဗျာရေးကျဲနေတယ်။ ဒီကဗျာကတော့ အသစ် တစ်နေ့ကမှ ရေးထားပြီး အခုမှ လာတင်ဖြစ်တာ။ အားပေးတာတွေအတွက် ကျေးဇူးဗျ 🙂

commentinfo By: သက်ထွေး at Dec 21, 2010
Comment #3

၁၇ ရက်နေ့ကတည်းကရေးထားတာဆို ကိုသက်ထွေးကြီး။ အစ်ကို့ဆိုဒ်ကိုခဏခဏ ရောက်တယ်ဗျ။

commentinfo By: moezat at Dec 21, 2010
Comment #4

မျှော်လင့်ခြင်းမှာ
ဆွဲငင်အားရှိသလို
တွန်းကန်အားလည်းရှိတယ်ဆိုတာ
တဖြည်းဖြည်း နားလည်လာတယ် ..
တစ်ချိန်က ကိုငှက်ရဲ့ သက်ငြိမ်ဂီတမှာ
သူ့ရဲ့ ရုပ်သေ ခံစားချက်တစ်ချို့ ပိရိလာတယ် ..
အခု …
ဟိုင်းဝေးလမ်းမကြီးလို
ခပ်ပြင်းပြင်းအသက်ရှူသံတွေကို အဖေါ်လုပ်ရင်း
သူ့ဆီသူပြန်မရောက်ဖြစ်တာကြာတာနဲ့
သူ့ကိုယ်သူပြန်မျှားနေတယ်။ ။

ကောင်းတယ်ဗျာ….

commentinfo By: နရထက် at Dec 22, 2010
Comment #5

ကိုယ့်ကိုယ်ကိုပြန်မျှားအုံးမယ်ကွာ.. 😀

commentinfo By: ရွှေငါး at Dec 22, 2010
Comment #6

သပ်ရပ်လိုက်တာဗျာ… 😀

commentinfo By: ic23u0 at Dec 24, 2010
Comment #7

နီးနီးလာပေမဲ့
ခေါ်နေတဲ့အသံက တိုးတိုးသွားတယ် ..
မျှော်လင့်ခြင်းမှာ
ဆွဲငင်အားရှိသလို
တွန်းကန်အားလည်းရှိတယ်ဆိုတာ
တဖြည်းဖြည်း နားလည်လာတယ် ..
တစ်ချိန်က ကိုငှက်ရဲ့ သက်ငြိမ်ဂီတမှာ
သူ့ရဲ့ ရုပ်သေ ခံစားချက်တစ်ချို့ ပိရိလာတယ် ..
အခု …
ဟိုင်းဝေးလမ်းမကြီးလို
ခပ်ပြင်းပြင်းအသက်ရှူသံတွေကို အဖေါ်လုပ်ရင်း
သူ့ဆီသူပြန်မရောက်ဖြစ်တာကြာတာနဲ့
သူ့ကိုယ်သူပြန်မျှားနေတယ်။ ။

clappingggggg..

/* ကောင်းတယ်.. ကဗျာလေးက အတည်.. (:
ကြိုက်တယ် အတည်**********77777777777777 ကို အရင်ကဗျာတွေလိုပဲ.. (:
အဲလိုမျိုး ကဗျာတွေ များကြီး ရေးတဲ့သူ (:
ကောင်းတာတွေကို ကောင်းတယ် ကြိုက်တယ် ပြောဖို့ အဲလောက်ခက်မှန်း သိခဲ့ဘူး.. */

commentinfo By: ဖြိုးဖြိုး at Dec 25, 2010
Comment #8

လန်းတယ်ဗျာာာာာာာာာာာာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment