Professional Authors

သူတို့ပြောသော အမျိုးမျိုးသော

(၁)

အစ်မကမှ သူ့ကိုမခွဲနိုင်တာ

ဘာတတ်နိုင်မှာလဲကွယ်

သိလည်း မသိချင်ယောင်ဆောင်နေရုံပဲလေ

သူစိတ်ချမ်းသာဖို့ အဓိကပါ

ပေးဆပ်ခြင်းလို့ခံယူထားပါတယ်။

(၂)

သစ္စာမဲ့လွန်းတယ်

အဲ့ဒီကိစ္စကို အခုထိနားမလည်နိုင်သေးဘူး

ရူးမတတ်ခံစားနေရသလို ဒေါသလည်းထွက်နေတယ်

ကျွန်တော်…

ဘာမှမပြောချင်တော့ဘူး။

(၃)

ယောက်ျားတွေအတွက် မိန်းမတွေလိုအပ်တယ်

ကိုယ်ကတော့ အချစ်ကို အဓိပ္ပာယ်ဖွင့်ဖို့မစဉ်းစားခဲ့ဖူးဘူး

ဘာကိစ္စဖြစ်ဖြစ် သူ့အကြောင်းနဲ့သူရှိမှာပဲ

အစွဲအလန်းမထားတတ်သလို

အပြစ်လည်းမတင်တတ်ဘူး

ပွေရှုပ်ခဲ့တယ်ဆိုပေမယ့် မယုတ်မာခဲ့ဘူးလေ။

(၄)

ယောက်ျားတွေဆိုတာ

သနားစရာကောင်းတဲ့အရူးတွေရှင့်

မိန်းမတွေ ဒူးနဲ့မျက်ရည်သုတ်နေရတယ်ဆိုတာ

အဲဒီမိန်းမတွေရဲ့ ညံ့ဖျင်းမှုပဲ

ကျွန်မကတော့ ဘယ်ယောက်ျားမှ မယုံဘူး။

(၅)

အစ်ကို့မိန်းကလေးက အရမ်းရိုးတာကွ

တစ်ခါတစ်လေ စနောက်မိရင်တောင်

မျက်ရည်ဝဲပြီး အသံတွေတုန်လာတတ်တာ

ဘာလေးမှန်းမသိဘူး

နေပါကွာ

အစ်ကို့အတွက်တော့ တစ်ခြားမိန်းကလေးကိုပြောင်းချစ်ဖို့ဆိုတာ

ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး စိတ်ချ။

(၆)

အလကား အဲလူကြီးက အူကြောင်ကြောင်ကြီး ဟီဟိ

ဒါပေမယ့် ညီမဆိုးသမျှ အနွံတာခံတယ်

ကြာတော့လည်း သံယောဇဉ်တွယ်သွားတာနေမှာပေါ့နော်

ပြောတတ်ဖူး

ဒါပေမယ့်

ညီမဘ၀အတွက်လည်း သူ့ပဲရွေးချယ်မှာပါ။

 

 

 

In: ကဗျာ Posted By: Date: Dec 21, 2010
Comment #1

ဓမ္မတာတစ်ခုပါဘဲ …

Leave Comments

Name*

Email*
Website
Email me whenever there is new comment