Professional Authors

လွမ်းလျက်စောင့်နေသူ (မိုးဇက်)

အလွမ်းတွေနဲ့ထုဆစ်

ငါ့ရင်တွင်းဖြစ်ကဗျာတွေမှာ

ရင်နာခြင်းတွေမပါဘူး ချစ်သူ……

 

မင်းထားသွားတဲ့နောက်

ဒဏ်ရာပျောက်လိမ့်နိုး

အလွမ်းပင်တွေပဲပျိုးနေမိတယ် ချစ်သူရယ်….….

 

အခုဆို…..

ငါ့ရင်ထဲကအလွမ်းပင်တွေ

တအားရှင်သန်နေမှ

ဘယ်လိုသတ်ရမလဲ   ဆိုတာ

ငါမသိတော့ပါဘူး ချစ်သူရာ….…..

 

အလွမ်းခါးခါးတွေနဲ့

နေသားကျနေတာလည်း

အတော်ကြာပြီပဲ    ချစ်သူရယ်……

 

ဒါပေမယ့်  ချစ်သူရေ…..

ဒဏ်ရာတွေနဲ့ဆွေး

အလွမ်းနာကင်းစင်ရေး

မင်းပြန်လာပေးပါ ချစ်သူရာ

ငါအလွမ်းကမ္ဘာမှာစောင့်နေတာ

အတော်ကြာပါပြီကွာ။။။။။

 

In: ကဗျာ Posted By: Date: Dec 21, 2010
Comment #1

အလွမ်းတွေနဲ့ထုဆစ်

ငါ့ရင်တွင်းဖြစ်ကဗျာတွေမှာ

ရင်နာခြင်းတွေမပါဘူး ချစ်သူ……

အရမ်းကောင်းပါတယ်အကိုမိုးဇက်ရေ……
ညီအားပေးနေပါတယ်ဗျ…….ဂွတ်….
🙂

commentinfo By: moehtetaung18 at Dec 21, 2010
Comment #2

ကျေးဇူးပဲညီလေး ကိုကြီးမို့မြောက်ပေးနေတယ်ထင်တယ်။ မကောင်းရင်လည်းမကောင်းဘူးပြောနော်။ 😀

commentinfo By: moezat at Dec 21, 2010
Comment #3

ကောင်းတယ်ကိုမိုးဇက်ရေ…………..
ညီညီလဲ အားပေးနေတယ်နော်
ကိုမိုးဇက်ကဗျာတွေက ဟတ်ထိစေတယ်ဗျာ
အဟုတ်ကိုပြောတာ………
ဟီး ဟီး ဟီး
ဒါနဲ့ သူနာပြုကောင်စီနဲ့ ညောင်ပင်လေးဈေးက ဘယ်မှာရှိလဲဟင်
……….
သိရင် ပြောပြပါလားလို့…………

commentinfo By: မွန်စိုက် at Dec 21, 2010
Comment #4

ဘယ်အချိန်ထိစောင့်နေမှာလဲ အကို အမြန်ဆုံး ပြန်လာပါစေ ဗျာ…

commentinfo By: genius.jinx28 at Dec 21, 2010
Comment #5

အစ်ကိုမိုးဇက်ရာ အစ်ကို့ချစ်သူ အမြန်ပြန်လာစေဖို့ ဆုတောင်းပေးပါတယ်ဗျာ…
ဘယ်လို ရုပ်လေးလဲဟင် ကဗျာဖတ်ပြီး အစ်ကိုအစား ၀င်ခံစားကြည့်တာ ပုံမဖော်တတ်လို့ မေးကြည့်တာပါဗျာ
…. 🙂

Comment #6

ကျေးဇူးပဲအားပေးတဲ့အတွက် လိပ်ပြာလေးနဲ့ မင်းခန့်ရေ။ ညီတို့ပေးတဲ့ဆုနဲ့အမြန်ပြည့်ချင်ပါတယ်ကွာ။ လိပ်ပြာလေးရေ….. ဘယ်လိုရုပ်လဲဆိုတော့ မိုးယုစံ ရုပ် ။ မဟုတ်ဘူးလို့ပြောတာ။ 😀 😛

commentinfo By: moezat at Dec 21, 2010
Comment #7

nice poem

commentinfo By: ei lay at Jan 6, 2012
Comment #8

read again par

commentinfo By: ei lay at Jan 28, 2012
Comment #9

lwan loh tay dot me

commentinfo By: ei lay at Feb 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment