Professional Authors

ဒဏ်ရာ

အထဲမှာ.. ဘယ်လောက်တောင်
တောက်လောင်ကျွမ်းနေသလဲဆိုတော့
ထွက်သက်တောင် မီးခိုးငွေ့  အဖြစ်
ပြောင်းလဲသွားတာ ကြာပြီ……………

လည်ချောင်းထဲ ပူပူလောင်လောင် ပြင်းပြင်းရှရှ
ခဏလောက်များ……..
နင့်ကို မေ့ထားလို့  ရမယ်ဆိုရင်
အဲဒီသူရာ တစ်ဖန်ခွက်နဲ့ 
ငါ့ဘဝငါ မော့အသောက်မှာ
ငါ့နှလုံးသားငါ ခွဲထုတ်ပြီမြည်းလိုက်ချင်တယ်…

………..

တစ်ချိန်က
ငါအရူးအမူး စွဲလမ်းခဲ့ဘူးတဲ့
ချယ်သမထားတဲ့ နီဆွေးဆွေး နှုတ်ခမ်းတစ်စုံ
အခုတော့……
တွေးမိတိုင်း သွေးပျက်ကြောက်လန့် 
” နင် ” ဆိုတဲ့ ဓါးတစ်ချောင်းနဲ့ 
ငါ့ရင်ဘတ်ကြီး ငြိငြိနေတာ
ထပ်ကွဲစရာရင်လဲ မရှိတော့ဘူး………….

အဲဒီ့ မာယာ တစ်နံတစ်လျား
နင်ဘယ်လိုများ ပြုစားသွားခဲ့သလဲ…..?
လူလဲ အလဲလဲ အပြိုပြို
ဖြစ်နိုင်ရင် တိမ်တိုက်တွေအထိ တက်ငိုပစ်လိုက်ချင်တယ်……
အခုတော့…………..အေ့
< ဗျို့  အစ်ကိုရေ  နောက်တစ်ပိုင်းလောက် >

In: ကဗျာ Posted By: Date: Dec 16, 2010
Comment #1

တစ်မျိုးဆန်းပြီး ကောင်းတယ်

Comment #2

ဗျို့ အစ်ကိုရေ နောက်တစ်ပိုင်းလောက် >

အဲနားလေးက တော့ အမိုက်ဆုံးပဲ ဗျို့

commentinfo By: genius.jinx28 at Dec 17, 2010
Comment #3

really nice,
i like it,

commentinfo By: ei lay at Jun 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment