Professional Authors

ကျေနပ်ပါ မိန်းကလေးရယ်……..

ကောင်းကင်ကြီးက အုပ်မိုးပေးတယ်
ကြယ်လေးတွေက လမ်းပြပေးတယ်
နေမင်းကြီးကနွေးထွေးမှုတွေယူတဲ့…
လမင်းကြီးကတော့ အေးမြမှုပေးချင်တယ်တဲ့……….
မြေပြင်ကြီးကတော့ နင်သွားလိုရာကို ကျောပိုးပေးမယ့်တဲ့……….
ရေပြင်ကတော့ နင်အရမ်းမောဟိုက်လာရင် သုံးဆောင်တဲ့…………….

ကိုယ့်ရင်ခွင်ကတော့ မင်းနားခိုရာ ဗိမာန်ဆောင်လေးပေါ့……..
မိန်းကလေးရယ်..ကမ္ဘာကြီးက မင်းအတွက် ………………………
ဒီရင်ဘတ်ကြီးကလဲ မင်းအတွက် ထပ်တောင်းဆိုမှုရှိသေးလား..
ရှိရင်လဲ မင်းအတွက်ပါပဲ……….
ပေးဆပ်မှုတွေအဆုံးမှာ..မင်းကျေနပ်ပါတော့ မိန်းကလေးရယ်…………။

In: ကဗျာ Posted By: Date: Dec 16, 2010
Comment #1

ကိုယ့်ရင်ခွင်ကတော့ မင်းနားခိုရာ ဗိမာန်ဆောင်လေးပေါ့……..
မိန်းကလေးရယ်..ကမ္ဘာကြီးက မင်းအတွက် ………………………
ဒီရင်ဘတ်ကြီးကလဲ မင်းအတွက် ထပ်တောင်းဆိုမှုရှိသေးလား..
ရှိရင်လဲ မင်းအတွက်ပါပဲ……….
ပေးဆပ်မှုတွေအဆုံးမှာ..မင်းကျေနပ်ပါတော့ မိန်းကလေးရယ်…………။

ကြိုက်ပါသည်။

commentinfo By: နရီထက် at Dec 16, 2010
Comment #2

အိုး..ကာရံလေးကအရမ်းကောင်းတာပဲ..မင်းအတွက်ကြီးဘဲ.. 😀

commentinfo By: ရွှေငါး at Dec 17, 2010
Comment #3

ကောင်မလေး အတွက်ပဲလား၊ကျွန်တော် ၇ဲမင်း တို့အတွက်လည်း မပါဘူး

commentinfo By: genius.jinx28 at Dec 17, 2010
Comment #4

လူ့အလိုက ဘယ်တော့မှမပြည့်ဘူးကိုမိုးဆက်ရေ
အဲဒါကြောင့်သိပ်ပြိးတော့ အလိုမလိုက်နဲ့……..
သူကဘယ်တော့မှ ကျေနပ်မှာမဟုတ်ဘူး………
ဟုတ်ဘူးလား
ကျွန်တော်ပြောတာ
…………..
အဲဒါကြောင့်ပုံမှန်ပဲ အလိုလိုက်ပေါ့သူ့ကို ………..
သူမကျေနပ်ဘူးဆိုရင် ကျွန်တော့်ဆီကို လွှတ်လာခဲ့ …………
ဒီလောက်အလိုလိုက်တဲ့ ကျွန်တော့်အစ်ကိုကို မကျေနပ်ရမလား ဆိုပြီး ပိတ်ကန်ပစ်လိုက်မယ်……………
မှတ်လောက်သားလောက်ဖြစ်အောင်………………

commentinfo By: မွန်စိုက် at Dec 17, 2010
Comment #5

တကယ်ကောအဲဒီလိုပေးနိုင်ရင်ကောင်းမယ်နော်
ယူကောပေနိုင်ပါစေလို့
ဆုတောင်းပေးပါတယ်

commentinfo By: new world at Dec 23, 2010
Comment #6

ကောင်းလိုက်တဲ့စာသားတွေဗျာ .. လူဆိုးတော့ကြိုက်သွားပီနော် …ဟိဟိ

commentinfo By: chityellusoelay at Aug 16, 2011
Comment #7

သူသာ ကျေနပ်မယ် ယူမယ်ဆို
အကုန်ကိုပေးပစ်လိုက်တော့မယ့်သဘော။။
ဒီကဗျာလေးကို အရမ်းကို ကြိုက်သွားပြီ။

commentinfo By: gadounlay at Jul 24, 2012
Comment #8

😛
😛
😛
😛
😛

commentinfo By: ei lay at Jul 24, 2012
Comment #9

So much touching.

commentinfo By: ei lay at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment