Professional Authors

အိပ်မက်ရာဇ၀င်

အချစ်ဟာ
တွန်းအားတစ်ခု မဖြစ်ရင်တောင်
နီးခြင်းဝေးခြင်းတွေတွေးတိုင်း
အနားမှာပဲနေချင်တယ်
ချစ်သူအဖြစ်မဟုတ်တောင်
ငါ့ရဲ့အရင်အတိုင်းနဲ့ပေါ့…

ငါ့ဝတ်ရည်တွေ တစ်ပွင့်ပြီးတစ်ပွင့်
နင်..သောက်သုံး
ကြာတော့ တစ်တောလုံးလဲကုန်ပြီ
ဒါတောင်ငါဆိုတဲ့သူရဲကောင်းက
ကိုယ့်ဘာသာအတွေးချော်ကိုယ့်ဘာသာကြွေးကြော်ပြီး
ပေးဆပ်ခဲ့ရသမျှ ဂုဏ်ယူချင်နေတာ..

တောက်ပချင်လွန်းလို့
ကိုယ့်ကိုယ်ကိုပဲ လောင်ကျွမ်းပစ်လိုက်တယ်
အမှောင်ရောက်မှာကြောက်လို့
အလင်းထဲကမထွက်ရဲတဲ့ကောင်ကို
နင်ပဲ…….
ပြန်ချစ်လိုက် ချန်ရစ်လိုက်လုပ်ခဲ့တာ….

နင်ကြုံတိုင်းသုံးဖြစ်တဲ့
အချစ်ဆိုတဲ့အရာ
နဲနဲ တော့အားနာဖို့ကောင်းသား
ငါ့အတွက်လို့မဆိုလိုပါဘူး
ဘာပဲဖြစ်ဖြစ် နင်….. လေးနက်သင့်တယ်။

ငါနဲ့ဆုံတိုင်း မျက်လွှာမချပါနဲ့…
တစ်ခါလောက်ဖြစ်ဖြစ်
ငါတို့နှစ်ယောက်ရဲ့ အတိတ်အကြောင်း
ငါကြုံခဲ့ရတဲ့ “တေ့လွဲ” တွေအကြောင်း
ငါ သိခဲ့တဲ့ နင့်ရည်းစားဟောင်းတွေအကြောင်း
ငါ့ကိုကြည့်ပြီး နားထောင်ပေးပါ….

လိုက်မရှာပါနဲ့တော့…
ခံစားချက်ဆိုတာအပေးအယူတစ်ခုမှမဟုတ်တာ
နင်ယူမှာလားငါယူမှာလားအတွေးနဲ့
လက်ထဲ မှာကျပျောက်သွားမှတော့
….
လိုက်မရှာပါနဲ့တော့…

“ရလိုမှု” နဲ့ “ပေးလိုမှု”
နှစ်ခုလုံးအတွက် ငါရှိချင်တာ
ဒဏ်ရာနဲ့ ဒဏ်ချက် နှစ်ခုလုံးအတွက်မကွဲပြားပေမယ့်
အမာရွတ်ချင်းတော့  ကွာတယ်…

ပျော်ချင်လို့အိမ်မက်ခဲ့တာ မဟုတ်တော့
နိုးထလိုက်….ပျောက်ဆုံးလိုက်
ပျောက်ဆုံးလိုက်…နိုးထလိုက်နဲ့ပဲ
နေမပွင့်ခင်ထဲက
လမင်းနဲ့ ရန်ဖြစ်ခဲ့တယ်….

မလွမ်းမိရင်လဲအကောင်းသား
အရင်ဆို…
ကြယ်တွေပျိုးပေးချင်တဲ့ကောင်
ခုတော့အိမ်မက်ထဲမှာတောင် “ယောင်”….လို့။
ထားလိုက်ပါတော့လေ
ကြေကွဲမှုတွေကြား
ပျောက်ဆုံးခဲ့သူတစ်ယောက်အကြောင်း
ပုံပြင်ဟောင်းကဲ့သို့မှတ်ပေးပါ။

အသုံးချခံရတာလားမေးရင်
အသုံးချခံချင်သူကိုပဲလက်ညှိုးထိုးကြမလား
မဖြေချင်တော့ပါဘူးးးးး
မှန်တာတွေနဲ့ ဆက်မှားနေဦးမယ့် ဇာတ်
အလွမ်းတွေ တစ်မိုးသောက်မှပဲ
လန့်နိုးပစ်လိုက်တယ်…….။      ။

                                 နေညို

(ကဗျာ မရေးဖြစ်တာကြာလို့ပြန်ရေးကြည့်တာ မကောင်းလဲသည်းခံပေးနော် 🙂 🙂 )

In: ကဗျာ Posted By: Date: Dec 16, 2010
Comment #1

ကောင်းပါတယ် ။ ကိုနေညို
ကိုယ့်ဘာသာအတွေးချော်ကိုယ့်ဘာသာကြွေးကြော်ပြီး
ပေးဆပ်ခဲ့ရသမျှ ဂုဏ်ယူချင်နေတာ..
အဲဒီ စာသားလေး မိုက်တယ်

commentinfo By: genius.jinx28 at Dec 16, 2010
Comment #2

တပုဒ်လုံးအရမ်းကောင်းတယ်..
အတိုးချပြီးရေးထားတာထင်တယ်..
နာလိုဘူး..။။။ 🙂

commentinfo By: Ema Yar at Dec 16, 2010
Comment #3

ငါဆိုတဲ့သူရဲကောင်းက
ကိုယ့်ဘာသာအတွေးချော်ကိုယ့်ဘာသာကြွေးကြော်ပြီး
ပေးဆပ်ခဲ့ရသမျှ ဂုဏ်ယူချင်နေတာ..
အသုံးချခံရတာလားမေးရင်
အသုံးချခံချင်သူကိုပဲလက်ညှိုးထိုးကြမလား
မဖြေချင်တော့ပါဘူးးးးး
မှန်တာတွေနဲ့ ဆက်မှားနေဦးမယ့် ဇာတ်
အလွမ်းတွေ တစ်မိုးသောက်မှပဲ
လန့်နိုးပစ်လိုက်တယ်…….။ ။
မရေးပေမဲ့ ကဗျာတွေက လတ်ဆတ်စဲပါပဲ နေညိုရေ အရမ်းကောင်းပါတယ်
အားပေးနေတယ်နော်……

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #4

လိုက်မရှာပါနဲ့တော့…
ခံစားချက်ဆိုတာအပေးအယူတစ်ခုမှမဟုတ်တာ
နင်ယူမှာလားငါယူမှာလားအတွေးနဲ့
လက်ထဲ မှာကျပျောက်သွားမှတော့
….
လိုက်မရှာပါနဲ့တော့…

“ရလိုမှု” နဲ့ “ပေးလိုမှု”
နှစ်ခုလုံးအတွက် ငါရှိချင်တာ
ဒဏ်ရာနဲ့ ဒဏ်ချက် နှစ်ခုလုံးအတွက်မကွဲပြားပေမယ့်
အမာရွတ်ချင်းတော့ ကွာတယ်…

ကောင်းပါသည်။

commentinfo By: နရီထက် at Dec 16, 2010
Comment #5

မလွမ်းမိရင်လဲအကောင်းသား
အရင်ဆို…
ကြယ်တွေပျိုးပေးချင်တဲ့ကောင်
ခုတော့အိမ်မက်ထဲမှာတောင် “ယောင်”….လို့။
ထားလိုက်ပါတော့လေ
ကြေကွဲမှုတွေကြား
ပျောက်ဆုံးခဲ့သူတစ်ယောက်အကြောင်း
ပုံပြင်ဟောင်းကဲ့သို့မှတ်ပေးပါ။
ဆိုတာကိုကြိုက်တယ်ဗျာ။ မရေးတာကြာလို့တာတော်တော့တယ်။ ရေးနေရင်တော့ ပိုပြီးကောင်းလာမလားတောင်မသိဘူး။
အားပေးနေတဲ့…………….မိုးသီး

commentinfo By: မိုးသီး at Dec 16, 2010
Comment #6

ကောင်းဘူးလို့ပဲပြောတော့မယ်။။ 😛

commentinfo By: moezat at Dec 16, 2010
Comment #7

အရမ်းကောင်းတယ် ကိုနေညို
နောက်ထပ်ကဗျာလေးတွေကိုလဲ စောင့်နေမယ်နော်

commentinfo By: နွေ at Dec 17, 2010
Comment #8

အချစ်ဟာ
တွန်းအားတစ်ခု မဖြစ်ရင်တောင်
နီးခြင်းဝေးခြင်းတွေတွေးတိုင်း
အနားမှာပဲနေချင်တယ်
ချစ်သူအဖြစ်မဟုတ်တောင်
ငါ့ရဲ့အရင်အတိုင်းနဲ့ပေါ့…တောက်ပချင်လွန်းလို့
ကိုယ့်ကိုယ်ကိုပဲ လောင်ကျွမ်းပစ်လိုက်တယ်
အမှောင်ရောက်မှာကြောက်လို့
အလင်းထဲကမထွက်ရဲတဲ့ကောင်ကို
နင်ပဲ…….
so nice

commentinfo By: angel at Feb 13, 2011
Comment #9

ဘာပဲဖြစ်ဖြစ် နင်….. လေးနက်သင့်တယ်။

commentinfo By: အသဲကွဲမိုး at Oct 18, 2012
Comment #10

အရမ်းကောင်းပါတယ်အစ်ကို…..

တစ်ခါလောက်ဖြစ်ဖြစ်
ငါတို့နှစ်ယောက်ရဲ့ အတိတ်အကြောင်း
ငါကြုံခဲ့ရတဲ့ “တေ့လွဲ” တွေအကြောင်း
ငါ သိခဲ့တဲ့ နင့်ရည်းစားဟောင်းတွေအကြောင်း
ငါ့ကိုကြည့်ပြီး နားထောင်ပေးပါ…

commentinfo By: Pyae Pyae at Oct 18, 2012
Comment #11

ဆေးစက်ချရာ အရုပ်ထင် တဲ့ ကဗျာဆရာပဲ

commentinfo By: Nothing Special at Jul 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment