Professional Authors

အရိပ်ကလေး

မိုးသည်းတဲ့နေ့တနေ့
မင်းကိုစတွေ့ခဲ့ပေမဲ့
မင်းမျက်ဝန်းထဲက
အရိပ်လေးကိုတော့
သတိမထားမိခဲ့တာ
အမှန်ပါ……..။
ရက်ကနေလကိုပြောင်းလာတော့
မပြောင်းလဲတဲ့ အရိပ်ကလေးကို
သတိထားမိလာခဲ့တယ်…….။
လကနေနှစ်တွေပြောင်းလာပြန်တော့
ငါ့မျက်ဝန်းထဲမှာလဲ
အလားတူအရိပ်ကလေးတစ်ခုကို
မင်းမြင်ပါလေစ……။

In: ကဗျာ Posted By: Date: Dec 14, 2010
Comment #1

မြင်တယ် ဖြူရေ .. မြင်တယ် .. 🙂

Comment #2

ဘာတွေမြင်နေတာလဲလိပ်ပြာလေးရဲ့…..

ငါ့မျက်ဝန်းထဲမှာလဲ
အလားတူအရိပ်ကလေးတစ်ခုကို
မင်းမြင်ပါလေစ……။
အားပေးနေပါတယ်အမဖြူဖြူရေ…..

commentinfo By: moehtetaung18 at Dec 14, 2010
Comment #3

အရိပ်ကလေးလေ အကိုမိုးထက်ကလည်း . .. လာနောက်နေတယ် . . အကိုရော မမြင်ဘူးလား အဲဒီ အရိပ်လေးကို ဟီးးး

Comment #4

ရက်ကနေလကိုပြောင်းလာတော့
မပြောင်းလဲတဲ့ အရိပ်ကလေးကို
သတိထားမိလာခဲ့တယ်…….။

GOOD….

commentinfo By: နရီထက် at Dec 14, 2010
Comment #5

အဓိပ္ပါယ် ရှိတယ် …..။ ကောင်းတယ် ဖြူဖြူရေ အားပေးသွားတယ်..။

commentinfo By: နှောင်းလူ at Dec 14, 2010
Comment #6

အားလုံးကိုဖြူကျေးဇူးတင်ပါတယ်။ဖြူကဗျာမရေးတတ်ပါဘူး။အမှားပါရင်ဖြူကိုဝေဖန်ပေးကြပါ။

commentinfo By: phyuphyu at Dec 16, 2010
Comment #7

အပြန်အလှန် ဝေဖန်ပေးကြတာပေါ့ ဖြူဖြူရေ မောင်နှမတွေပဲ……

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #8

ကျွန်တော့်ကိုလည်း ခွင့်လွှတ်ပါဗျာ . .. နောက်တာတွေလျော့ပါ့မယ် … ဝေဖန်ပေးကြပါနော်… 🙁

Comment #9

လိပ်ပြာလေးကပျောတတ်တယ်ထင်တယ်။ကောင်းပါတယ်။နောက်တာဘဲ။အမကဗျာတွေကိုဖတ်ပေးတာကျေးဇူးတင်တယ်နော်။

commentinfo By: phyuphyu at Dec 16, 2010
Comment #10

လိပ်ပြာလေးကတော်တယ်နော်။

commentinfo By: phyuphyu at Jan 7, 2011
Comment #11

အစ်မဖြူ ကျွန်တော့်လည်း ဘာမှ မလုပ်ရဘဲ လာချီးမွမ်းနေပါလား …. ဒီနေ့ စိတ်ရွှင်နေတယ်ထင်တယ်… ၀မ်းသာပါတယ်ဗျာ.. အစ်မပျော်တယ်ဆိုတော့……………… 🙂

Comment #12

မဟုတ်ဘူးလေ။အရီပ်ကလေးကိုတွေ့ တယ်ဆိုလို့ ပါ။ဒီနေ့ ပျော်နေတာမဟုတ်ဘူး။
အားလုံးကိုစိတ်ချမ်းသာစေချင်တာပါ။အမအတွက်ဒီနေ့ ကတခြားနေ့ တွေနဲ့ မတူလို့ ပါ။
ဒီနေ့ တော့ အားလုံးကိုစိတ်ချမ်းသာစေချင်တယ်။အမလဲဒီတနေ့ တော့ အားလုံးကိုမေ့ ထားချင်တယ်။

commentinfo By: phyuphyu at Jan 7, 2011
Comment #13

ဟုတ်ပါပြီဗျာ… တခြားနေ့တွေနဲ့ မတူနဲ့ ဒီနေ့လေးမှာ ကျွန်တော့်ရဲ့ အစ်မဖြူ ပျော်ရွှင်ခြင်းတွေ့ပြီး ကံကောင်းခြင်းတွေ ရရှိပါစေလို့ ကျွန်တော်ဆုတောင်းပေးတယ်နော်…..
မင်္ဂလာရှိပါစေဗျာ
🙂

Comment #14

မိုးသည်းတဲ့နေ့တနေ့
မင်းကိုစတွေ့ခဲ့ပေမဲ့
မင်းမျက်ဝန်းထဲက
အရိပ်လေးကိုတော့
သတိမထားမိခဲ့တာ
အမှန်ပါ……..။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Dec 23, 2011
Comment #15

😉
🙂

commentinfo By: ei lay at Oct 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment