Professional Authors

ကွဲလွဲသွားသော ခံစားချက်များအကြောင်း

ငါ့ကို လွမ်းတဲ့နင်က ငါနဲ့တူတဲ့ တခြားသူကို
အစားထိုး…….ဖြေသိမ့်ဖို့ကို အစွမ်းကုန် ကြိုးစားနေတယ်……….။

နင့်ကို လွမ်းမိတဲ့ငါကတော့………
နင်နဲ့ဆုံဖို့ကြိုးစား ဘ၀ရဲ့ အမောတွေကို အလွမ်းတွေနဲ့ တိုက်စားနေတယ်……….။

အချစ်ဆိုတာကို မသိသေးတဲ့နင်က
ကတိတွေကို မျက်ကွယ်ပြု
ရှေ့ဆက်ပျော်နိုင်ဖို့   အသစ်အဆန်းတွေ ဖွေရှာနေတယ်……..။

အချစ်စစ်ကို သိတဲ့ငါကတော့
နင်နဲ့ ပျော်နိုင်ဖို့ ငါ့အချိန်တွေ မြှပ်နှံရင်း
အနာဂတ်ကို ခြယ်သနေတယ်…………..။

သစ္စာကို မထိန်းနိုင်တဲ့နင်က………..
လက်တွေ့တွေမှာ ပျော်ဝင်ရင့်ပါး…..
နောက်ကြောင်းကိုမေ့ ချိုမြိန်တဲ့ စကားတွေကို သာယာနေတယ်……….။

သစ္စာကို ယုံမိတဲ့ငါကတော့……
အတိတ်တွေထဲမှာ နေသားကျ……
နင်နဲ့ဝေးတဲ့အချိန်တွေထဲလည်း……နင့်အကြောင်းကို ရင်ခုန်နေမိတယ်………။

ဘယ်လိုလဲချစ်သူရယ်……….?
နင်ပြောဖူးတဲ့ မျှော်လင့်ချက်တွေက
ငါတို့ရဲ့ ကွဲလွဲသွားတဲ့ ခံစားချက်တွေကြောင့်
တဖြည်းဖြည်း မှေးမှိန်……….
ငါတို့ရဲ့ အတွေးအိမ်ထဲ………နင်ဘယ်တော့မှ ပြန်မလာသင့်တော့ပါဘူးဟာ…….။

In: ကဗျာ Posted By: Date: Dec 11, 2010
Comment #1

ငါတို့ရဲ့ ကွဲလွဲသွားတဲ့ ခံစားချက်တွေကြောင့်
တဖြည်းဖြည်း မှေးမှိန်……….
ငါတို့ရဲ့ အတွေးအိမ်ထဲ………နင်ဘယ်တော့မှ ပြန်မလာသင့်တော့ပါဘူးဟာ…….။

Comment #2

သစ္စာကို ယုံမိတဲ့ငါကတော့……
အတိတ်တွေထဲမှာ နေသားကျ……
နင်နဲ့ဝေးတဲ့အချိန်တွေထဲလည်း……နင့်အကြောင်းကို ရင်ခုန်နေမိတယ်………။

ကောင်းတယ် ကေသရီရေ………..

commentinfo By: နှောင်းလူ at Dec 11, 2010
Comment #3

နင့်ကို လွမ်းမိတဲ့ငါကတော့………
နင်နဲ့ဆုံဖို့ကြိုးစား ဘ၀ရဲ့ အမောတွေကို အလွမ်းတွေနဲ့ တိုက်စားနေတယ်……….။

commentinfo By: moehtetaung18 at Dec 11, 2010
Comment #4

ဘယ်လိုလဲချစ်သူရယ်……….?
နင်ပြောဖူးတဲ့ မျှော်လင့်ချက်တွေက
ငါတို့ရဲ့ ကွဲလွဲသွားတဲ့ ခံစားချက်တွေကြောင့်
တဖြည်းဖြည်း မှေးမှိန်……….
ငါတို့ရဲ့ အတွေးအိမ်ထဲ………နင်ဘယ်တော့မှ ပြန်မလာသင့်တော့ပါဘူးဟာ…….။

ဟုတ်တယ်အဲကောင်မောင်းထုတ်ပစ်လိုက်……သစ္စာမ၇ှိတဲ့ကောင် 🙁

commentinfo By: moezat at Dec 11, 2010
Comment #5

ချစ်သူတိုင်း ကြုံတွေရမယ်
အရာတွေလေ
တော်တော်ကောင်းပါတယ်
အချိန် 5 မိနစ်လောက်ပေးပြိး
ဖတ်သွားတယ်နော်

commentinfo By: မင်းခန့်သူ at Dec 12, 2010
Comment #6

အမ ကဗျာလေးက ခံစားလို့ကောင်းတယ်နော်

commentinfo By: မိုးဖြူ at Dec 17, 2010
Comment #7

နင်နဲ့ဝေးတဲ့အချိန်တွေထဲလည်း……နင့်အကြောင်းကို ရင်ခုန်နေမိတယ်…
ကောင်းတယ် အမ ကေသ၇ီ ခံစားလို့ကောင်းတယ်

commentinfo By: genius.jinx28 at Dec 17, 2010
Comment #8

မိုက်တယ်အမရာ……..တကယ်ပါ ကိုယ့် လုပ်ရပ်တွေမှားနေတာသိလိုက်ရတယ်………..

commentinfo By: သီရိဘို at Jan 22, 2011
Comment #9

အရမ်းကောင်းတယ်.နောက်လည်း ရေးပေးပါအုံး

commentinfo By:့ hnin at Jun 16, 2011
Comment #10

ဖြစ်နိုင်တယ်မကေ..အဲဒါကြောင့်ပြန်လာတာ

commentinfo By: poem.poem28 at Jul 12, 2011
Comment #11

ဘယ်လိုလဲချစ်သူရယ်……….?
နင်ပြောဖူးတဲ့ မျှော်လင့်ချက်တွေက
ငါတို့ရဲ့ ကွဲလွဲသွားတဲ့ ခံစားချက်တွေကြောင့်
တဖြည်းဖြည်း မှေးမှိန်……….
ငါတို့ရဲ့ အတွေးအိမ်ထဲ………နင်ဘယ်တော့မှ ပြန်မလာသင့်တော့ပါဘူးဟာ…….။

commentinfo By: La Yeik Nge at Jan 7, 2012
Comment #12

ခံစားလို့အရမ်းကောင်းတဲ့ ကဗျာလေးပါ။

commentinfo By: gadounlay at Feb 6, 2012
Comment #13

သစ္စာကို ယုံမိတဲ့ငါကတော့……
အတိတ်တွေထဲမှာ နေသားကျ……
နင်နဲ့ဝေးတဲ့အချိန်တွေထဲလည်း……နင့်အကြောင်းကို ရင်ခုန်နေမိတယ်………။

commentinfo By: ရနံ့ at May 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment