Professional Authors

မှားတယ်

သိသလိုလိုနဲ့ မသိတတ်မှုတွေကြား
ရိုးကုပ်မှုဆိုတာ တကယ်ဟုတ်ခဲ့ရင်တောင်
နိုးတစ်ဝက် ပျော်တစ်ဝက်နဲ့ သက်ပြင်းမောတွေကြား
နေ့စဉ် ထု ဆစ် နေရတာ ပါးစပ်ပေါက်တစ်ခုဆိုတော့
မောတယ်။

ဒါပေမယ့်…
ခါးတစ်ဝက် ချိုတစ်ဝက်နဲ့ ဘ၀ဟာလှတယ်။
ညဟာ နက်မယ်။
မနက်ဖြန်ဆိုတာ သိပ်ဝေးတယ်။

သိပ်မမှန်တော့တဲ့ နာရီတစ်လုံးလို
သိပ်အရာမထင်တော့တဲ့ ပြင်ဆင်ခြင်းတွေနဲ့
နိမ့်တစ်ခါ မြင့်တစ်လှည့် မပြေလည်ခြင်းတွေကြား
နေ့စဉ် ၀ါးမျိုနေရတာတွေက ရှင်သန်ခြင်းတွေဆိုတော့
မှားတယ်။ ။

In: ကဗျာ Posted By: Date: Dec 10, 2010
Comment #1

ဟုတ်ပါ့ဗျာ။။။။။။ 🙂

commentinfo By: moezat at Dec 10, 2010
Comment #2

ချိုတ၀က် ခါးတ၀က်နဲ့  လှပတဲ့ဘ၀ကို ..ဘာလို့ မှားစေချင်တာလဲ သူငယ်ချင်း…အားပေးနေမယ်နော်..။

commentinfo By: linhtike at Dec 10, 2010
Comment #3

သိသလိုလိုနဲ့ မသိတတ်မှုတွေကြား
ရိုးကုပ်မှုဆိုတာ တကယ်ဟုတ်ခဲ့ရင်တောင်
နိုးတစ်ဝက် ပျော်တစ်ဝက်နဲ့ သက်ပြင်းမောတွေကြား
နေ့စဉ် ထု ဆစ် နေရတာ ပါးစပ်ပေါက်တစ်ခုဆိုတော့
မောတယ်။
အဲ့အပိုဒ်ကိုကြိုက်တယ်

commentinfo By: မုဆိုး at Dec 10, 2010
Comment #4

ဟုတ်တယ် . . . ဟုတ်တယ် . . . အမှန်ချည်းပဲ

Comment #5

နိမ့်တစ်ခါ မြင့်တစ်လှည့် မပြေလည်ခြင်းတွေကြား
နေ့စဉ် ၀ါးမျိုနေရတာတွေက ရှင်သန်ခြင်းတွေ …. ဟုတ်ပနော်.

commentinfo By: ရွှေငါး at Dec 11, 2010
Comment #6

လာလည်သွားတယ် ကဗျာလေးကို
၃ မိနစ် အချိန်ယူ ဖတ်သွားတယ်ဗျ

commentinfo By: မင်းခန့်သူ at Dec 21, 2010
Comment #7

ပြောစရာ အခြားစကား မရှိအောင်ကောင်းတယ်

commentinfo By: jqy at Mar 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment