Professional Authors

ရင်ဝှက်ကွယ် အလွမ်း….

ရင်တခုလုံး ကွဲကြေပြီးမှ နားလည်မှုဆိုတာ
 အစားထိုး မှောင်မိုက်တဲ့ ညမှာ ငါ တိတ်ဆိတ်နေခဲ့တယ်
ဘယ်အချစ်မျိုးနဲ့ များ ဖမ်းစားခဲ့တာလည်း မင်းအတွက်
အပြစ်တစုံတရာ မရှိပါဘူး .။ ကျိန်စာ မရှိတဲ့ မေတ္တာကို
နောက်မလှည်ဘဲ ကျောခိုင်းသွားတယ်နော်..။
ဘယ်သူ ဘယ်သူ့ က မှားခဲတာလည်း
ရှင်းမရတဲ့ ပုဒ်စ္ဆာတပုဒ်လို့  အဖြေချင်း မညီမျှခဲ့ကြ
အရာမယွင်းတဲ့ အချစ်တွေ ရင်ဝယ်ပိုက်ပြီး
အိမ်အပြန်လမ်းမှာ လ မသာခဲ့ဘူး
မနေ့ တနေ့ ကလို့ ပဲ နှစ်တွေတိုင်ခဲပြီ
ကံဆိုးမှုနဲ့  ရင်နှင့်စရာ အလွမ်းကထပ်တိုးလို့ 
တံခါးဝမှာ ဖိတ်စာ ကိုင်ဆောင်ထားတဲ့ သူမနဲ့ …….
ဘာမပြောညာမပြောနဲ့  လက်ထဲရောက်လာတဲ့ ဖိတ်စာ
ဟန်ဆောင်မှုရဲ့  အပြုံးနောက်က ခံစားမှု မျက်ဝန်း
ယနေ့ ထပ်တိုင် ရင်ထဲမှာ ထင်ကျန်လို့ 
တို့ နှစ်ဦးချစ်ခဲ့ကြတာ .. ခွဲခွာဖို့ လား
အပြာရောင် ခန်းစည်းလိုက်ကာကြားက
နင်အပြုံးလေးဟာ နောက်ဆုံးအတွက်လား
အခမ်းနားပြီးလို့  စိုးရိမ့်ပူပန်သံလေးနဲ့ 
ကျန်းမာေ၇းကို ဂရုစိုက်ပါနော်တဲ့
စိတ်ချပါ မိန်းကလေးရယ်
ငါ ဆိုတာ ဒဏ်ရာကို ရင်ဝယ်ပိုက်လို့ 
နင်အတွက် ခံစားခဲ့တာ စချစ်မိပြီးတဲ့ကပါ.

In: ကဗျာ Posted By: Date: Dec 9, 2010
Comment #1

တို့ နှစ်ဦးချစ်ခဲ့ကြတာ .. ခွဲခွာဖို့ လား???

ငါ ဆိုတာ ဒဏ်ရာကို ရင်ဝယ်ပိုက်လို့ 
နင်အတွက် ခံစားခဲ့တာ စချစ်မိပြီးတဲ့ကပါ.

ကောင်းပါတယ်ဗျာ

Comment #2

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

commentinfo By: နှောင်းလူ at Dec 9, 2010
Comment #3

ကျိန်စာ မရှိတဲ့ မေတ္တာကို
နောက်မလှည်ဘဲ ကျောခိုင်းသွားတယ်နော်..။

…………..
……………………..
အရမ်းကောင်းပါတယ်ဗျာ……………..။

commentinfo By: moehtetaung18 at Dec 9, 2010
Comment #4

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျာ

commentinfo By: နှောင်းလူ at Dec 9, 2010
Comment #5

ဒီကဗျာကောင်းတယ်ဗျာ

commentinfo By: ကေအက်(စ်)အို at Dec 11, 2010
Comment #6

ကျေးဇူးတင်ပါတယ် ကေအက်(စ်)အိုရေ…..

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #7

mike de naw..
chit tine le ma nyar bu de,,sa kar pone shi de lay

commentinfo By: ei lay at Jan 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment