Professional Authors

ကမ္ဘာပေါ်က နာမည်

လမ်းတွေပျောက်ခဲ့ကြပြီလား ပုံမှန်မဟုတ်တဲ့ ရာသီတွေကြားမှာ
 နှစ် 20 လောက် အညစ်အကြေးတွေနဲ့  စိတ်ဟာ ပုံမှန်လည်ပတ်နေမြဲ
သိက္ခာကို အရောင်တင်လို့  တချို့ က နာမည်ရောင်းစားခဲ့ကြ
နာမည်အတုနဲ့  ကမ္ဘာကြီးမှာ ငါဟာလည်း မိထ္ထူအဖြစ် ရပ်တည်ခဲ့ရ
ပုတ်ပွနေတဲ့ ဟန်ဆောင်မှုတွေနဲ့  ခြေရာချင်းထပ်ခဲ့ကြတဲ့ နေစွဲများ
မွေးပြီးကတည်းက  နာမည်အခေါ်ခံရပြီးသားပဲ ထူးဆန်းမနေတော့ပါဘူး
ထပ်တူမကျနိုင်ဘူးဆိုတာ သိနေမှတော့ ဥပက္ခာဆိုတဲ့ သဘောကို ကိုင်ဆောင်လို့ 
နေ၀င် မိုးချူပ်ရင်တော့ အိမ်ပြန်ခဲ့၇တာပဲ…..။

In: ကဗျာ Posted By: Date: Dec 8, 2010
Comment #1

ဟုတ်တယ်။ အဲလို ဖြစ်နေတယ်။

Comment #2

နေ၀င် မိုးချူပ်ရင်တော့ အိမ်ပြန်ခဲ့၇တာပဲ…..။

………………………….
…………………:)

commentinfo By: moehtetaung18 at Dec 8, 2010
Comment #3

ဟုတ် အခုလို လာဖတ်ပေးတာ ကျေးဇူးပါ..

commentinfo By: နှောင်းလူ at Dec 9, 2010
Comment #4

မှန်လိုက်လေခြင်း … ။နေဝင်တော့အိပ်ပြန်ခဲ့ရတာပေါ့လို့ … 😛

commentinfo By: chityellusoelay at Aug 19, 2011
Comment #5

that’s right,
nout sone dot le home sweet home.

commentinfo By: ei lay at Jun 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment