Professional Authors

သံယောဇဉ် နှောင်ကြိုး……..။

ဘယ်သူမှ မခံစားချင်တဲ့ အရာတွေထဲမှာ အလွမ်းတွေ လှိုင်းထန်နေလေရဲ့ တိုးရှိုးပျောက်ကွယ်လို့  တီးတိုးရွတ်ဆိုနေတဲ့  နာမည်ဟာ မင်းပေါ့…။ အမှတ်မထင်ထားခဲ့တဲ့ မင်းရဲ့ ပုံရိပ်လွှာတွေဟာ နံရံတဖတ်စွန်းမှာ ငါအတွက် ခံစားဖို့ ဒဏ်ရာတွေလား မိန်းကလေးရယ်..။ ၀ိုင်တခွက်လို့  စူးရှတဲ့ ချိုမြိန်မှု ချစ်ခြင်းတွေနဲ့  ပြက္ခဒိန်ထဲက ရက်စွဲတွေ တရက်ပြီးတရက် ကုန်လွန်ခဲ့ ပြီနော်..။မပြီးဆုံးတဲ့  တို့  နှစ်ယောက်ရဲ့  အချစ် ဆိုတဲ့ အရာကိုဘယ်အရာကများ စည်းခြားထားလိုက်တာလည်း..။နဂိုကမှ ဝေးကွာနေတာ ပိုဝေးစေခဲ့ပြီလား ကံတရားကို အပြစ်ဖွဲ့ လို့   အလွမ်းတွေဟာ ခရီးဆက်လို့  ကောင်းတုန်းပေါ့…။ မရပ်နားလိုက်ပါနဲ့  မဖြတ်တောက်လိုက်ပါနဲ့  ဝေးကွာမှုကြားက ဒို့ နှစ်ယောက် သံယောဇဉ်တွေ ..။

In: ကဗျာ Posted By: Date: Dec 8, 2010
Comment #1

မရပ်နားလိုက်ပါနဲ့  မဖြတ်တောက်လိုက်ပါနဲ့  ဝေးကွာမှုကြားက ဒို့ နှစ်ယောက် သံယောဇဉ်တွေ ..။

commentinfo By: moehtetaung18 at Dec 8, 2010
Comment #2

super like.

commentinfo By: ei lay at Jun 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment