Professional Authors

စောင့်နေသူ (သက်ထွေး)

ကျွန်တော်ကမှတ်တိုင် …
ပုံမှန်
လူတင်လူချကားတစ်စီးထက် …
ဖြတ်သွားဖြတ်လာ
သတိရမှုမျိုးနဲ့သာ ရောက်လာတတ်တဲ့
ခဏတာ
သူမ ခြေဖ၀ါးလေးကို မျှော်သူ … ။

ရက်စွဲတွေနဲ့
နေသားကျလာမှုကို ဟန်ဆောင်မှုလို့
ကျွန်တော်က မြင်တယ် …
အနာဖေးတက်မခံတဲ့ လွမ်းဆွေးမှုနဲ့
မနက်ဖြန်ရောက်လည်း …
ဒီနေ့အကြောင်းပဲ တွေးနေမိဦးမှာပဲ။

လှိုင်းငယ်နဲ့
ပင်လယ်ပါ …
ကိုယ့်အသံကိုယ်ပြန်ကြားချင်တာထက်
ကမ်းခြေဘက် ပြေးကပ်ချင်နေတာကများတယ်။

ယုံပါ …
တုန်ခါစေလိုတဲ့
စိတ်နဲ့တော့
ဒီဖုန်းလေးကို အော်မြည်စေခဲ့တာမဟုတ်ဘူး … ။

ကိုင်ပါ …
လိုအပ်ချက်တစ်ခုအတွက် မဟုတ်လည်း
ကိုင်ပါ …
ဆက်နွယ်မှုတစ်ခု မဖြစ်စေလိုလည်း
ကိုင်ပါ …
စိတ်ဆန္ဒတစ်ခု မဖော်ပြလိုဘူးဆိုလည်း
ကိုင်ပါ …
တစ်ုခုခု ပြောတာ မပြောတာထက်
သူမဘက်က လက်ခံသေးတယ်ဆိုတဲ့အသိ
ကျွန်တော့်ရင်ထဲ ရှိစေချင်သေးတယ်။

ဒီမှာ
ကျွန်တော် စောင့်နေတယ်
သူမ သိစေလိုတဲ့ စိတ်တစ်ခုထဲနဲ့ ။ ။

သက်ထွေး
ဒီဇင်ဘာ ၂ ရက် ၂၀၁၀ ညနေ ၅း၁၉

In: ကဗျာ Posted By: Date: Dec 7, 2010
Comment #1

ဒီမှာ….
စောင့်နေတယ်…

commentinfo By: Ema Yar at Dec 7, 2010
Comment #2

ဒီမှာ
ကျွန်တော် စောင့်နေတယ်
သူမ သိစေလိုတဲ့ စိတ်တစ်ခုထဲနဲ့

commentinfo By: နှောင်းလူ at Dec 7, 2010
Comment #3

ဖြတ်သွားဖြတ်လာ
သတိရမှုမျိုးနဲ့သာ ရောက်လာတတ်တဲ့
ခဏတာ
သူမ ခြေဖ၀ါးလေးကို မျှော်သူ … ။

Comment #4

ကျွန်တော်ကမှတ်တိုင် …
ပုံမှန်
လူတင်လူချကားတစ်စီးထက် …
ဖြတ်သွားဖြတ်လာ
သတိရမှုမျိုးနဲ့သာ ရောက်လာတတ်တဲ့
ခဏတာ
သူမ ခြေဖ၀ါးလေးကို မျှော်သူ … ။

commentinfo By: moehtetaung18 at Dec 7, 2010
Comment #5

တော်တော်ကောင်းတယ်ဗျ

commentinfo By: မုဆိုး at Dec 7, 2010
Comment #6

ယုံပါ …
တုန်ခါစေလိုတဲ့
စိတ်နဲ့တော့
ဒီဖုန်းလေးကို အော်မြည်စေခဲ့တာမဟုတ်ဘူး … ။

commentinfo By: လဲ့ဝါ at Dec 8, 2010
Comment #7

ဒီမှာ
ကျွန်တော် စောင့်နေတယ်
သူမ သိစေလိုတဲ့ စိတ်တစ်ခုထဲနဲ့ ။ ။

Comment #8

စောင့်နေသူ .. သူမ သိစေလိုတဲ့ စိတ်တစ်ခုထဲနဲ့ ……

ကဗျာခေါင်းစဉ်လေး ကနေပြီးတော့ အဆုံးသတ်ထိ စကားလုံးတိုင်းက ကောင်းနေတာာာာ လို့ပြောတာာာာာာာာာ..

cellent cellent excellent ever****************77777777777777777
(:

commentinfo By: ဖြိုးဖြိုး at Dec 19, 2010
Comment #9

အားပေးသွားတယ်ဗျို့ … ကဗျာလေး ကောင်းတယ် …

commentinfo By: lianno at Dec 21, 2010
Comment #10

ကောင်းပါ့ဗျာ။ ဘယ်လိုပြောရမလဲ။ အင်း ကိုင်ပါလို့ပဲပြောလိုက်တော့မယ်။

commentinfo By: theflow at Jan 19, 2011
Comment #11

ကောင်းလိုက်တာ

commentinfo By: sawmyawadi at Feb 18, 2011
Comment #12

လှိုင်းငယ်နဲ့
ပင်လယ်ပါ …
ကိုယ့်အသံကိုယ်ပြန်ကြားချင်တာထက်
ကမ်းခြေဘက် ပြေးကပ်ချင်နေတာကများတယ်။

commentinfo By: MyoZin at Jan 15, 2012
Comment #13

wow,,,,,,,,
so much nice

commentinfo By: ei lay at Jan 15, 2012
Comment #14

ကိုင်ပါ …
လိုအပ်ချက်တစ်ခုအတွက် မဟုတ်လည်း
ကိုင်ပါ …
ဆက်နွယ်မှုတစ်ခု မဖြစ်စေလိုလည်း
ကိုင်ပါ …
စိတ်ဆန္ဒတစ်ခု မဖော်ပြလိုဘူးဆိုလည်း
ကိုင်ပါ …
တစ်ုခုခု ပြောတာ မပြောတာထက်
သူမဘက်က လက်ခံသေးတယ်ဆိုတဲ့အသိ
ကျွန်တော့်ရင်ထဲ ရှိစေချင်သေးတယ်။

ဒီမှာ
ကျွန်တော် စောင့်နေတယ်
သူမ သိစေလိုတဲ့ စိတ်တစ်ခုထဲနဲ့ ။ ။

commentinfo By: zawthetoo at Jan 31, 2012
Comment #15

hin.,,,.dar lay myar,,,
ei lay a kyan pay me,,
ph ma kine hman ti yin msg poh like pop loh,,
msg poh loh ma ya yin sar tike ka nay poh,,
lwe lwe lay,,
1 ke lo chin yin 1 ke loak naing de nee tway a myar g,,
1 ke ma lo chin loh nee lan ma tway tar pop,,

commentinfo By: ei lay at Feb 1, 2012
Comment #16

ကျွန်တော် ကတော့  စောင့် နေတာ မလာရင်..
အိမ် လိုက်သွားမှာ….အိမ် လိုကသွားလို့ မတွေ့ ရင်…
သူ့ အမေ ကို မေးမယ်..
မေးလို့ မရရင်… လူပျောက်တိုင်မယ်..
ကဗျာက ကောင်းလို့ ပါ ..ကို သက်ထွေး ရာ..

commentinfo By: newun at Feb 1, 2012
Comment #17

he,,he,,lol,,
newun is right,,
if need,,call ambulance.kwi,,kwi,,

commentinfo By: ei lay at Feb 1, 2012
Comment #18

မိုက်တယ် Bro!!

commentinfo By: Thiri Bo at Oct 20, 2014
Comment #19

ကိုယ့်ကိုကိုယ်ပြန်မြှားတာတွေလိုက်မြှားရင်းဖတ်ခဲ့ပြီးပြီ။ ထပ်ဖတ်တော့လဲ ထပ်ကောင်းတုန်းပါပဲဗျာ။

commentinfo By: saiaipee shanland at Oct 27, 2014
Comment #20

ခံစားရတယ်…….

commentinfo By: Khine Pwint Wai at Oct 28, 2014
Comment #21

ကိုင်ပါ …
တစ်ုခုခု ပြောတာ မပြောတာထက်
သူမ(သူ) ဘက်က လက်ခံသေးတယ်ဆိုတဲ့အသိ
ကျွန်တော့်(မ) ရင်ထဲ ရှိစေချင်သေးတယ်။ ဟီး အဲ့လိုပြောင်းပလိုက်မယ် 😛

commentinfo By: raingirl at Nov 5, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment