Professional Authors

အချစ်ကောင်

ဟေ့ကောင် မင်းနာမည် က
အချစ်လေကွာ….
ဟာ လူတွေပြောပြောနေတဲ့
အချစ်ဆိုတာမင်းလား
ဟုတ်ပါ့ဗျာ
ုဟုတ်ပါ့
အဲ ဒါဆို တွေ့ရတာဝမ်းသာပါတယ်ဗျာ
အဟ့ ငါ့ကောင်သိပ် ၀မ်းသာမနေနဲ့ကွ
ဒီလိုပဲ ကွ
ငါ့ကို တွေ့တာနဲ့
အဲ့သလိုပဲ
ဝမ်းသာကြတဲ့ကောင်လေးတွေ
အများကြီးပဲကွ
တကယ် တမ်းက
သူတို့ကငါ့ကို တွေ့ရလို့ဝမ်းသာတာ
တကယ်တမ်းကျတော့လည်း
သူတို့တွေ ဟာငါ့ကို ပဲ နှစ်သက်ကြတာပါ
ငါ့သူငယ်ချင်းတွေ ဖြစ်တဲ့
ဥပေက္ခာတို့၊ အရွဲ့တိုက်တာတို့
စိမ်းကားတာတို့၊ ကြောတာတို့
မာနကြီးတာတို့၊မာယာတို့
အလွမ်းတို့၊ အဆွေးတို့
ခွဲခွာခြင်းနဲ့ အထူးသဖြင့်
ငါ့ ရဲ့ သူငယ်ချင်းလဲ ဖြစ်တဲ့
အမွှာပူးညီအကို တွေ ဖြစ်တဲ့ အမုန်းတို့ ကို ကျတော့
သူတို့ ပြုံးရွှင်စွာလက်မခံနိုင်ကြတော့ဘူးကွာ
တကယ်တမ်းတော့
ငါက ပထမဦးဆုံးပဲ ဟန်ပြလာတာကွ
ကြာလာရင်တော့ ငါမလာတော့ဘူးကွ
သူတို့ဘဲ လာလိမ့်မယ်
ကဲကဲ ငါပြန်မယ်
မင်းနှလုံးသားတံခါးကို ပြန်ပိတ်အုံးနော်
ဘိုင့်ဘိုင့်……….။

In: ကဗျာ Posted By: Date: Dec 5, 2010
Comment #1

အချစ်ကောင် ဆိုပြီး အချောင်ကစ် မသွားနဲ.

commentinfo By: phyokyawsoe3517 at Dec 5, 2010
Comment #2

မသိရင် ငါ့ ပဲ ဘောလုံးသမားကျ နေတာပဲ
လုပ်ကြပေါ့ဗျာ ခင်ဗျားတို့ခေတ်ပဲ

Comment #3

he,,he,,
i like so much both ur poem n comments.

commentinfo By: ei lay at Aug 9, 2011
Comment #4

really nice

commentinfo By: arsduo hzz at Jul 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment