Professional Authors

ငုဝါတမ်းချင်း (၃)

ငုဝါရေ
ငါ့လက်နဲ့ ခြယ်သခွင့်ရမယ်ဆိုရင်
မင်း ပါးမို့မို့ထက်က သနပ်ခါး
မြကျောက်ဖျာမှာ သွေးပေးထားချင်တယ်
နှစ် လ ရက်
ပြက္ခဒိန်မှာ တခက်ပြီး တခက် ကြွေသွား
ငါ့မှာတော့
မင်းကို ချစ်တယ်လို့ ပြောဖို့
အချိန်အတော်ကြာ ခက်နေတုန်း

ငါဟာ ဖျားနာနေခဲ့ပြီ
နှလုံးသားထဲက ထုတ်လိုက်တဲ့
ပြဒါးတိုင်လေး သေသွားတာကိုကြည့်ပြီး
သေချာသထက် သေချာသွားတယ်
ငါ မင်းကို သိပ်ချစ်တယ် ငုဝါ

တရွက်
နှစ်ရွက်
သုံးရွက်
ငါ့ ဒိုင်ယာရီလေး ရေငတ်နေပြီ

လင်းကြက်တွန်သံ ကြားတယ်
နေရောင်ခြည်က
ကော်ဖီသောက်ဆင်းလို့
ငါ့ မနက်ခင်းကတော့ မိုးမလင်းသေးဘူး

မမြင်နိုင်မှန်းသိသိနဲ့
မင်းနာမည်ကို
ပင်လယ်ကြီး အိုသွားတဲ့အထိ
သောင်ပြင်ပေါ်မှာ ဖိရေးခဲ့ဖူးတယ်

လရောင်ပျောက်တဲ့ ည
သတ္တမမြောက် ဧ၀ ကို လိုက်ရှာ
ငုဝါရေ
ဧဒင် ၀င်္ကပါမှာ
ငါ ရွာလည်ခဲ့ပေါ့

ငုဝါတမ်းချင်း သုံး
စကားလုံးတွေ ….
ခါးကုန်းသွားတယ်

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jun 14, 2009  
Comment #1

မင်း ပါးမို့မို့ထက်က သနပ်ခါး
မြကျောက်ဖျာမှာ သွေးပေးထားချင်တယ်

ဒီအပိုဒ်လေးတော်တော်ခိုက်တယ်ဗျာ။ မိုက်တယ်ကိုချီရွန်ကြီး

commentinfo By: thettwe at Jun 15, 2009
Comment #2

စာသားတွေက အရမ်း လန်းနေတယ်… တွေးတတ်လိုက်တာ။ အဆင်ပြေပါစေဗျို့ 🙂

commentinfo By: Eain Mat Gabyar at Jun 18, 2009
Comment #3

လာဖတ်ပြီး ခံစားသွားတယ်… ငုဝါ blog မှာတင်လို့ရမလား ဟင်… ငုဝါ တမ်းချင်း
တွေ့ရတာ ၀မ်းသာပါတယ် ရှင်…

commentinfo By: ငုဝါ at Sep 26, 2009
Comment #4

အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ ဘလော့မှာ မတင်ဖို့တော့ မေတ္တာ ရပ်ခံပါတယ်။ ကျွန်တော့် ဘလော့မှာတောင် ကျွန်တော် မတင်ဖြစ်လို့ပါ။ သဘောကျလို့ ယူသုံးချင်တယ်ဆိုရင် ယူသုံးနိုင်ပါတယ်။ ဒါပေမဲ့ ကဗျာကို လေးစားသောအားဖြင့် ကဗျာရေးသူရဲ့ နာမည်လေးတော့ တပ်ပေးစေချင်ပါတယ်။

commentinfo By: chiron at Oct 4, 2009
Comment #5

အတော်လှလှပပ ခြယ်မှုန်းထားမှုလေးပါလား … ငုဝါတမ်းချင်းတွေထဲမှာ အကြိုက်ဆုံးပဲ

commentinfo By: harry at Oct 15, 2009
Comment #6

ကဗျာလေးကို က ကောင်းတယ်တဲ့.. အားလုံး ကပြောကြတယ်…ငုဝါ သူငယ်ချင်း တွေကလည်းပြောကြတယ်… ထပ်တင်ပါအုံးကဗျာတွေ…

commentinfo By: ငုဝါ at Oct 22, 2009
Comment #7

ငါ့ ဒိုင်ယာရီလေး ရေငတ်နေပြီ…..

commentinfo By: sharon myorr myor at Dec 5, 2011
Comment #8

ကြိုက်တယ်ဗျာ……တိုက်ဆိုင်တယ်ဗျာ
ငုဝါတမ်းချင်းဗျာ….စကားမစပ်….
…………….ငုဝါ ကိုလွမ်းတယ်ဗျာ…

commentinfo By: kyawnewun at Dec 9, 2011
Comment #9

ကျွန်တော် တော်တော် နှစ်သက်မိပါ၏

commentinfo By: athaekwelmoe at Sep 8, 2012
Comment #10

idear လေးကိုအ၇မ်းကြိုက်တယ်…ဗျာ

commentinfo By: fiveone.koko at Sep 8, 2012
Comment #11

အရမ်းကိုကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ ပဲ

commentinfo By: MYM at Sep 8, 2012
Comment #12

Oh,,, god
Perfect.
🙂
🙂
🙂

commentinfo By: ei lay at Sep 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment