Professional Authors

တခါတုန်းကဒီဇင်ဘာ

အလွမ်းတွေ
ထမ်းပိုးမထားချင်ပါဘူး ချစ်သူရယ်…..
ဒါပေမဲ့လဲ
ပြီးခဲ့သော ဒီဇင်ဘာက အမှတ်တရတွေနဲ့
ဘဝက ခြောက်ခြောက်သွေ့သွေ့ပါပဲ ။

အမှတ်တရတွေ
တမ်းတမနေချင်ပါဘူး ချစ်သူရယ်…..
ဒါပေမဲ့လဲ
တခါတုံးက ဒီဇင်ဘာပုံရိပ်တွေနဲ့
စိတ်အစဉ်က အတိတ်ထဲမှာပါပဲ ။။

အဖြစ်အပျက်ဟောင်းတွေ
ပြန်ပြောင်းမတွေးချင်ပါဘူး ချစ်သူရယ်……
ဒါပေမဲ့လဲ
လွန်ခဲ့တဲ့ ဒီဇင်ဘာအငွေ့အသက်တွေနဲ့
မေ့မရခြင်းတွေ နှစ်ပတ်လည်ဆဲပါပဲ ။။။

In: ကဗျာ Posted By: Date: Dec 4, 2010
Comment #1

အဖြစ်အပျက်ဟောင်းတွေ
ပြန်ပြောင်းမတွေးချင်ပါဘူး ချစ်သူရယ်……
ဒါပေမဲ့လဲ
လွန်ခဲ့တဲ့ ဒီဇင်ဘာအငွေ့အသက်တွေနဲ့
မေ့မရခြင်းတွေ နှစ်ပတ်လည်ဆဲပါပဲ ။။။

ထိလွန်းတယ်ဗျာ….အစ်ကိုမိုးဇက်……
အားပေးနေပါတယ်……..

commentinfo By: moehtetaung18 at Dec 4, 2010
Comment #2

🙂
လွန်ခဲ့တဲ့ ဒီဇင်ဘာအငွေ့အသက်တွေနဲ့
မေ့မရခြင်းတွေ နှစ်ပတ်လည်ဆဲပါပဲ ။။။ မိုးထက်ရာ

commentinfo By: moezat at Dec 4, 2010
Comment #3

အစ်ကိုမိုးဇက်ရေ…..ပိုကောင်းတဲ့ကဗျာလေးတွေ ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ…

commentinfo By: moehtetaung18 at Dec 4, 2010
Comment #4

very nice my bro
i’m also waiting your poems
😛
😛
😛
try to write any more

commentinfo By: လမင်း at Dec 4, 2010
Comment #5

ထမ်းပိုးမထားချင်ပါဘူး
တမ်းတမနေချင်ပါဘူး
လွန်ခဲ့တဲ့ ဒီဇင်ဘာအငွေ့အသက်တွေနဲ့
မေ့မရခြင်းတွေ နှစ်ပတ်လည်ဆဲပါပဲ .. .. ချစ်သူရယ်။

ကောင်းတယ်ဗျို့ . . အားပေးနေတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment