Professional Authors

ရင်ခုန်သံများနဲ့ ဒီဇင်ဘာ

တို့နှစ်ယောက်ရဲ့ မွေးလဖြစ်ခဲ့လို့
 ငါ ..နင့်ကို သိပ်ချစ်တယ် ဒီဇင်ဘာ …..

သိပ်ချစ်ခဲ့ဖူးသူတစ်ယောက်ကို
လက်လွှတ်ဆုံးရှုံးခဲ့ရလို့
ငါ ..နင့်ကို အမြဲသတိရတယ် ဒီဇင်ဘာ …..

မြဲမြံမယ်ထင်တဲ့ လက်ကလေးတစ်စုံကို
အမှတ်မထင် ဖြုတ်ချခံခဲ့ရလို့
 ငါ ..နင့်ကို ဘယ်လိုမှ မေ့လို့မရဘူး ဒီဇင်ဘာ ……

နူးညံ့ချိုသာခဲ့တဲ့ စကားလုံးတွေ
ရုတ်တရက် အရောင်ပြောင်းသွားလို့
ငါ ..နင့်ကို အမှတ်ရနေတုံးပဲ ဒီဇင်ဘာ …..

နင့်ကို ရူးသွပ်တမ်းတဆဲ ငါက
မှတ်မှတ်ရရ .. ဒီကဗျာကို ရေးခဲ့ဖူးတယ် ..ဒီဇင်ဘာ

တို့မွေးနေ့တွေကျင်းပါခဲ့ပြီးမှ
ငါ့ဘ၀ထဲကမင်းပျောက်သွားတာ
ဘာမှ… မထူးဆန်းပါဘူးကောင်မလေးရယ်
ကိုဟာ….
ဘယ်သူ့အတွက်မှ
တမ်းတချင်စရာကောင်းတဲ့သူလဲ မဟုတ်ခဲ့ဘူး ။

ဒီဇင်ဘာ ၁၄
မင်းမွေးနေ့ ရောက်တိုင်း
Birthday card တွေပို့ပေးနေတာကလည်း
မင်းကိုတမ်းတဆဲ
သတိရနေဆဲဆိုတာ
(ငါ့ရင်ခွင်ဆီပြန်မလာဘူးဆိုရင်လဲ)
မင်းသိနေပေးပါ။

In: ကဗျာ Posted By: Date: Dec 3, 2010
Comment #1

မြဲမြံမယ်ထင်တဲ့ လက်ကလေးတစ်စုံကို
အမှတ်မထင် ဖြုတ်ချခံခဲ့ရလို့
ငါ ..နင့်ကို ဘယ်လိုမှ မေ့လို့မရဘူး ဒီဇင်ဘာ ……

ကျွန်တော်လည်းလွမ်းလာတယ်ဗျာ….အစ်ကိုမိုးဇက်ရေ……

commentinfo By: moehtetaung18 at Dec 3, 2010
Comment #2

တိုက်ဆိုင်မှုများစွာနဲ့ လာဖတ်ရင်း
အားပေးသွားပါတယ် ကိုမိုးစက်ရေ။

commentinfo By: gadounlay at Jan 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment