Professional Authors

ပြောင်းပြန်အချိုး

“ ပြောင်းပြန်အချိုး ”

ကောင်မလေးရေ
ရင်ထဲက အမှိုက်တွေကို
လှည်းကျင်း ပေးပါ
မင်းမျက်ဝန်းရဲ့ ဖွလုံးတွေ ယုံလို့
အလွမ်းတွေ တောင်လို ပုံခဲ့တာ။

အရူးရင်ဘတ်လိုပဲ
မင်းထင်တိုင်း ကြဲခဲ့တဲ့ လက်ချက်နဲ့
အက်ရာတွေ
ဘယ်တော့မှ မပျက်မဲ့ပုံမျိုး
နက်တယ်။

မင်္ဂလာပါ ကောင်မလေးရေ
ကျင့်သားရနေတဲ့ အသည်းကွဲကောင်ပါ
လင်းနို့တကောင်ရဲ့ မျှော်လင့်ချက်နဲ့
ဘယ်လောက်ထိ ရှင်သန်နိုင်မလဲ တွေးခဲ့
ထင်ထားတဲ့အတိုင်း ဇောက်ထိုးကြီးပါပဲကွယ်။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Dec 2, 2010
Comment #1

လင်းနို့တကောင်ရဲ့ မျှော်လင့်ချက်နဲ့
ဘယ်လောက်ထိ ရှင်သန်နိုင်မလဲ တွေးခဲ့
ထင်ထားတဲ့အတိုင်း ဇောက်ထိုးကြီးပါပဲကွယ်။

commentinfo By: Han at Dec 3, 2010
Comment #2

အော… ချီရွန်တို့ တစ်ကျော့ပြန်လာပြီကိုး……. ပျောက်ချက်သားကောင်းနေတယ်

commentinfo By: moezat at Dec 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment